Day: October 30, 2020

IJcasts (Oct 30,2020)

ပြီးခဲ့တဲ့လက Android သုံးစွဲသူတွေ အတွက် အန္တရာယ်ရှိ app ၁၆ ခု တွေ့ခဲ့ပါတယ်။ ဒီလမှာ Google Play Store မှာ adware တွေပါဝင်တဲ့ ဂိမ်း app ၂၁ ခု တွေ့ထားဆိုတဲ့အကြောင်း၊ Live ဗီဒီယို လုပ်ဆောင်ချက်ကို တိုးတက်အောင် Instagram ဆောင်ရွက်နေတဲ့အကြောင်း၊ COVID-19 ရောဂါတိုက်ဖျက်ရေးအတွက် ပံ့ပိုးမှုအနေဖြင့် မိုဘိုင်းဖုန်းများ Huawei မှ ထောက်ပံ့ဆိုတဲ့အကြောင်း စတဲ့ ပြည်တွင်း ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့်အစီအစဉ်ရဲ့ ဒီနေ့အတွက်အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။

Read More

Verizon Gizmo Tab

မိဘတွေက ကလေးကို tablet သုံးစွဲမှုထိန်းချုပ်ဖို့အတွက် parental control ပါဝင်သလို၊ software ပိုင်းမှာလည်းကလေးတွေ အလွယ်တကူနဲ့ သုံးစွဲတတ်အောင် ဖန်တီးပေးထားတဲ့ tablet ဖြစ်ပါတယ်

Read More

Ubuntu OS မှာ Curlew ကိုထည့်သွင်းခြင်း

Curlew ဆိုတာကတော့ media encoding နဲ့ multimedia converter ဆော့ဖ်ဝဲတစ်ခုဖြစ်ပါတယ်။ Ubuntu OS မှာ Curlew ကို ထည့်သွင်လိုသူတွေအနေနဲ့ ဖော်ပြပါနည်းလမ်းအတိုင်းထည့် သွင်းနိုင်ပါတယ်။

Read More

Windows 10 ပေါ်ကနေ Hard Drive model တွေကိုဘယ် လိုစစ်ဆေးမလဲ

Windows 10 သုံးစွဲသူတွေ အနေနဲ့ တစ်ခါတစ်လေမှာ ကိုယ်တပ်ဆင်အသုံးပြုထားတဲ့ Hard drive ရဲ့ model နံပါတ်တွေ serial number တွေကိုသိရှိဖို့ လို အပ်လာတဲ့အခါမှာ ဖော်ပြထားတဲ့ နည်းလမ်းနဲ့ အလွယ်တကူ အချက်အလက်တွေကို စစ်ဆေးနိုင်ပါတယ်။

Read More

Video Duplicate Finder (Linux)

Linux အသုံးပြုထားတဲ့ကွန်ပျူတာထဲမှာ အကြောင်းအရာတူညီနေတဲ့ ဗီဒီယိုတွေကို ရှာဖွေပြီး ရှင်းလင်းဖယ်ရှားနိုင်အောင် စီစဉ်ပေးထားတဲ့ ဆော့ဖ်ဝဲဖြစ်ပါတယ်။ File တွေကို အလျင်အမြန်နဲ့ scan ဖတ်ပြီး ဖယ်ရှားရှင်းလင်းနိုင်မှာ ဖြစ်ပါတယ်။

Read More

Easy File Encryptor (Mac)

Easy File Encryptor ဆိုတဲ့ဆော့ဖ်ဝဲကတော့ ကိုယ့်ရဲ့ message တွေနဲ့ ဖိုင်တွေကို ပိုမိုလုံခြုံစေဖို့အတွက် encrypt လုပ်ဆောင်ပေးနိုင်အောင် စီစဉ်ပေးထားတဲ့ ဆော့ဖ်ဝဲတစ်ခုဖြစ်ပါတယ်။

Read More

FolderMove (Win)

FolderMove ဆိုတဲ့ဆောဖ့်ဝဲ ကတော့ install လုပ်ထားပြီးတဲ့ ဆောဖ့်ဝဲ folder တွေကို အခြား partition ထဲ ပြန်လည် install လုပ်စရာမလိုဘဲ ပြောင်းရွေ့နိုင်အောင် စီစဉ်ပေးထားတဲ့ ဆောဖ့်ဝဲတစ်ခုဖြစ်ပါတယ်။

