Day: October 17, 2020

IJcasts (Oct 17,2020)

OnePlus စမတ်ဖုန်းကုမ္ပဏီ တည်ထောင်သူတစ်ဦးဖြစ်တဲ့ ကားပေဟာ ကုမ္ပဏီကနေ နုတ်ထွက်သွားတဲ့အကြောင်း၊ Myanmar Information Security Association (MiSA) မှ ဦးစီး၍ SECURING MYANMAR CYBERSPACE ခေါင်းစဉ်ဖြင့် စကားဝိုင်းကို အောက်တိုဘာ ၁၈ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်မှ နေ့လယ် ၁၂ နာရီအထိ အွန်လိုင်းမှတစ်ဆင့် ပြုလုပ်သွားမယ့်အကြောင်း၊ Facebook ဟာ တုပ်ကွေးကာကွယ်ဆေးဖြန့်ချိဖို့ ကျန်းမာရေးဆိုင်ရာ လှုံ့ဆော်မှုကို ပြုလုပ်မယ့်အတွက် ကာကွယ်ဆေးထိုးခြင်းကို အားမပေးတဲ့ ကြော်ငြာတွေကို ပယ်ဖျက်မယ်လို့ ထုတ်ပြန်လိုက်တဲ့အကြောင်း စတဲ့ ပြည်တွင်း ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့်အစီအစဉ်ရဲ့ ဒီနေ့အတွက်အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။

Read More

realme ၏ အဆင့်မြင့်စမတ်ဖုန်း realme 7 Pro တွင် ၃၄ မိနစ်အတွင်း ဖုန်းအားအပြည့်သွင်းပေးနိုင်မည့် 65W SuperDart Charge အားသွင်းစနစ်ကို အသုံးပြုထည့်သွင်းပေးထားမည်

ကမ္ဘာ့တိုးတက်မှုအမြန်ဆုံးစမတ်ဖုန်းအမှတ်တံဆိပ် realme အနေဖြင့် ၎င်းတို့ Number Series ထုတ်ကုန်သစ်ဖြစ်သော realme 7 Pro တွင် အားသွင်းမြန်ဆန်မှုအပိုင်း အသာလွန်ဆုံးဖြစ်သော 65W SuperDart Chage စနစ်ကို တစ်ပါတည်းသွင်းပေးထားမည်ဖြစ်ပြီး ၃၄ မိနစ်အတွင်းမှာပင် ဖုန်း၏ 4500mAh battery ကို အားအပြည့်သွင်းပေးနိုင်စေမည်ဖြစ်ကြောင်း သိရှိရသည်။ ယခု အသစ်မိတ်ဆက်ပေးလိုက်သည့် 65W SuperDart Charge အားသွင်းစနစ်မှာ သုံးစွဲသူများလက်ထဲသို့ထည့်သွင်းပေးလိုက်သည့် realme ၏အားအမြန်ဆုံးသွင်းစနစ်တစ်ခုလည်းဖြစ်ပြီး ယခင်က realme X2 Pro တွင်ထည့်သွင်းပေးထားသည့် 50W စနစ်မှာ ယခု 65W SuperDart Charge စနစ်မတိုင်ခင် realme ၏ အမြန်ဆုံးအားသွင်းစနစ်အဖြစ် ရပ်တည်ခဲ့ခြင်းဖြစ်သည်။ ယနေ့ခေတ်စမတ်ဖုန်းသုံးစွဲသူများကိုပြန်လည်လေ့လာကြည့်ရှုချက်အရ တစ်နေ့တာအတွင်း စမတ်ဖုန်းသုံးစွဲမှုအချိန်ပိုမိုများပြားလာသည်နှင့်အညီ မြန်ဆန်တိုးတက်သည့်ခေတ်ရေစီးကြောင်းတွင် […]

Read More

TECNO Mobile သည် POVA စမတ်ဖုန်းကို မြန်မာနိုင်ငံဈေးကွက်တွင် ပထမဆုံးစတင်မိတ်ဆက်

POVA သည် သုံးစွဲသူများအား စွမ်းဆောင်ရည်မြင့်မားမှုနှင့် ယှဉ်ပြိုင်မှုပြင်းထန်သည့် ဈေးနှုန်း ကို ပေးစွမ်းနိုင်သည့် ဖုန်းတစ်လုံး ဖြစ်လာနိုင်ဖွယ်ရှိ POVA စမတ်ဖုန်းများတွင် 6000mAh ဘက်ထရီ၊ 6.8” dot-in-display၊ 13 MP AI Camera နှင့် HyperEngine Game Technology တို့ပါ၀င်သည်။ အောက်တိုဘာလ (၁၇) ရက်နေ့၊ ရန်ကုန် – TECNO Mobile သည် ကမ္ဘာ့အကြီးဆုံး မိုဘိုင်းလ်ဖုန်း အမှတ်တံဆိပ်တစ်ခုဖြစ်ပြီး ၎င်း၏ အသစ်စက်စက် အဆင့်မြင့် POVA စီးရီးကို စတင်မိတ်ဆက်ခဲ့သည်။ ယနေ့ မှစတင်၍ မြန်မာ့စျေးကွက်ရှိ သုံးစွဲသူများသည် POVA စီးရီးမှ ပထမဆုံးသော 6000mAh ပါဝင်သော POVA စမတ်ဖုန်းကို လက်လီအရောင်းဆိုင်များတွင် စတင် […]

