လက်တွေ့ ပညာရေး အနေဖြင့် ဘုန်းတော်ကြီး ကျောင်းများ၌ မိုဘိုင်းဖုန်း ပြုပြင်ရေး သင်တန်းများ ဖá

maxresdefault.jpg

YGA Capital Limited သည် လက်တွေ့ ပညာရေးကို အကောင်အထည် ဖော်ဆောင်သည့် အနေဖြင့် ဘုန်းတော်ကြီး ကျောင်းများ၌ မိုဘိုင်းဖုန်း ပြုပြင်ရေး သင်တန်းများ ဖွင့်လှစ်သွားရန် စီစဉ်နေကြောင်း အထက်ပါ Limited မှ မန်နေဂျင်း ဒါရိုက်တာဖြစ်သူ ဦးသူရကိုကိုက ပြောသည်။

“မန္တလေး၊ စစ်ကိုင်းဘက်က ဘုန်းတော်ကြီး ကျောင်းတွေမှာ စပြီးတော့ ဖွင့်လှစ်ဖို့ စဉ်စားထားတာပါ။ နောက်ထပ် ၆ လလောက် အတွင်းမှာတော့ အကောင်အထည် ဖော်ဆောင်နိုင်ပါမယ်။ ခက်နေတာက ပညာသင်ပြီးသွားရင် ဆက်ပြီးတော့ ပြန်လည်ပညာ သင်ကြားပေးမယ့် ဆရာက ရှားနေတာပါ။ ဦးဆောင်မယ့် လူလေးငါးယောက် လောက်ကိုတော့ ရွေးနေပါတယ်”ဟု ဦးသူရကိုကိုက ပြောသည်။

အစီအစဉ် စတင်ရန်အတွက် အင်ဒိုနီးရှားနိုင်ငံမှ YCAB Foundation နှင့် ပူးပေါင်းထားကြောင်း၊ အဆိုပါ Foundation သည် Samsung နှင့်ပူးပေါင်း၍  မိုဘိုင်းဖုန်း ပြုပြင်ရေးသင်တန်းများ ဖွင့်လှစ်ရာတွင် အတွေ့အကြုံများစွာ ရှိခဲ့ကြောင်း သိရသည်။ “လည်ပတ်နိုင်ဖို့ အတွက်လည်း စဉ်းစားရတယ်။ သင်တန်းက အခမဲ့ဆိုရင်လည်း တန်ဖိုးမထားမှာ စိုးရိမ်ရတယ်”ဟု သင်တန်း လည်ပတ်နိုင်ရေးနှင့် ပတ်သက်၍ ဦးသူရကိုကိုက ဆိုသည်။

သင်တန်း လည်ပတ်ရန် အတွက် လူအများစု ပေးဆောင်နိုင်သည့် သင်တန်းကြေး ကောက်ခံရန် စဉ်းစားထားသော်လည်း အချို့ကို အခမဲ့တက်ရောက်ခွင့် ပြုနိုင်ရန် စဉ်စားထားကြောင်း၊ သင်တန်းအနေဖြင့် ပုံမှန် ဝင်ငွေကို Service Center မှလည်း ပြန်လည်ရှာဖွေ သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ လက်တွေ့ ပညာရေးအနေဖြင့် လုပ်ငန်းခွင် သင်တန်းများ ပို့ချပေးခြင်းသည် နိုင်ငံတကာ၌ ခေတ်စားလျက် ရှိကြောင်း၊ အချိန်ကြာမြင့်သော အတန်းပညာရေးကို လေ့လာလိုက်စား နိုင်ခြင်းမရှိသူများသည် လက်တွေ့ပညာရေး အနေဖြင့် လုပ်ငန်းခွင် သင်တန်းများ တက်ရောက်ရန် အထူးသင့်လျော်ကြောင်း သိရသည်။

-မြင့်ကျော်လှိုင်