Day: January 22, 2021

7Book Zay အွန်လိုင်းစာအုပ်ဆိုင်မိတ်ဆက်ပွဲနှင့် အတူကျင်းပသည့် Online Book Fair ကို ဖေဖော်ဝါရီ ၂၁ ရက်အထိ ပြုလုပ်မည်

အွန်လိုင်းပေါ်မှတစ်ဆင့် စာအုပ်၊ eBook နဲ့ AudioBook များ တစ်နေရာတည်းမှ အစုံရစေမယ့် 7Book Zay အွန်လိုင်းစာအုပ်ဆိုင်ဖြစ်တဲ့ https://7bookzay.com ကို Information Matrix Co., Ltd. မှ ဇန်နဝါရီ ၂၁ ရက်က အွန်လိုင်းမှတစ်ဆင့် မိတ်ဆက်ခဲ့ပြီး အဆိုပါမိတ်ဆက်ပွဲနှင့် အတူကျင်းပတဲ့ Online Book Fair ကို ဖေဖော်ဝါရီ ၂၁ ရက်အထိ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

Read More

IJcasts (Jan 22,2020)

ပုဂ္ဂလိကကဏ္ဍကိုအားပေးတဲ့ အနေနဲ့ ပုဂ္ဂလိကကျောင်းများ ဖွင့်လှစ်ခြင်းကို ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ် နည်းများနှင့် ပူးပေါင်းဆောင်ရွက်နေတဲ့အကြောင်း၊ ကမ္ဘာတစ်ဝန်းကလူတွေက Facebook နဲ့ Twitter ကိုစွန့်ခွာလာကြပြီး အဲဒီလူတွေကတစ်ကိုယ်ရေအချက်အလက် ဦးစားပေးလူမှုကွန်ရက် MeWe ကို အသုံးပြု လာတယ်ဆိုတဲ့အကြောင်း၊ Facebook ဟာ Automatic Alt Text (AAT) စနစ်ကို အဆင့်မြှင့်တင်လိုက်ပြီးအခု အဆင့်မြှင့်တင်မှုကတော့ အမြင်အာရုံအားနည်းသူတွေအတွက် ဓာတ်ပုံထဲက အသေးစိတ်ဖော်ပြချက်ကို အလို အလျောက်ထုတ်ပေးမှာဖြစ်သလို AI အခြေခံစနစ်ကတော့ Facebook နဲ့ Instagram ပေါ်မှာဝေမျှထားတဲ့ ဓာတ်ပုံထဲကအရာဝတ္ထုများစွာနဲ့ ရှုခင်းဆယ်ဆမှတ်မိနိုင်ပြီး Apple ရဲ့ VoiceOver လိုမျိုး အသေးစိတ်ဖော်ပြ ချက် ရေးထုတ်ပေးနိုင်မယ်ဆိုတဲ့အကြောင်း စတဲ့ ပြည်တွင်း၊ ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက် ဂျာနယ် […]

Read More

Higher Education Forum ကျင်းပမည်

Higher Education Forum: Striving towards Quality Education နဲ့ပတ်သက်ပြီး Virtual Forum ကို ဇန်နဝါရီ ၃၀ ရက်နဲ့ ၃၁ ရက်တွေမှာ Zoom မှတစ်ဆင့် ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။

Read More

Laptop အတွက် 90Hz OLED မျက်နှာပြင်တွေ Samsung Display ထုတ်လုပ်မယ်

Samsung Display ကတော့ laptop အတွက် ကမ္ဘာ့ပထမဆုံး 90Hz မျက်နှာပြင်ကို အမြောက်အမြား ထုတ်လုပ်ဖို့ စီစဉ်နေပါတယ်။ ကမ္ဘာလုံးဆိုင်ရာ IT ကုမ္ပဏီတွေကတော့ ဒီနှစ်အတွင်း panel အသစ်ပါတဲ့ laptop တွေထုတ်လုပ်လာနိုင်ပါတယ်။

Read More

Kaplan Higher Education Academy Singapore ၏ ဒီပလိုမာတန်းအတွက် ၁၀၀ ရာခိုင်နှုန်း ပညာသင်ဆု ပေးအပ်မည်

