Viber မှ COVID-19 ကပ်ရောဂါ ဖြစ်ပွားမှုတွေကြောင့် ပြည်သူများအချင်းချင်းဆက်သွယ်ပြောမှုပုံစံ ပြောင်းလဲလာပုံပေါ် အခြေခံကာ အက်ပလီကေးရှင်းအတွင်း ပြုပြင်ပြောင်းလဲမှုများစွာ ပြုလုပ်နိုင်ခဲ့သလို ၂၀၂၀ အတွင်း အာရှပစိဖိတ်ဒေသများမှာလည်း အက်ပလီကေးရှင်းသုံးစွဲမှု တိုးမြင့်လာတယ်ဆိုတဲ့အကြောင်း၊ အွန်လိုင်းပေါ်မှ တစ်ဆင့် စာအုပ်၊ eBook နဲ့ AudioBook များ တစ်နေရာတည်းမှ အစုံရစေမယ့် 7Book Zay အွန်လိုင်းစာအုပ်ဆိုင်ကို Information Matrix Co., Ltd. မှ ဇန်နဝါရီ ၂၁ ရက်က အွန်လိုင်းမှတစ်ဆင့် မိတ်ဆက်ခဲ့ပြီး အဆိုပါ မိတ်ဆက်ပွဲနှင့်အတူ Online Book Fair ကို ဖေဖော်ဝါရီ ၂၁ ရက်အထိ ပြုလုပ်သွားမယ်ဆိုတဲ့အကြောင်း၊ Higher Education Forum နဲ့ပတ်သက်ပြီး Virtual Forum ကို ဇန်နဝါရီ ၃၀ ရက်နဲ့ ၃၁ ရက်တွေမှာ Zoom မှတစ်ဆင့် ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး စိတ်ဝင်စားသူမည်သူမဆို http://bit.do/fMNPG ကို ဇန်နဝါရီ ၂၈ ရက် မတိုင်မီ Register ပြုလုပ်ကာ တက်ရောက်နိုင်မယ်ဆိုတဲ့အကြောင်း စတဲ့ ပြည်တွင်း၊ ပြည်ပ နည်းပညာ သတင်းတွေကို အင်တာနက် ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့် အစီအစဉ်ရဲ့ဒီနေ့အတွက် အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။
Read MoreCaviar ကတော့ တရုတ်နှစ်သစ်ကူးအတွက် အထူးပြုလုပ်ထားတဲ့ Samsung Galaxy S21 Ultra ဖုန်းတွေကို ထုတ်လိုက်တယ်။ ဒီနှစ်ဟာ နွားနှစ် ဖြစ်ပြီး Galaxy S21 Ultra အတွက် အထူးဒီဇိုင်းတွေ ထုတ်လုပ်ခဲ့ပါတယ်။
Read Moreတစ်စုံတစ်ယောက်ကတော့ Facebook သုံးစွဲသူတွေရဲ့ ဖုန်းနံပါတ် အပြည့်အစုံ ပါဝင်တဲ့ database တစ်ခုကို ရရှိထားပြီး Telegram bot အသုံးပြုကာ အချက်အလက်တွေ ရောင်းချနေတယ်လို့ Motherboard ကဖော်ပြခဲ့ပါတယ်။
Read Moreရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မှ အွန်လိုင်းစနစ်နဲ့ သင်ကြားမယ့် သင်တန်းတွေကို ဖေဖော်ဝါရီ ၁ ရက် နဲ့ ၂ ရက်တွေမှာ အွန်လိုင်းမှ တစ်ဆင့် လျှောက်ထားရမှာ ဖြစ်ပါတယ်။
Read MoreStarting a Learning Management System – Moodle အကြောင်း အွန်လိုင်းဆွေးနွေးပွဲကို ဇန်နဝါရီ ၂၆ ရက်၊ နေ့လယ် ၁ နာရီခွဲ မှ ၃ နာရီအထိ ပြုလုပ်သွားမယ်လို့ သိရပါတယ်။
Read Moreဂျပန်နိုင်ငံ Ritsumeikan Asia Pacific University (APU) ရဲ့ အွန်လိုင်းပညာရေးဆွေးနွေးပွဲကို ဇန်နဝါရီ ၃၀ ရက်၊ နံနက် ၁၀ နာရီ မှ ၁၂ နာရီ အထိ Zoom နဲ့ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။
Read MoreSpotify ဟာ အသံပိုင်းဆိုင်ရာ ရည်မှန်းချက်တွေကို podcast နဲ့ သီချင်းမှာပဲ ကန့်သတ်မထားပါဘူး။ အခုဆိုရင် Spotify ဟာ app ပေါ်မှာ နားထောင်နိုင်မယ့် audiobook အသစ် ၉ ခု မိတ်ဆက်လိုက်ပါတယ်။
Read MoreApple ဟာ အခုအပတ်အတွင်း iPhone အသစ်ဖြစ်တဲ့ iPhone 12 နဲ့ ၂၀၂၀ ထုတ် iPhone တွေချိတ်ဆက်ထားတဲ့ MagSafe သံလိုက်အားသွင်းစနစ် ထုတ်ကုန်တို့ကို နှလုံးခုန်စက် ဒါမှမဟုတ် ခွဲစိတ်ကုသထည့်သွင်းရတဲ့ နှလုံးခုန်စက် (ICD) အနားမှာထားရင် အန္တရာယ်ရှိကြောင်း သတိပေးထားပါတယ်။
Read MoreRegent Education မှ ကြီးမှူးတဲ့ Virtual Application Fair: Study in Australia ပညာရေးဆွေးနွေးပွဲကို ဇန်နဝါရီ ၃၀ ရက်၊ နေ့လယ် ၁ နာရီမှ ၃ နာရီထိ Zoom နဲ့ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။
Read MoreCopyright © 2021 | Internet Journal