မြန်မာသတင်းအချက်အလက်လုံခြုံရေးဆိုင်ရာအသင်း (Myanmar Information Security Association) မှ သတင်းအချက်အလက်နှင့် ဆိုက်ဘာလုံခြုံရေးကျွမ်းကျင်ပညာရှင်များဦးဆောင်ပြီး CXO Round Table ဆွေးနွေးပွဲကို အောက်တိုဘာ ၁၈ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်မှ နေ့လယ် ၁၂ နာရီအထိ အွန်လိုင်းမှတစ်ဆင့် ပြုလုပ်သွားမယ်လို့ သိရပါတယ်။ ဆွေးနွေးပွဲမှာ ကမ္ဘာတစ်ဝှမ်း၌ လက်ရှိဖြစ်ပေါ်နေသော ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အချက်အလက်များနှင့်အတူ အထူးသဖြင့် အာဆီယံနိုင်ငံများအတွင်း ဖြစ်ပေါ်နေသော အကြောင်းအရာများ၊ ဒစ်ဂျစ်တယ်နည်းပညာ ဖြစ်ပေါ်ပြောင်းလဲတိုးတက်မှုများနှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အကျိူး ဆက်များအပြင် သတိပြုစရာ အချက်အလက်များနှင့် ဒစ်ဂျစ်တယ် ငွေကြေးစနစ်များ အသုံးပြုရာတွင် အများပြည်သူတို့မှ သိသင့်သိထိုက်သည့် အချက်အလက်များ အစရှိတဲ့ ခေါင်းစဉ်တွေနဲ့ ဆွေးနွေးမှာဖြစ်ပြီး နိုင်ငံတကာမှာ ဆိုက်ဘာလုံခြုံရေးနဲ့ ပတ်သက်ပြီး အတွေ့အကြုံရင့် […]
Read MoreApple ဟာ ခေါက်စမတ်ဖုန်း မျက်နှာပြင်မှာ အသုံးပြုမယ့် အလိုအလျောက် ပြင်ဆင်တဲ့ နည်းပညာအတွက် မူပိုင်ခွင့်တင်ထားတဲ့အကြောင်း၊ အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) မှ ငါးမွေးမြူရေး လုပ်ကိုင်သူများအတွက် အသစ်ရေးဆွဲထားသော ရွှေငါး မိုဘိုင်းဖုန်း အက်ပလီကေးရှင်းကို အွန်လိုင်းဆွေးနွေးပွဲမှတစ်ဆင့် မိတ်ဆက်လိုက်တဲ့အကြောင်း၊ မြန်မာနိုင်ငံမှ နာမည်ကျော် ဓာတ်ပုံဆရာများ ပါဝင်တဲ့ “ပညာလည်းယူ မေတ္တာဖေးကူ” ခေါင်းစဉ်နဲ့ ဓာတ်ပုံပညာသင်တန်းကို အွန်လိုင်းမှ သင်ကြားပေးသွားမယ့်အကြောင်း စတဲ့ ပြည်တွင်း ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့်အစီအစဉ်ရဲ့ ဒီနေ့အတွက်အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။
Read MoreApple ဟာ အောက်တိုဘာ ၁၃ ရက် iPhone 12 ကိုမိတ်ဆက်ခဲ့တဲ့ပွဲမှာ MagSafe အားသွင်းနည်းပညာကို မိတ်ဆက်လိုက်ပါတယ်။ အဲဒီနည်းပညာက သာမန် Qi ကြိုးမဲ့အားသွင်းစနစ်ထက် ၂ ဆ ပိုမြန်ပါတယ်။ ဖုန်းရဲ့ ကျောဘက်မှာ ကပ်ပြီး သုံးနိုင်မယ့် သံလိုက်အစိတ်အပိုင်း ဖြစ်ပါတယ်။ Apple Watch မှာ သံလိုက်အားသွင်းစနစ် အသုံးပြုသလိုမျိုး ဖြစ်ပါတယ်။ Apple က MagSafe နည်းပညာအတွက် လိုင်စင်ထုတ်ပေးတဲ့အတွက် Belkin လိုမျိုး charger ထုတ်လုပ်သူ ထုတ်ကုန်သစ်တွေ ထုတ်လုပ်နေပါတယ်။ Apple က အခြားကုမ္ပဏီတွေက ထုတ်လုပ်ထားတဲ့ MagSafe ထုတ်ကုန်တွေကို စတိုးမှာ ရောင်းချနေပါတယ်။ MagSafe Charger (၃၉ ဒေါ်လာ) ဒီထုတ်ကုန်ကတော့ MagSafe […]
