Day: January 5, 2021

IJcasts (Jan 5,2021)

Facebook Security Team အယောင်ဆောင်ကာ Massage များ ပေးပို့နေတယ်လို့ အထူးသတိပေးချက် တစ်ခုကို mmCERT က ထုတ်ပြန်ခဲ့တဲ့အကြောင်း၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ကမ္ဘာလုံးဆိုင်ရာ ဘွဲ့ကြိုနှီးနှောဖလှယ်ရေးပညာသင်ဆုအစီအစဉ် (Global UGRAD) အတွက် လျှောက်လွှာခေါ်ယူနေပြီး လျှောက်ထားသူတွေအနေနဲ့ https://bit.ly/3prbNYi မှ တစ်ဆင့်တင်ပြပေးရမှာဖြစ်တဲ့အကြောင်း၊ Microsoft ဟာ Windows 10 မှာ Mail နဲ့ Calendar app တွေကို အစားထိုးဖို့ Outlook app အသစ်တစ်ခုကို စမ်းသပ်ခဲ့တဲ့အကြောင်း စတဲ့ ပြည်တွင်း၊ ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာသတင်း အသံလွှင့်အစီအစဉ်ရဲ့ဒီနေ့အတွက် အပိုင်းသစ်မှာတင်ဆက်ပေးထားပါတယ်။

Read More

Facebook Team အယောင်ဆောင်ထားသော Page များနှင့်ပတ်သက်၍ အထူးသတိပေးချက် mmCERT မှထုတ်ပြန်

Facebook Security Team အယောင်ဆောင်ကာ Massage များ ပေးပို့နေတယ်လို့ အထူးသတိပေးချက် တစ်ခုကို mmCERT က ထုတ်ပြန်ခဲ့ပါတယ်။ Message မှာ ပါရှိတဲ့ လင့်ခ်ကို တစ်ဆင့်ချင်း ဝင်ရောက်ပါက Facebook ရဲ့UI နဲ့ ဆင်တူအောင် တုပထားတဲ့ အဆိုပါဆိုက်က ဝင်ရောက်သူရဲ့ Page (သို့မဟုတ်) အကောင့်တွေရဲ့ Password တွေကို ခိုးယူသွားမှာဖြစ်ကြောင်း၊ Facebook Page (သို့မဟုတ်) အကောင့်တွေရဲ့ Password တွေကို ပြောင်းလဲပစ်ခြင်း၊ Page တွေရဲ့ Admin အကောင့်များကို ဖယ်ရှားခြင်းတို့ကြောင့် အဆိုပါ လင့်ခ်ကို လုံးဝ ဝင်ရောက်ကြည့်ရှုခြင်း မပြုပါရန်နှင့် အလားတူ Message မျိုးရရှိပါက ဂရုပြုကြပါရန် အထူးသတိပေးကြောင်း mmCERT ရဲ့ထုတ်ပြန်ချက်မှာ […]

Read More

ကမ္ဘာလုံးဆိုင်ရာ ဘွဲ့ကြိုနှီးနှောဖလှယ်ရေးပညာသင်ဆု အစီအစဉ် အတွက် လျှောက်လွှာခေါ်ယူ

၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ကမ္ဘာလုံးဆိုင်ရာ ဘွဲ့ကြိုနှီးနှောဖလှယ်ရေးပညာသင်ဆု အစီအစဉ် (Global UGRAD) အတွက် လျှောက်လွှာခေါ်ယူနေတယ်လို့ အမေရိကန်သံရုံးမှ သိရပါတယ်။

Read More

အင်တာနက်ဂျာနယ်မှ အသစ်မိတ်ဆက်မည့် IJ Marketplace ပလက်ဖောင်း မိတ်ဆက်ပွဲကို အွန်လိုင်းအခမ်းအနားဖြင့် ကျင်းပမည်

အင်တာနက်ဂျာနယ်မှ အိုင်စီတီ၊ မိုဘိုင်းနှင့် ပညာရေးလုပ်ငန်း၊ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုစတဲ့ လုပ်ငန်းဝန်ဆောင်မှုတွေကို အချိန်နဲ့တပြေးညီ ကိုယ်တိုင်ပြင်ဆင်ဖော်ပြနိုင်မယ့် directory ပုံစံဝက်ဘ်ဆိုက်ပလက်ဖောင်းမိတ်ဆက်ပွဲကို ဇန်နဝါရီ ၉ ရက် နံနက် ၁၀ နာရီမှ စတင်ကာ https://www.facebook.com/InternetJournal , https://www.facebook.com/7DayOnlineTV နဲ့ https://www.facebook.com/IJMarketplace စတဲ့ Facebook စာမျက်နှာများမှတစ်ဆင့် တိုက်ရိုက် Live ဖြင့် ကျင်းပသွားမယ်လို့ သိရပါတယ်။

Read More

ဇန်နဝါရီ ၁၄ ရက်မှာ မိတ်ဆက်မယ့် Samsung Galaxy S21

Samsung ဟာ ၂၀၂၁ ခုနှစ်မှာတော့ Galaxy S21 ဖုန်းကို ပုံမှန်ထက်စောပြီး မိတ်ဆက်ပါတော့မယ်။ Samsung ဟာ ၂၀၂၁ ခုနှစ်အတွက် ပထမဆုံး Unpacked ပွဲဖိတ်စာကို ဖြန့်ချိခဲ့ပါတယ်။

Read More

Basic Audio Mixing & Mixdown Course ဖွင့်မည်

Basic Audio Mixing & Mixdown Course ကို Youth International University မှ ဖွင့်လှစ်သင်ကြားသွားမယ်လို့ သိရပါတယ်။

Read More

Samsung ရဲ့ S Pen ဓာတ်ပုံထွက်လာ

Samsung ရဲ့ Galaxy S စီးရီးကတော့ မကြာခင် ထွက်ရှိတော့မှာ ဖြစ်ပြီး သတင်းအချက်အလက်တွေကလည်း ဆက်တိုက် ထွက်နေပါတယ်။ Samsung ကတော့ ဇန်နဝါရီ ၁၄ ရက် Unpacked ပွဲမှာ ထုတ်ကုန်ကို မိတ်ဆက်မယ်လို့ ဖိတ်စာ ပို့ထားပါတယ်။

Read More

ခေါက်လို့ရတဲ့ iPhone တွေကို Apple စမ်းသပ်နေ

၂၀၂၁ ခုနှစ်ရောက်ပြီး တစ်ပတ်မကြာသေးခင်မှာ iPhone ခေါက်စမတ်ဖုန်း ကောလာဟလတွေ ထွက်လာပါတယ်။ Economic Daily News ဖော်ပြချက်အရ Apple ဟာ ခေါက်လို့ရတဲ့ iPhone ရှေ့ပြေးထုတ်ကုန် ၂ ခုကို စမ်းသပ်နေတယ်လို့ ပြောခဲ့ပါတယ်။

Read More

AYA Pay မှတစ်ဆင့် အခွန်များပေးဆောင်နိုင်မည်

အခွန်ထမ်းဆောင် ပြည်သူများ အဆင်ပြေလွယ်ကူစေဖို့အတွက် AYA Pay မှ တစ်ဆင့် အခွန်များပေးဆောင်နိုင်အောင် လုပ်ဆောင််လိုက်ပြီလို့ သိရပါတယ်။

Read More