Day: November 18, 2020

FreeMovie မြန်မာစာတန်းထိုးဇာတ်ကားများ

HD အရည်အသွေး မြန်မာစာတန်းထိုး ရုပ်ရှင်နဲ့ ဗီဒီယိုတွေကို အခမဲ့ကြည့်ရှုနိုင်မယ့် App ဖြစ်ပါတယ်။

Read More

IJcasts (Nov 18,2020)

Facebook နဲ့ Instagram ကတော့ မူပိုင်ခွင့်ငြိစွန်းတဲ့ အရာတွေကို ပိုမိုဖြုတ်ချသွားမည့်အကြောင်း၊ Huawei ဟာ လူငယ်တွေအတွက် အလယ်အလတ်တန်းစားဖုန်းထုတ်လုပ်တဲ့ Honor ဖုန်းလုပ်ငန်းကို ရောင်းချဖို့ စီစဉ်နေတယ်လို့ ထုတ်ပြန်ခဲ့တဲ့အကြောင်း၊ လွယ်လင့်တကူအသုံးပြုလို့ရတဲ့ ပလက်ဖောင်းဖြစ်တဲ့ Meeting Video Conferencing Platform တစ်ခုပြည်တွင်းစျေးကွက်သို့ မိတ်ဆက်တယ့်အကြောင်း စတဲ့ပြည်တွင်း၊ ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့်အစီ အစဉ်ရဲ့ ဒီနေ့အတွက်အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။

Read More

(၁၆) ကြိမ်မြောက် Mathemania သင်္ချာပြိုင်ပွဲကို အွန်လိုင်းမှတစ်ဆင့် ကျင်းပမည်

(၁၆) ကြိမ်မြောက် Mathemania သင်္ချာပြိုင်ပွဲကို BFI ပညာရေးမှ နှစ်စဉ်ကျင်းပခဲ့ပြီး ယခုနှစ်တွင် အွန်လိုင်းမှ တစ်ဆင့် ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။ ပြိုင်ပွဲကို ဒီဇင်ဘာ ၅ ရက်မှာ ကျင်းပမှာဖြစ်ပြီး ယခုနှစ်မှာ မူလတန်းမြင့်နဲ့ အလယ်တန်းကျောင်းသားတွေ အတွက် ရည်ရွယ်တဲ့မေးခွန်းများအပေါ် အခြေခံကာ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အသက် ၉ နှစ်မှ ၁၆ နှစ်အရွယ်အထိ ကျောင်းသား၊ ကျောင်းသူများအားလုံး သတ်မှတ်ထားတဲ့ Level အတိုင်း ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နိုင်မယ့် အခွင့်အရေးလည်း ဖြစ်တယ်လို့ သိရပါတယ်။ Level တွေကို အသက်အရွယ် ခွဲခြားသတ်မှတ်ထားပြီး Primary Level (Age 9-10), Secondary Level I (Age 11-12), Secondary […]

Read More

M1 ချစ်ပ်ထောက်ပံ့ထားတဲ့ MacBook တွေမှာ Windows 10 အသုံးပြုနိုင်

Apple ရဲ့ MacBook Air (M1 ချစ်ပ်ပါဝင်တဲ့ ၂၀၂၀ မော်ဒယ်) နဲ့ MacBook Pro (၁၃ လက်မ M1 ချစ်ပ်) တွေမှာ Windows 10 software ထောက်ပံ့မှု ပါဝင်လာနိုင်ပါတယ်။ Mac အတွက်ဖြန့်ထားတဲ့ Parallels Desktop update မှာ Windows 10 အတွက် ထောက်ပံ့ထားပါတယ်။ Parallels ကတော့ macOS ထုတ်ကုန်မှာ Windows software အသုံးပြုနိုင်တဲ့ virtual machine ဝန်ဆောင်မှု အဖြစ် နှစ်အတော်ကြာ တည်ရှိနေပါတယ်။ Parallels Desktop လက်ရှိ build မှာတော့ M1 ချစ်ပ်ထုတ်ကုန်မှာ Windows 10 အသုံးပြုတဲ့အခါ ပြဿနာတွေ […]

