ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ဗဟုသုတကင်းမဲ့မှုကြောင့် လွန်ခဲ့သည့် ၅ နှစ်အတွင်းတွင် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ရာဇဝတ်မှုဖြစ်ပွားမှုများ အလွန်အမင်း မြင့်တက်ခဲ့ကြောင်းမြန်မာနိုင်ငံရဲတပ်ဖွဲ့၊ နည်းပညာမှုခင်းဌာန၊ ဌာနမှူး ရဲမှူးကြီးညွန့်ဝေက မြန်မာဆိုက်ဘာလုံခြုံရေး (Myanmar Cybersecurity Month 2020) ရဲ့ အဖွင့် အွန်လိုင်းသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ “၂၀၁၅ ခုနှစ်မှာ ဆိုက်ဘာရာဇဝတ်မှု အခု ၂၀ ရှိခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာ ဆိုက်ဘာရာဇဝတ်မှု ၂၂၀ ကျော်၊ ၂၀၁၇ ခုနှစ်နဲ့ ၂၀၁၈ ခုနှစ်မှာတော့ ၃၂၀ ကျော်နဲ့ ၂၀၁၉ မှာ ၃၇၀ ကျော်အထိ ရှိခဲ့ပါတယ်။ ဒီ ၂၀၂၀ မှာတော့ ဒီနေ့အထိက ဆိုက်ဘာရာဇဝတ်မှုပေါင်း ၅၅၀ ကျော်အထိ ရှိနေပါပြီ။ ကျွန်တော်တို့နိုင်ငံမှာ ဒီနေ့အထိ Facebook အသုံးပြုသူဦးရေ […]
Read MoreMicrosoft ဟာ Windows ပေါ်က app store အနာဂတ်အတွက် ပေါ်လစီကို ပြောင်းလဲခဲ့ပါတယ်။ Microsoft ဟာ app developer တွေအတွက် စည်းမျဉ်း ၁၀ ခုကို ဖြန့်ချိခဲ့တဲ့အကြောင်း၊ UMFCCI Training Institute မှ သင်တန်းတွေကို Zoom Application အသုံးပြုပြီး Online စနစ်နဲ့ အောက်တိုဘာ ၂၄ ရက်မှ စတင် ဖွင့်လှစ်သွားမယ့်အကြောင်း၊ Huawei လူသုံးကုန်ထုတ်ကုန်လုပ်ငန်း စီအီးအိုနဲ့ Huawei အမှုဆောင်ဒါရိုက်တာ ရစ်ချတ်ယူကတော့ Mate 40 ဖုန်းတွေကိုတော့ အောက်တိုဘာ ၂၂ ရက်၊ အလယ်ဥရောပ နေ့အချိန် ၁၄ နာရီ တိတိမှာ မိတ်ဆက်မယ်လို့ Weibo မှာတင်ခဲ့တဲ့အကြောင်း စတဲ့ ပြည်တွင်း ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့်အစီအစဉ်ရဲ့ ဒီနေ့အတွက်အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။
Read Moreအလှအပဆိုင်ရာ၊ အဝတ်အထည်၊ အီလက်ထရောနစ်၊ ဖက်ရှင်၊ အစားအစာ၊ သီချင်း၊ ဖိနပ် စတဲ့ ပစ္စည်းမျိုးစုံကို ရှာဖွေဝယ်ယူနိုင်မယ့် အွန်လိုင်းရှော့ပင်း App ဖြစ်ပါတယ်။ မိမိမှာယူချင်တဲ့ပစ္စည်းကို အလွယ်တကူ search လုပ်ကာ ရှာဖွေနိုင်မှာဖြစ်ပြီး ရန်ကုန်မြို့တွင်း ဒီနေ့မှာ မနက်ဖြန်အရောက် ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ နယ်မှ မှာယူသူတွေကတော့ ဘဏ်ကနေ တစ်ရက်ငွေကြိုလွှဲကာ မှာယူရမှာ ဖြစ်ပါတယ်။ App ကို Android ver 4.1 နဲ့ အထက်မှာ ထည့်သွင်းအသုံးပြုနိုင်ပြီး Download လုပ်ချင်ရင်တော့ ဒီနေရာမှာ download လုပ်နိုင်ပါတယ်။ -ရဲထွဋ်ဝင်း »»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာကနေ ရယူဖတ်ရှုနိုင်မယ့် […]