Read More

iOS 14 ရဲ့ Apple Translate App ကို ဘယ်လိုသုံးမလဲ

Apple iOS 14 ရဲ့ အကောင်းဆုံး လုပ်ဆောင်ချက်တွေထဲကတစ်ခုဖြစ်တဲ့ Translate app က ဘာသာတစ်ခုမှ အခြားဘာသာတစ်ခုကို အလွယ်တကူ ပြန်ဆိုဖို့အတွက် အသုံးဝင်လှတဲ့ app ဖြစ်ပါတယ်။ ဘာသာပြန်ဆိုဖို့အတွက် သုံးစွဲသူက Siri က တစ်ဆင့်လည်း အသံနဲ့ခိုင်းနိုင်ပါတယ်။ ဘာသာ ပြန်လုပ်ဆောင်ချက်က နိုင်ငံခြားတိုင်းပြည်တွေကို သွားရောက်လည်ပတ်တဲ့အခါမှာ ဘာသာစကားအခက်အခဲ ဖြစ်နိုင်မှုအတွက် အကောင်းဆုံး အထောက်အပံ့ဖြစ် ဖို့ ရည်ရွယ်ဖန်တီးထားတာ ဖြစ်ပေမယ့်လည်း လက်ရှိ Covid ကာလ အိမ်မှာနေရင်း ဘာသာစကားလေ့ လာနေသူတွေအတွက် အသုံးဝင်မှာဖြစ်ပါတယ်။

Read More

Xiaomi Redmi K30 (5G)

Redmi K30 5G က သူ့အရင်ထွက်ခဲ့တဲ့ K30 4G ဒီဇိုင်းအတိုင်းကို 5G ဗားရှင်းအနေနဲ့ ထုတ်ထားတာဖြစ်ပါတယ်။ ဒီဇိုင်းအရ ကွာခြားမှုမရှိပေမယ့် အရောင်အနေနဲ့ကတော့ 4G ဗားရှင်းတုန်းက ထုတ်ခဲ့တဲ့ သုံးရောင်စပ်ကာလာ ခရမ်း၊ အပြာ၊ အနီတွေသာ ထုတ်ထားပေမယ့် 5G ဗားရှင်းမှာ အဖြူအနေနဲ့ပါ ရရှိနိုင်ပါတယ်။ တရုတ်စတိုင် Coin ဖုန်းလို့ အမည်ရတဲ့ ကျောဘက်ကင်မရာဒီဇိုင်းနဲ့ ရှေ့ဘက် selfie ကင်မရာနှစ်လုံးကိုတော့ Punch-hole အနေနဲ့ ဖုန်း Display ထဲမှာ ထည့်သွင်းထားတာ ဖြစ်ပါတယ်။ ညာဘက်ဘောင်ထဲမှာ ပါဝါခလုတ်နဲ့ အသံအတိုးအကျယ်ခလုတ်တွေ ရှိပြီး လက်ဗွေစနစ်ကို ပါဝါခလုတ်နဲ့ တွဲဖက်ထည့်သွင်းထားတာ ဖြစ်ပါတယ်။ အောက်ဘက်ဘောင်ထဲမှာ နားကြပ်ပေါက်၊ စပီကာနဲ့ USB အားသွင်းပေါက်တွေရှိမှာ ဖြစ်ပြီး ဆင်းမ်ကတ်ပေါက်ကတော့ ဘယ်ဘက်ဘောင်ထဲမှာပါ။ မြင်ကွင်းကြီးမားတဲ့ ဖုန်းဖြစ်ပေမယ့် လက်ထဲကိုင်ရတာ အံဝင်ခွင်ကျရှိပြီး ၂၀၈ ဂရမ် အလေးချိန်က အနည်းငယ် အလေးချိန်ရှိတယ်လို့ ခံစားရမှာပါ။

Read More

Sony Alpha a7C Mirrorless Digital Camera with 28-60mm Lens

ပြည်တွင်းစျေးကွက်မှာ Pre Order တင်ပြီး ဝယ်ယူနိုင်ပြီ ဖြစ်တဲ့ SONY ALPHA A7C MIRRORLESS CAMERA ဖြစ်ပါတယ်။

Read More