Read More

မျက်နှာပြင် လိပ်ထားလို့ရတဲ့ concept စမတ်ဖုန်း OPPO မိတ်ဆက်

OPPO ဟာ စမတ်ဖုန်း ဒီဇိုင်းအသစ်တွေ မိတ်ဆက်နေတာ ကြာပါပြီ။ ၂၀၁၃ ခုနှစ်က OPPO N1 မှာ လှည့်နိုင်တဲ့ ကင်မရာ ပါဝင်ပြီး ၂၀၁၈ မှာတော့ Find X ဖုန်းမှာ notch ဖယ်ပြီး slide-out ကင်မရာကို ထည့်သွင်းလိုက်ပါတယ်။

Read More

ဗီဒီယိုဂိမ်းတွေက ကျန်းမာရေးပိုမိုကောင်းမွန်စေတယ်လို့ အောက်စဖို့ဒ်စစ်တမ်း တွေ့ရှိ

ဗီဒီယိုဂိမ်းကို ကာလရှည်ကြာ ကစားတဲ့သူဟာ မကစားသူထက် ပိုမို ပျော်ရွှင်တယ်လို့ အောက်စဖို့ဒ်စစ်တမ်း တစ်ခုက ထုတ်ပြန်ခဲ့ပါတယ်။

Read More

၆.၆ သန်း တန်ကြေးရှိတဲ့ Apple ထုတ်ကုန်တွေ ခိုးယူခံရ

ယူကေမှာ ဒေါ်လာ ၆.၆ သန်း တန်ကြေးရှိတဲ့ Apple ထုတ်ကုန်ပါတဲ့ ထရပ်ကား ခိုးယူခံခဲ့ရပါတယ်။ လန်ဒန်ကနေ လိဒ်ကိုသွားတဲ့ ဗြိတိန်ရဲ့ M1 အမြန်လမ်းကြီးပေါ်မှာ ဖြစ်ပွားခဲ့ပါတယ်။ ခိုးယူသူတွေဟာ ထုတ်ကုန်တွေထည့်ထားတဲ့ သစ်သားပြား ၄၈ ခု ရရှိခဲ့ပါတယ်။ ဘာပစ္စည်းတွေ ခိုးယူခံခဲ့ရလဲ ဆိုတာတော့ မသိပါဘူး။ နော်သန်ရှိုင်းယားရဲအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ M1 လမ်းမပေါ်မှာ M1 Mac တွေ ခိုးယူခံရတယ်လို့ သိရပါတယ်။ Apple အနေနဲ့ ရောင်းချမယ့် ပစ္စည်းတွေမှာ ခြေရာခံစက် ထည့်သွင်းထားပါတယ်။ Apple ဟာ အဝေးကနေ အင်တာနက်ချိတ်ဆက်ထားတဲ့ ထုတ်ကုန်ကို အသုံးပြုလို့မရအောင် လုပ်လို့ရပါတယ်။ ဒါကြောင့် သူခိုးတွေအနေနဲ့ ပစ္စည်းတွေကို ရောင်းချဖို့ ခက်ခဲပြီး မိဖို့အန္တရာယ်လည်း ရှိပါတယ်။ -စိုးထက် […]

Read More

Beelink GT-King Pro Android TV Box

DTS လိုင်စင်တွေပါတဲ့ Amlogic S922X-H ပရိုဆက်ဆာ ပါဝင်ထောက်ပံ့ပေးထားတဲ့ Beelink GT-King Pro Android TV Box Dolby ဖြစ်ပါတယ်။

Read More

3rd World Savings Day Forum ကျင်းပမည်

ငွေကြေးကို အကျိုးရှိရှိ စီမံခန့်ခွဲတတ်စေရန် ရည်ရွယ်ပြီး Financial Challenenges in the COVID-19 ERS 3rd World Savings Day Forum in Myanmar ကို နိုဝင်ဘာ ၂၇ ရက်ကနေ ၂၉ ရက်အထိ အွန်လိုင်းမှတစ်ဆင့် ကျင်းပသွားမယ်လို့ သိရပါတယ်။

Read More