Read MoreHuawei Technologies ကုမ္ပဏီဟာ Honor စမတ်ဖုန်းလုပ်ငန်းကို အစိတ်အပိုင်းကို ရောင်းချဖို့ Digital China Group နဲ့အခြားကုမ္ပဏီတွေနဲ့ ဆွေးနွေးနေပါတယ်။ Huawei ဟာ Honor စမတ်ဖုန်းလုပ်ငန်း ရောင်းချမှုကနေ ယွမ် ၂၅ ဘီလျံ (ဒေါ်လာ ၃.၇ ဘီလျံ) အထိရယူနိုင်ဖို့ မျှော်လင့်နေပါတယ်။ Huawei ဟာ အမေရိကန်အစိုးရရဲ့ စီးပွားရေးပိတ်ဆို့မှုခံထားရပြီး လူငယ်တွေနဲ့ ဘတ်ဂျက်ဖုန်း ထုတ်လုပ်တဲ့ Honor အမှတ်တံဆိပ်ဖုန်းတွေ ထုတ်လုပ်ဖို့ထက် တန်ဖိုးကြီး Huawei ဖုန်းတွေ ထုတ်လုပ်ဖို့ အာရုံစိုက်သွားမယ်လို့ သတင်းရင်းမြစ်က ပြောခဲ့ပါတယ်။ Honor အမှတ်တံဆိပ် ပါဝင်တဲ့ လုပ်ငန်းရောင်းချမှုကိုတော့ အပြီးမသတ်သေးပေမယ့် ရောင်းချမယ့်ထဲမှာ သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဌာနနဲ့ ဆက်စပ် supply chain စီမံလုပ်ငန်းတွေ ပါဝင်လာပါတယ်။ […]
Read MoreApple ဟာ iPhone 12 ဖုန်းသစ်ကို ဈေးနှုန်းသက်သာစွာ ရောင်းချနိုင်ဖို့ EarPods နဲ့ Power adapter တွေကို မထည့်သွင်းထားဘူးလို့ အတည်ပြုခဲ့ပါတယ်။ Apple က Apple Store မှာ Lightning connector ပါဝင်တဲ့ EarPods ကိုတော့ မူလဈေးထက် ၁၀ ဒေါ်လာလျှော့ပြီး ၁၉ ဒေါ်လာနဲ့ ရောင်းချခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ 20W power adapter ကိုလည်း မူလဈေးထက် ၁၀ ဒေါ်လာလျှော့ပြီး ၁၉ ဒေါ်လာနဲ့ ရောင်းချခဲ့ပါတယ်။ ပွဲမတိုင်ခင်ကတည်းက iPhone အသစ်တွေမှာ EarPods နဲ့ charger မပါဘူးလို့ ကောလာဟလ ထွက်ပေါ်ခဲ့ပါတယ်။ သတင်းထွက်တဲ့အတိုင်း ဖြစ်လာပါတယ်။ Apple ဟာ Watch […]
Read MoreOPPO မှ အားလုံးစောင့်မျှော်နေကြတဲ့ “ပေါ့ပါးကျစ်လစ် ခံစားမှုအသစ်” နဲ့ OPPO F17 Pro ကို ယခုလာမယ့် စနေနေ့၊ အောက်တိုဘာလ ၁၇ ရက်နေ့မှာ အွန်လိုင်းမိတ်ဆက်ပွဲအဖြစ် OPPO Myanmar Facebook Page ကနေ တိုက်ရိုက်ထုတ်လွှင့် မိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ခေတ်မီဆန်းသစ်တဲ့ ဒီဇိုင်း၊ 7.48mm အပါးလွှာဆုံး ဖုန်းအထူ၊ AI Portrait ကင်မရာ ၆ ခု နဲ့ 30W VOOC Flash Charge 4.0 တို့ ထည့်သွင်းတပ်ဆင်ထားတဲ့ OPPO F17 Pro မိတ်ဆက်ပွဲအခမ်းအနားကို OPPO Brand Amabassador ပိုင်တံခွန်အပြင် OPPO မိသားစုဝင်တွေဖြစ်တဲ့ Ar-T၊ မေပရေ့စ်၊ Kai […]
