Clonezilla

CloneZilla ဆိုသည်မှာ Debian ပေါ်တွင် အခြေခံသည့် အခမဲ့ open source disk cloning application တစ်ခု ဖြစ်သည်။ အခြားသော disk cloning application များကဲ့သို့ပင် Clonezilla သည် hard drive တစ်ခုမှ content များကို ကူးယူကာ အခြားကွန်ပျူတာ hard drive သို့မဟုတ် DVD နှင့် USB drie ကဲ့သို့သော ဖယ်ရှားနိုင်သည့် သိုလှောင်မှုကြားခံ ထုတ်ကုန်များထံ ရွှေ့ပြောင်းနိုင်သည်။ Clonezilla ကို Windows, Macintosh နှင့် Linux operating system တို့ဖြင့် အသုံးပြုနိုင်သည်။

Clonezilla တွင် single-machine နှင့် multiple-machine cloning ဟူ၍ ဗားရှင်းနှစ်မျိုးရှိသည်။ Clonezilla Live သည် installation လုပ်ရန်မလိုဘဲ ကွန်ပျူတာတစ်လုံးကို clone လုပ်နိုင်သည်။ ၎င်းသည် CD, DVD သို့မဟုတ် USB drive ကဲ့သို့သော physical media ပေါ်ရှိ LiveDistro တစ်ခုမှ လုပ်ဆောင်နိုင်သည်။ Clonezilla SE (Server Edition) သည် disk အများအပြားကို တစ်ပြိုင်နက် clone လုပ်ရန် multicasting ကို အသုံးပြုသည်။ Clonezilla ဝက်ဘ်ဆိုက်တွင်မူ အဆိုပါ software 5.6 Gigabyte disk image ကို သည် ၁၀ မိနစ်အတွင်း ကွန်ပျူတာ ၄၀ ကျော်ထံ multicast လုပ်နိုင်ကြောင်း ဖော်ပြထားသည်။

Clonezilla ကို စတီဗင်ရှောင်က ဦးစွာဖန်တီးခဲ့ပြီး NCHC Free Software Labs က တိုးတက်ဖွံ့ဖြိုးလာရန် လုပ်ဆောင်ခဲ့သည်။