Read More

Photo Widget Color

Photo Widget Color ဆိုတဲ့ app ကတော့ iPhone မှာ ဓာတ်ပုံတွေကို widget ပုံစံအမျိုးမျိုးနဲ့ ထည့်သွင်း အသုံးပြုနိုင်အောင် စီစဥ်ပေးထားတဲ့ app တစ်ခုဖြစ်ပါတယ်။ Widget တွေကို နှစ်သက်တဲ့ ပုံစံမျိုးစုံကို ရွေးချယ်နိုင်အောင် စီစဥ်ပေးထားပါတယ်။ ထည့်သွင်းအသုံးပြုလိုသူတွေအနေနဲ့ App Store ကနေ အခမဲ့ရယူနိုင်မှာ ဖြစ်ပါတယ်။ iOS version 14.0 နဲ့ အထက်မှာထည့်သွင်း အသုံးပြုနိုင်မယ့် app တစ်ခုဖြစ်ပါတယ်။ Download 👉 Click 👈 -သီဟ »»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် […]

Read More

Donuts Sort

Donuts Sort ဆိုတဲ့ ဂိမ်းကတော့ puzzle game အမျိုးအစားတစ်ခုဖြစ်ပါတယ်။ အရောင်တူတဲ့ donut တွေကို စီဖို့အတွက် အဖြေရှာကစားရမယ့် ဂိမ်းတစ်ခုဖြစ်ပါတယ်။ ဒီဂိမ်းကိုထည့်သွင်းကစားလိုသူတွေအနေနဲ့ App Store ကနေအခမဲ့ ရယူနိုင်မှာဖြစ်ပါတယ်။ iOS version 11.0 နဲ့ အထက်မှာ ထည့်သွင်းကစားနိုင်မယ့် ဂိမ်းအမျိုးအစားတစ်ခုလည်း ဖြစ်ပါတယ်။ Download 👉 Click 👈 -သီဟ »»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««

Read More

Microlab M-111 Speaker

ရုပ်ရှင်နဲ့ ဗီဒီယိုကြည့်ခြင်း၊ သီချင်းနားထောင်ခြင်းတို့အတွက် TV ,DVD Player တို့နဲ့ ချိတ်ဆက်နိုင်သလို Smart Phone , Tablet , Desktop, Laptop စတာတွေနဲ့လည်း 3.5mm ကနေ ချိတ်ဆက် အသုံးပြုနိုင်မယ့် Microlab M-111 Speaker ဖြစ်ပါတယ်။ Bluetooth စနစ် ထောက်ပံ့ထားခြင်းတော့ မရှိပါဘူး။ X-Bass Technology ကို အသုံးပြုထားတဲ့ 2.1 Subwoofer system Speaker အမျိုးအစားဖြစ်လို့ Digital Media အတွက် အကောင်းမွန်ဆုံးအသံကို ထုတ်ပေးနိုင်မှာဖြစ်ပါတယ်။ အသံထွက် စွမ်းအား Output power : 3 Watt x 2+6 Watt အထိ ရရှိမှာပါ။ ကိုယ်ထည်ကို […]

Read More

Microsoft Power BI သင်တန်းဖွင့်မည်

Microsoft Power BI သင်တန်းကို Phandeeyar Institute မှ နိုဝင်ဘာလ မှာဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

Read More

Global Technology Company နှင့် Zoom တို့ ပူးပေါင်း

Global Technology Company (GlobalNet) နဲ့ Zoom Video Communications, Inc ရဲ့ Zoom (NASDAQ:ZM) Full suite of solutions တို့အနေနဲ့ တရားဝင် ပူးပေါင်းလိုက်တယ်လို့ သိရပါတယ်။

Read More

Microsoft for Startups မှ Highway to a 100 Unicorns စီမံကိန်း စတင်လိုက်ပြီး Emerge X ပြိုင်ပွဲအတွက် ဖိတ်ခေါ်ထား

အာရှပစိဖိတ်ဒေသရှိ နိုင်ငံတွေရဲ့ စွန့်ဦးတီထွင် လုပ်ငန်းသစ်တွေကို ပိုမိုခိုင်မာလာစေရန် Microsoft for Startups မှ Highway to a 100 Unicorns စီမံကိန်းကို စတင်လိုက်တယ်လို့ သိရပါတယ်။

Read More