2021 YSEALI Seeds for the Future အစီအစဉ်အတွက် ဆွေးနွေးပွဲပြုလုပ်မည်

2021 YSEALI Seeds for the Future အစီအစဉ် လျှောက်ထားလိုသူများအတွက် ဆွေးနွေးပွဲကို အောက်တိုဘာ ၂၁ ရက် ညနေ ၆ နာရီခွဲ မှာ ကျင်းပသွားမှာဖြစ်သလို အောက်တိုဘာ ၂၈ ရက်နဲ့ နိုဝင်ဘာ ၄ ရက်တွေမှာလဲ ကျင်းပသသွားမယ်လို့ သ်ရပါတယ်။

webinar အစီအစဉ်မှာ YSEALI Seeds အစီအစဉ်အတွက် Civic Engagement၊ Education, Economic Growth နဲ့ Sustainable Development ဆိုပြီး ခေါင်းစဉ်လေးခုရှိတဲ့ အထဲမှာ သင်ရဲ့လျှောက်လွှာက ထူးထူးခြားခြား ဖြစ်နေအောင် ဘယ်လိုရေးမလဲ၊ သင့်ရဲ့ ပရောဂျက်အတွက် သပ်သပ်ရပ်ရပ်နဲ့ ယုံကြည်စိတ်ချရမှု အပြည့်အဝ ရှိစေမယ့် ဘတ်ဂျက် ပြုစုတာနဲ့ပတ်သက်ပြီးတော့လည်း ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။

တိုက်ရိုက်ထုတ်လွှင့်မှုကို https://culturalvistas.zoom.us/j/99239999363 ကတစ်ဆင့် ကြည့်ရှုနိုင်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««