Kaplan Higher Education Academy Singapore ရဲ့ ဒီပလိုမာတန်းအတွက် ၁၀၀ ရာခိုင်နှုန်း ပညာသင်ဆုကို မြန်မာကျောင်းသား ၃ ဦးအတွက် ပေးအပ်သွားမယ်လို့ သိရပါတယ်။ သြဂုတ် နဲ့ အောက်တိုဘာ ကျောင်းဖွင့်ချိန်တွေမှာ Professional Business English Program (သို့) Diploma Program လျှောက်ထားသူများအနက်မှ ၃ ဦးကို ရွေးချယ်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ မြန်မာပြည် (၁၀) တန်း၊ GCE ‘O’ Level ၊ GED (သို့) IB Diploma ပြီးထားသူတွေ လျှောက်ထားနိုင်ပြီး အင်္ဂလိပ်စာဝင်ခွင့်အနေနဲ့ IELTS (6.0) (သို့) မရှိထားပါက Kaplan English Placement Test ကို အခမဲ့ […]

Read More

T11 Microlab Multimedia Bluetooth Gaming Speaker

Multimedia Bluetooth Gaming Speaker အမျိုးအစား ဖြစ်ပါတယ်။ ပြည့်စုံတဲ့ အသံနည်းပညာတွေကြောင့် အသံလှိုင်းတိုင်း၊ တုန်ခါမှုတိုင်းက ကောင်းမွန်နေမှာဖြစ်ပါတယ်။ အသံလှိုင်းနဲ့အတူ တောက်ပတဲ့ အလင်းရောင်စနစ်တွေ ထောက်ပံ့ပေးထားပါတယ်။ TF card နဲ့ USB playback စနစ်တွေပါဝင်တာကြောင့် သီချင်းတွေကို ချိတ်ဆက် နားဆင်နိုင်မှာဖြစ်ပါတယ်။ Gaming Speaker ဖြစ်တဲ့အတွက် ဂိမ်းကစားသူတွေ အကြိုက်တွေ့စေမယ့် Speaker ဖြစ်ပါတယ်။ ကြိုးမဲ့ ချိတ်ဆက်မှုအတွက် B.T 5.0 ထောက်ပံ့ပေးထားသလို RCA, SD card, USB စတာတွေနဲ့လည်း ချိတ်ဆက်နိုင်ပါတယ်။ ကြိုးမဲ့ရော ကြိုးနဲ့ပါ ချိတ်ဆက် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Output power က 42Watt RMS ထွက်ရှိမှာ ဖြစ်ပြီး Power Distribution […]

Read More

COVID-19 ခြေရာခံဖို့ စမတ်နာရီတွေ အထောက်အကူပေးနိုင်

စမတ်နာရီတွေ ဒါမှမဟုတ် စမတ်လက်ပတ်တွေက သုံးစွဲသူရဲ့ အသက်လက္ခဏာအတွက် အလွန်အရေးပါတဲ့ နှလုံးခုန်နှုန်း၊ အရေပြားအပူချိန်နဲ့ အခြား ဇီဝကမ္မဖြစ်သူတွေကို အဆက်မပြတ် တိုင်းတာပေးပါတယ်။ ဒါကြောင့် လူတစ်ယောက်ဆီမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ကြောင်း စမ်းသပ်မှုပြုလုပ်ပြီး မသိရသေးခင်မှာ စမတ်နာရီက အချက်အလက်တွေနဲ့ တိုင်းတာဖို့ အထောက်အကူပေးနိုင်ပါတယ်။ ဆိုင်းနိုင်းတောင်ဆေးဘက်ဆိုင်ရာစင်တာက သုတေသနက “Warrior Watch” မှာတော့ Apple Watch ဟာ သုံးစွဲသူရဲ့ နှလုံးခုန်နှုန်း အပြောင်းအလဲကနေ ရောဂါလက္ခဏာမပြခင် ၇ ရက်အလိုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရခြင်း ရှိ၊ မရှိ သိနိုင်တယ်လို့ ဖော်ပြခဲ့ပါတယ်။ စစ်တမ်းထဲမှာတော့ နှလုံးခုန်နှုန်းပြောင်းလဲမှု (HRV) တိုင်းတာမှုကို ဆန်းစစ်ထားပါတယ်။ နှလုံးခုန်နှုန်းဟာ လူတစ်ယောက်ရဲ့ ကိုယ်ခံအားစနစ်ကို ပြောင်းလဲနိုင်ပါတယ်။ စစ်တမ်းမှာ ပါဝင်ခဲ့တဲ့သူတွေဟာ အထူး app တွေနဲ့ […]

Read More