4K gaming laptop တစ်မျိုးကို Acer မိတ်ဆက်

aspire-v15-nitro-black-edition-vn7-591left-facingbe.jpg

Acer သည် 4K gaming laptop သစ်တစ်မျိုးကို မိတ်ဆက်ပြီး 4K resolution display ပါဝင်သည့် laptop ဈေးကွက် အတွင်းသို့ ဝင်ရောက်လာခဲ့သည်။

Aspire V Black Edition ၏ Ultra HD version တွင် ၁၅.၆ လက်မ screen ပါဝင်ပြီး ၎င်းသည် 3,840×2,160 pixel resolution ဖြင့်ဖော်ပြ ပေးနိုင်သည်။ စွမ်းဆောင်ရည်မြင့်သည့် CPU ကိုအသုံးပြုထားပြီး ကွန်ပျူတာ ဂိမ်းကစားခြင်းအတွက် သီးခြားဂရပ်ဖစ် ကတ်တစ်ခုကို ထောက်ပံ့ပေးထားသည်။

Lenovo သည် Aspire V နှင့် ဆင်တူသည့် Y50 laptop တစ်မျိုးကို ရောင်းချလျက်ရှိပြီး ၎င်းကို 1080p နှင့် 4K version ဟူ၍ အမျိုးအစား နှစ်မျိုးဖြင့် ရရှိနိုင်သည်။ အဆိုပါ laptop နှစ်မျိုးစလုံးတွင် ကွန်ပျူတာ ဂိမ်းဝါသနာရှင် များအတွက် Intel Core i7 ပရိုဆက်ဆာများနှင့် Nvidia GeForce 860M ဂရပ်ဖစ်ကတ်ကို အသုံးပြုထားသည်။ Toshiba မှ ရောင်းချလျက်ရှိသည့် ၁၅ လက်မ 4K laptop ဖြစ်သော Satellite P50t ကို ဗီဒီယိုနှင့် ဓာတ်ပုံ တည်းဖြတ်ခြင်းအတွက် ရည်ရွယ်ထုတ်လုပ်ထားပြီး ၎င်းတွင် AMD Radeon R9 GPU ကို အသုံးပြု ထားသည်။

Acer V Black Edition တွင် 16GB RAM နှင့် 256GB SSD/ 1TB HDD တို့ပါဝင်ပြီး Amazon, Microsoft Store နှင့် အခြားအွန်လိုင်း လက်လီ အရောင်းဆိုင်များမှ တစ်ဆင့် အမေရိကန်ဒေါ်လာ ၁,၄၉၉ ဖြင့် နိုဝင်ဘာလလယ်တွင် ရောင်းချပေးမည် ဖြစ်သည်။

-နောင်နောင်
Ref : CNET