Day: November 7, 2020

Ubuntu OS မှာ Krita 4.4.1 ကိုထည့်သွင်းခြင်း

Krita ဆိုတာကတော့ Ubuntu OS မှာထည့်သွင်း အသုံးပြုနိုင်မယ့် Digital Painting app တစ်ခုဖြစ်ပါတယ်။ Ubuntu OS မှာ Krita 4.4.1 ကိုထည့်သွင်း အသုံးပြုလိုတယ်ဆိုရင် ဖော်ပြပါ နည်းလမ်းအတိုင်း လုပ်ဆောင်နိုင်ပါတယ်။ Ubuntu OS မှာ Krita 4.4.1 ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကိုအသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ […]

Read More

IJcasts (Nov 7, 2020)

Spotify ဟာ Apple Watch ကနေ သီချင်းတိုက်ရိုက်ဖွင့် နားထောင်နိုင်တဲ့ လုပ်ဆောင်ချက်ကို ထည့်သွင်းခဲ့တဲ့အကြောင်း၊ Xiaomi ရဲ့ Mi Mix ဖုန်းကတော့ ဆန်းသစ်တီထွင်မှု အသားပေးတဲ့ ထုတ်ကုန်ဖြစ်ပြီး Mi Mix ဒုတိယမျိုးဆက် စမတ်ဖုန်းကတော့ ၂၀၂၁ခုနှစ်မှာ ထွက်လာနိုင်တယ်လို့ Digital Chat Station ကဖော်ပြခဲ့တဲ့အကြောင်း၊ PUBG MOBILE မှ နာမည်ကြီး အနုပညာရှင်များနှင့် ထိပ်တန်း Streamer များ ပါဝင်ဆော့ကစားမည့် Creator Challenge ပြိုင်ပွဲကို ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့မှ ၂၂ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမယ်ဆိုတဲ့ အကြောင်း စတဲ့ ပြည်တွင်း ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့်အစီအစဉ်ရဲ့ ဒီနေ့အတွက်အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။

Read More

OnePlus 8T

OnePlus 8T မှာ 4500mAh ပမာဏ ဘက်ထရီကို ထည့်သွင်းထားပြီး သူ့မှာပါဝင်တဲ့ ၆၅ ဝပ် အားသွင်းမြန်ဆန်တဲ့ နည်းပညာက ၀-၁၀၀ ရာခိုင်နှုန်းကို ၃၉ မိနစ်နဲ့ သွင်းပေးနိုင်တယ်လို့ OnePlus က ကြေညာထားပါတယ်။ ဖုန်းနဲ့အတူ ၆၅ ဝပ် Warp Charge adapter ပါဝင်ပါတယ်။ ဒီဖုန်းနဲ့ ဗီဒီယိုဆက်တိုက်ဖွင့်ထားတာကို ၁၆ နာရီကြာ၊ 3G ဖုန်းပြောတာကို နာရီ ၃၀ ကျော်ကြာနဲ့ အွန်လိုင်းအသုံးပြုတာကို ၁၃ နာရီကျော်ကြာ အသုံးပြုနိုင်ပြီး ပုံမှန် Standby အနေနဲ့ ဖုန်းသုံးတာ၊ အွန်လိုင်းသုံးတာ၊ ဗီဒီယိုကြည့်တာတွေကိုတော့ နာရီပေါင်း ၁၀၄ နာရီကြာ သုံးနိုင်တာ ကျေနပ်စရာပါ။ အားသွင်းစနစ်က USB Type-C အမျိုးအစားဖြစ်ပြီး USB OTGB စနစ်လည်း ထောက်ပံ့ပါဝင်ပါတယ်။

Read More

ကျောင်းတွင်းဆိုက်ဘာခြိမ်းခြောက် အကြမ်းဖက်မှုနှင့် အနိုင်ကျင့်မှုများ ဆန့်ကျင်တိုက်ဖျက်ရေး အပြည်ပြည်ဆိုင်ရာနေ့အခမ်းအနား ကျင်းပ

ကျောင်းတွင်းဆိုက်ဘာခြိမ်းခြောက်မှုများ၊ အကြမ်းဖက်မှုများနှင့် အနိုင်ကျင့်မှုများဆန့်ကျင်တိုက်ဖျက်ရေး အပြည်ပြည်ဆိုင်ရာနေ့ အခမ်းအနားကို နိုဝင်ဘာ ၅ ရက်၊ နံနက် ၉ နာရီက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပခဲ့တယ်လို့ သိရပါတယ်။

Read More

BL Partybox 310

မိသားစု ပျော်ပွဲစားခရီးတွေ၊ ပါတီပွဲတွေမှာတောင် အသုံးပြုနိုင်တဲ့ JBL ရဲ့ ထုတ်ကုန်သစ် Partybox 310 ပြည်တွင်းစျေးကွက်ထဲ ဝင်ရောက်လာပါတယ်။

Read More

ဖုန်းကို Root လုပ်စရာမလိုဘဲ Android OS ရဲ့ Status Bar က icon တွေကို ဘယ်လိုပြောင်းမလဲ

ဖုန်းရဲ့မျက်နှာပြင်အပေါ်ပိုင်းရှိ Status Bar လို့ခေါ်တဲ့နေရာမှာ ဘက်ထရီအခြေအနေ၊ နာရီ၊ ဖုန်းအသံဖွင့်ထားလား၊ ပိတ်ထားလား၊ နှိုးစက်စနစ်သုံးထားလား စတာတွေကို သင့်အနေနဲ့ ဖုန်းကိုအသုံးပြုတဲ့အပေါ် မူတည်ပြီး ပုံသေဖော်ပြပေးပါတယ်။

Read More

Fruit Ninja 2

သစ်သီတွေကို အလျင်အမြန် ဖြတ်တောက်ကစားပြီး အမှတ်တွေများများရရှိအောင် ကစားပေးရမယ့် ဂိမ်းဖြစ်ပါတယ်။

Read More

Anonymous Chat

Anonymous Chat ဆိုတဲ့ app ကတော့ ကမ္ဘာတစ်ဝန်းက လူတွေကို မိတ်ဖွဲ့ပြီး video chat လုပ်ဆောင်နိုင်မယ့် app တစ်ခုဖြစ်ပါတယ်။

Read More

Network Manager (Linux)

Linux အသုံးပြုသူတွေအတွက် network connection management လုပ်နိုင်မယ့် ဆော့ဖ်ဝဲတစ်ခု ဖြစ်ပါတယ်

Read More