Read MoreOnePlus စမတ်ဖုန်းကုမ္ပဏီ တည်ထောင်သူတစ်ဦး ဖြစ်တဲ့ ကားပေဟာ ကုမ္ပဏီကနေ နုတ်ထွက်သွားပါတယ်။ ကားပေဟာ OnePlus တည်ထောင်ပြီး ၇ နှစ်အကြာ ကိုယ်ပိုင် venture ကုမ္ပဏီတည်ထောင်ဖို့ ထွက်ခွာသွးတာ ဖြစ်ပါတယ်။ ကုမ္ပဏီအတွင်းက ထွက်လာတဲ့ မှတ်တမ်းအရ ကားပေဟာ ကုမ္ပဏီပြန်လည်ဖွဲ့စည်းမှု အစီအစဉ်မှာ မပါတော့ပါဘူး။ OnePlus Nord ဖုန်းအကြီးအကဲအဖြစ် အိန္ဒိယက OnePlus လုပ်ငန်းအကြီးအကဲ အင်မလီဒိုင်က အစားဝင်လာပါမယ်။ ကားပေဟာ ဖုန်းဖန်တီးတဲ့အကြောင်း ရိုက်ကူးထားတဲ့ မှတ်တမ်းကားမှာ အဖွဲ့ကို ဦးဆောင်သူအဖြစ် သိသာစေပါတယ်။ အိန္ဒိယအတွင်း OnePlus ကုမ္ပဏီ တည်ထောင်၊ ဖွံ့ဖြိုးမှုမှာလည်း ကားပေက အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ပါတယ်။ -စိုးထက် Ref: TheNextWeb »»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ […]
Read MoreApple ဟာ အောက်တိုဘာ ၁၃ ရက်၊ virtual ပွဲမှာ ထုတ်ကုန်သစ်တွေကို မိတ်ဆက်ခဲ့ပါတယ်။ ပွဲအတွင်း Apple ဟာ iPhone 12 ၄ မျိုးကို မိတ်ဆက်ခဲ့ပါတယ်။ iPhone 12 ဒီဇိုင်းကတော့ တော်တော်ပြုပြင်ပြောင်းလဲမှု လုပ်ထားပါတယ်။ iPhone 12 ကိုလည်း ရောင်စုံ မိတ်ဆက်ခဲ့ပါတယ်။ ဒါ့အပြင် HomePod Mini စမတ်စပီကာနဲ့ iPhone 12 အတွက် MagSafe ကြိုးမဲ့အားသွင်းနဲ့ ဒေါ်လာ ၅၀ တန် Beats Flex ကြိုးမဲ့နားကြပ်ကိုလည်း ဖော်ထုတ်ခဲ့ပါတယ်။ Apple ဟာ ဒီနှစ်မိတ်ဆက်လိုက်တဲ့ iPhone 12 မှာ 5G နည်းပညာကို ထည့်သွင်းခဲ့ပါတယ်။ iPhone ရဲ့ 5G […]
Read Moreဘုရားဂုဏ်တော်နဲ့ မေတ္တာပို့ တရားတော်တွေကို အသံနဲ့တကွ လေ့လာရွတ်ဖတ်နိုင်မယ့် App ဖြစ်ပါတယ်။ ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃာ့ဂုဏ်တော်နဲ့ အရပ်ဆယ်မျက်နှာ မေတ္တာပို့ စတဲ့ ဂုဏ်တော်နဲ့ မေတ္တာပို့တရားတွေကို အသံဖိုင်တွေနဲ့တကွ ရွတ်ဖတ်ပူဇော်နိုင်အောင် ဖန်တီးထားပြီး အွန်လိုင်းအခြေပြု App အမျိုးအစား ဖြစ်ပါတယ်။ App ကို Android ver 4.1 နဲ့ အထက်မှာ ထည့်သွင်း အသုံးပြုနိုင်ပြီး Download လုပ်ချင်ရင်တော့ ဒီနေရာမှာ download လုပ်နိုင်ပါတယ်။ -ရဲထွဋ်ဝင်း »»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««
