Samsung ကုမ္ပဏီရဲ့ ကွယ်လွန်သွားတဲ့ ဥက္ကဋ္ဌရဲ့သားဖြစ်သူ အမွေစားအမွေခံ လီယောင်ဂျေးဟာ ထောင်ဒဏ် ၂ နှစ်ခွဲကျခံရမယ်လို့ တောင်ကိုရီးယား အယူခံတရားရုံးက ကြေညာခဲ့ဆိုတဲ့အကြောင်း၊ Samsung ဟာ Galaxy S21 စီးရီးဖုန်းနဲ့အတူ Galaxy Buds Pro ကြိုးမဲ့နားကြပ်ကိုလည်းမိတ်ဆက်ခဲ့ပြီး အခုဆိုရင် Samsung ဟာ နားမကြားသူတွေအတွက် အကြားအာရုံမြှင့်တင်ပေးမယ့် လုပ်ဆောင်ချက်ကို Galaxy Buds Pro အတွက်ဖြန့်လိုက်ဆိုတဲ့အကြောင်း၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၊ လူ့စွမ်းအားအရင်းအမြစ်ဗဟိုဌာန မှ CHRD ဘာသာစကားအချိန်ပိုင်းသင်တန်းတွေကို အွန်လိုင်းမှတစ်ဆင့် ဖေဖော်ဝါရီလဆန်းပိုင်းမှာ ဖွင့်လှစ်သွားမယ်ဆိုတဲ့အကြောင်း စတဲ့ ပြည်တွင်း၊ ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့် အစီအစဉ်ရဲ့ဒီနေ့အတွက် အပိုင်းသစ်မှာတင်ဆက် ပေးထားပါတယ်။
Read Moreစာပေမူပိုင်ခွင့်ဆိုင်ရာ စုပါင်းစီမံခန့်ခွဲသည့် အဖွဲ့အစည်းဖြစ်မြောက်ရေးကော်မတီက စာပေနှင့် အနုပညာမူပိုင်ခွင့် ဥပဒေအကြောင်း သိကောင်းစရာနှင့် စာပေမူပိုင်ခွင့်နှင့် ဆက်နွှယ်သော အခွင့်အရေးများနှင့်ပတ်သက်၍ အများပြည်သူများ သိရှိစေရန်အတွက် “စာပေအနုပညာ မူပိုင်ခွင့်နှင့် CMO များ အကြောင်း သိကောင်းစရာ အပိုင်း (၄) – Copyright and CMOs: Episode 4 ” ခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးပွဲကို ဇန်နဝါရီ ၂၄ ရက်၊ ည ၇ နာရီမှာ Zoom Video Conferencing စနစ်အသုံးပြုပြီး ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။ တက်ရောက်လိုသူတွေအနေနဲ့ Zoom Registration ကို https://bit.ly/cmowebinar4 မှတစ်ဆင့်ပြုလုပ်နိင်သလို Facebook Event ဖြစ်တဲ့ https://fb.me/e/75HKNH5Mn မှလည်း တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ အခမ်းအနားမှာ […]
Read MoreLG ကုမ္ပဏီရဲ့ ဖုန်းထုတ်လုပ်ရေးဌာနကတော့ အခြေအနေမလှ ဖြစ်နေပုံ ရပါတယ်။ LG Electronics စီအီးအို ကွမ်ဘွန်းဆွတ်က စမတ်ဖုန်းဌာနကို အပြောင်းအလဲ ပြုလုပ်တာအပြင် စမတ်ဖုန်းလုပ်ငန်းထဲက ထွက်ဖို့အထိ စဉ်းစားနေတယ်လို့ ဝန်ထမ်းတွေဆီ ဖြန့်ဝေတဲ့ စာထဲမှာ ရေးသားထားတယ် ဆိုတာကို Korea Herald ကဖော်ပြခဲ့ပါတယ်။
Read MoreVivo ဟာ လွန်ခဲ့တဲ့ရက်အနည်းငယ်က အိန္ဒိယမှာ Y20G မိတ်ဆက်အပြီး Y စီးရီး Y31 ကိုလည်း မိတ်ဆက်လိုက်ပါတယ်။
Read Moreမြန်မာ့အရွေ့လူငယ်အဖွဲ့အစည်းမှ လွန်ခဲ့သော နှစ်ငါးဆယ်ခန့်က ပေါ်ပေါက်ခဲ့တဲ့ စာပေလှုပ်ရှားမှုများကဲ့သို့ ယနေ့ခေတ်လူငယ်တွေရဲ့ ဆန်းသစ်ပြီး စုံလင်ကွဲပြားတဲ့ အတွေးအမြင်တွေ၊ ထက်မြက်တဲ့ ကလောင်စွမ်းနဲ့
ဖန်တီးထားတဲ့ အကြောင်းအရာအခြေခဲ ဆောင်းပါးတွေကို လူအများထံ တင်ပြနိုင်မယ့် ဒီဂျစ်တယ်ပလက်ဖောင်းတစ်ခု ဖန်တီးပေးလိုတဲ့ ရည်ရွယ်ချက်နဲ့ ခေတ်စမ်းဒီဂျစ်တယ်ဂျာနယ်ကို စီစဉ်ထုတ်ဝေခဲ့တယ်လို့
သိရပါတယ်။
vivo Y51 စမတ်ဖုန်းအား ပြည်တွင်းစျေးကွက်သို့ စတင်မိတ်ဆက်လိုက်ပြီ ဖြစ်ပြီး အဆိုပါ စမတ်ဖုန်းအား ၃၄၉,၈၀၀ ကျပ်နဲ့ ဇန်နဝါရီ ၂၃ ရက်မှ စတင်ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။
Read MoreKMD Institute နဲ့ James Cook University Singapore တို့မှ ပူးပေါင်းကျင်းပသွားမယ့် Scholarships Online Counseling Session ကို ဇန်နဝါရီ ၂၃ ရက်၊ ညနေ ၃ နာရီမှ ၄ နာရီခွဲအထိ Zoom မှတစ်ဆင့် ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။
Read More၁၀ တန်းအောင် ကျောင်းသူ၊ကျောင်းသားတွေအတွက် နိုင်ငံတကာပညာရေးဆွေးနွေးပွဲကို ဇန်နဝါရီ ၂၃ ရက်၊ ညနေ ၆ နာရီမှ ၈ နာရီအထိ Zoom မှတစ်ဆင့် ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။
Read MoreCopyright © 2021 | Internet Journal