Read MoreGoogle Assistant ကတော့ ဆံပင်ညှပ်ဖို့ ဆလွန်းကို ဖုန်းခေါ်ဆိုပြီး ကြိုတင်ဘွတ်ကင်လုပ်ပေးမယ့် လုပ်ဆောင်ချက်ကို ထည့်သွင်းပါတော့မယ်။ အဲဒီ လုပ်ဆောင်ချက်ကတော့ လွန်ခဲ့တဲ့ ၂ နှစ်က Duplex ပထမဆုံး စတင် မိတ်ဆက်တုန်းက ပါဝင်ခဲ့ပါတယ်။ Google Duplex ကတော့ လူသားအသံနဲ့ စတိုးဆိုင်တွေကို ဖုန်းခေါ်ဆိုပြီး ပစ္စည်းတွေကို မှာယူပေးနိုင်ပါတယ်။ Google Duplex ရဲ့ စားသောက်ဆိုင်တွေမှာ စားပွဲရယူတဲ့ လုပ်ဆောင်ချက်ကိုတော့ ၂၀၁၈ ခုနှစ်မှာ အမေရိကန်အတွက် ဖြန့်ချိပေးခဲ့ပါတယ်။ Google ကတော့ အခု feature ကိုတော့ အမေရိကန်အတွက် ဖြန့်ချိလိုက်တယ်လို့ အတည်ပြုခဲ့ပါတယ်။ -စိုးထက် Ref: TheVerge »»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ […]
Read MoreApple ဟာ iPhone ပွဲမှာ iPhone 12 တွေမိတ်ဆက်ခဲ့ပြီးနောက်မှာ အသံပိုင်းဆိုင်ရာ အတွက် ထုတ်ကုန်သစ်တွေကို မိတ်ဆက်လိုက်ပြန်ပါတယ်။ iPhone 12 တွေနဲ့တွဲဖက်အသုံးပြုဖို့အတွက် Apple ပိုင် Beats ကလည်း နားကြပ်အသစ်တွေ ပြသလိုက်ပါတယ်။ Apple ရဲ့ Beats Flex နားကြပ်အသစ်တွေက ဒေါ်လာ ၅၀ ပဲကျသင့်ပါတယ်။ Beats အနေနဲ့ နှစ်အနည်းငယ်အတွင်း ကြိုးမဲ့ earbuds ဈေးနှုန်းကို လျှော့နေပါတယ်။ ဒေါ်လာ ၁၀၀ အောက် နားကြပ်တွေ ထုတ်လုပ်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ Beats Flex နားကြပ်ကို အသုံးမပြုတဲ့အချိန်မှာ လည်ကုပ်မှာ ဝတ်ဆင်ထားနိုင်အောင် ဒီဇိုင်းထုတ်ထားပါတယ်။ နားကြပ်တစ်ဖက်စီမှာ သံလိုက်အစိတ်အပိုင်း ပါဝင်ပြီး ကပ်ထားလိုက်တာနဲ့ သီချင်းရပ်သွားပါမယ်။ -စိုးထက် […]
Read MoreFacebook ရဲ့ VR headset Oculus Quest 2 ကိုတော့ စတင် တင်ပို့ရောင်းချနေပြီ ဖြစ်ပါတယ်။ Quest 2 ဟာ ဈေးသက်သာပြီး ၂၀၁၉ Quest ကိုအပြောင်းအလဲလုပ်ထားတာ ဖြစ်ပါတယ်။ အခု ထုတ်ကုန်ကတော့ သီးသန့် အသုံးပြုနိုင်တဲ့ ထုတ်ကုန်ဖြစ်ပြီး chipset အသစ်နဲ့ ရုပ်ထွက်အရည်အသွေး ပိုမိုကောင်းမွန်ကာ ခလုတ်ဘက်ထရီသက်တမ်း တိုးတက်လာပါတယ်။ အခြေခံ 64GB မော်ကတော့ ၂၉၉ ဒေါ်လာနဲ့ 256GB ကတော့ ၃၉၉ ဒေါ်လာ ကျသင့်ပါမယ်။ စက်တင်ဘာလကတည်းက Quest 2 ကိုကြိုတင်မှာယူခွင့်ပြုထားခဲ့ပါတယ်။ Oculus ဝက်ဘ်ဆိုက်အပြင် Best Buy နဲ့ Walmart ကနေ ဝယ်ယူနိုင်ပါတယ်။ -စိုးထက် Ref: TheVerge […]
Read More