Read MoreFacebook ဟာ တုပ်ကွေးကာကွယ်ဆေး ဖြန့်ချိဖို့ ကျန်းမာရေးဆိုင်ရာ လှုံ့ဆော်မှုကို ပြုလုပ်မယ့် အတွက် ကာကွယ်ဆေးထိုးခြင်းကို အားမပေးတဲ့ ကြော်ငြာတွေကို ပယ်ဖျက်မယ်လို့ ထုတ်ပြန်လိုက်ပါတယ်။ အခု အပြောင်းအလဲက Facebook ရဲ့ ယခင်ပေါ်လစီတွေနဲ့ လုံးဝမတူပါဘူး။ အရင်က Facebook ဟာ ရောဂါကာကွယ်ရေးနဲ့ဆိုင်တဲ့ သတင်းအလွဲ ပါဝင်တဲ့ ကြော်ငြာတွေကို တားမြစ်ခဲ့ပေမယ့် သတင်းမှားမပါတဲ့ ကာကွယ်ဆေးအားမပေးတဲ့ ကြော်ငြာတွေကို ခွင့်ပြုခဲ့ပါတယ်။ Facebook က Covid-19 ကာကွယ်ဆေး အပါအဝင် အစိုးရရဲ့ ကာကွယ်ဆေးပေါ်လစီ ဒါမှမဟုတ် ကာကွယ်ဆေးဥပဒေပြုရေးနဲ့ ပတ်သက်တာကို အားပေးတာ ဒါမှမဟုတ် ဆန့်ကျင်တဲ့ ကြော်ငြာတွေကိုတော့ ခွင့်ပြုမယ်လို့ blogpost မှာ ရေးသားခဲ့ပါတယ်။ ကာကွယ်ဆေးကို အားမပေးတဲ့ ကြော်ငြာတချို့ Facebook ပေါ်မှာ ဆက်လက်ရှိနေပါတယ်။ကာကွယ်ဆေးဆန့်ကျင်တဲ့ […]
Read Moreတယ်လီနောဈေးအမည်ရှိ ဒစ်ဂျစ်တယ်ဈေးတစ်ခုကို တယ်လီနောမြန်မာမှ မိတ်ဆက်လိုက်ပါတယ်။ MyTelenor အက်ပလီကေးရှင်းရှိ တယ်လီနောဈေးမှတစ်ဆင့် သုံးစွဲသူတွေရဲ့ မတူညီတဲ့ လိုအပ်ချက်တွေအလိုက် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုတွေကို ပေးအပ်သွားမှာ ဖြစ်ပြီး City Mall Online, Food Panda နဲ့ Farm Shop တို့မှ အစားအသောက်နှင့် ကုန်စုံပစ္စည်းများ မှာယူခြင်း၊ AR YU International Hospital နဲ့ Yin Thway Pediatric Call Center တို့တွင် ဆေးခန်းပြရန် ရက်ချိန်းယူခြင်း၊ တယ်လီဖုန်းဖြင့် ကျန်းမာရေးဆွေးနွေးတိုင်ပင်ခြင်း၊ AYA SOMPO မှ မော်တော်ယာဉ်အာမခံဝယ်ယူခြင်း စတဲ့ ဝန်ဆောင်မှုတွေကို တယ်လီနောဈေး မှာရရှိနိုင်မယ်လို့ သိရပါတယ်။ “ရောင်းသူတွေရော ဝယ်သူတွေရောက အွန်လိုင်းကနေ ဈေးရောင်း၊ ဝယ်တာ […]
Read MoreOnePlus 8T ကိုတော့ တရားဝင် မိတ်ဆက်လိုက်ပါပြီ။ OnePlus 8T ဖုန်းမှာ Warp Charge 65 ပါဝင်တဲ့အတွက် ၃၉ မိနစ်နဲ့ အားအပြည့်သွင်းနိုင်ပါတယ်။ ဖုန်းကို ၁၅ မိနစ် အားသွင်းရုံနဲ့ အချိန်အတော်ကြာ အသုံးပြုနိုင်ပါတယ်။ ဘက်ထရီပမာဏကတော့ 4,300mAh ရှိပြီး အားသွင်းကြိုးနဲ့ charger အတုလုပ်တာကို ကာကွယ်ဖို့ encryption chip တွေ ထည့်သွင်းထားပါတယ်။ USB-C port ကနေ အားသွင်းရတာ ဖြစ်ပြီး 45W အထိ စွမ်းအင် ထုတ်လုပ်ပေးပါတယ်။ ဒါကြောင့် laptop, Nintendo Switch နဲ့အခြား ထုတ်ကုန်တွေကိုလည်း အားသွင်းနိုင်ပါတယ်။ ကြိုးမဲ့အားသွင်းစနစ် မပါဝင်ပါဘူး။ OnePlus […]
Read More