အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ COVID-19 က ရာသီတုပ်ကွေးထက် အားပျော့ဆိုတဲ့ ပို့စ်ကို Facebook ကဖျက်လိုက်တယ်ဆိုတဲ့အကြောင်း၊ KMD နဲ့ Next LvL တို့ပူးပေါင်းကာ E-Sports Academy ဖွင့်လှစ်သွားမယ့်အကြောင်း၊ ပညာရေးအတွက် လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာ အရည်အသွေး မြှင့်တင်ရေးအစီအစဉ်အတွက် ဖင်လန်နိုင်ငံ အစိုးရနဲ့ ယူနက်စကိုတို့က နည်းပညာအကူအညီ၊ ဘဏ္ဍာရေး အကူအညီတို့ ပံ့ပိုးပေးခဲ့ဆိုတဲ့အကြောင်း စတဲ့ ပြည်တွင်း ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့်အစီအစဉ်ရဲ့ ဒီနေ့အတွက်အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။
Read MoreiPhone မှာပါဝင်တဲ့ Shortcuts app ကိုတော့ သုံးစွဲသူတွေ အလွယ်တကူ ကျော်သွားနိုင်ပါတယ်။ Shortcuts app ဟာ အလွန် အသုံးဝင်ပါတယ်။ iOS 14 နဲ့အတူ ပါဝင်လာတဲ့ Shortcuts app ဟာ စိတ်ကြိုက် app icon တွေ ဖန်တီးနိုင်ပါတယ်။ ဒါ့အပြင် home screen မှာ widget ထည့်သွင်းနိုင်မယ့် ပြင်ဆင်မှုတွေလည်း ပါဝင်လာပါတယ်။ iPhone မှာ Shortcuts app အတွက် အသုံးဝင်မယ့် လှည့်ကွက်တွေကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။ Shortcuts ကို install လုပ်ပါ App Store ကနေ Shortcuts ကို install လုပ်ဖို့ လိုအပ်ပါတယ်။ ပြီးတော့ […]
Read Moreပြီးခဲ့တဲ့လက Camon 16 Pro နဲ့ Camon 16 Premier နဲ့အတူ ပထမဆုံးမိတ်ဆက်ခဲ့တဲ့ Tecno Camon 16 ကတော့ အိန္ဒိယဈေးကွက်ထဲရောက်လာပါတယ်။ Tecno Camon 16 မှာ Helio G70 SoC ပါဝင်ပြီး Android 10 အခြေခံ HiOS 7.0 နဲ့ RAM 4GB နဲ့ storage 64GB ပါဝင်လာပါတယ်။ စမတ်ဖုန်းမှာတော့ microSD ကတ်ပေါက် ပါဝင်ပြီး 256GB အထိ ထည့်သွင်းနိုင်ပါတယ်။ Camon 16 မှာတော့ မျက်နှာပြင် ၆.၈ လက်မ HD+ ရုပ်ထွက်အရည်အသွေး ပါဝင်ပြီး ဖုန်းဘယ်ဘက်ထောင့်မှာ 16MP selfie ကင်မရာ […]
Read Moreမိတ်မဆက်ထားတဲ့ Oppo A53s ဖုန်းကတော့ Amazon DE မှာ ပေါက်ကြားထွက်ပေါ်လာပါတယ်။ အဲဒီမှာ အသေးစိတ်အချက်အလက် အပြည့်အစုံနဲ့ ဓာတ်ပုံအပြင် ယူရို ၁၈၉ နဲ့ ကြိုတင်မှာယူနိုင်ပြီး အောက်တိုဘာ ၁၃ ရက်မှာ ရောင်းချမယ်ဆိုတဲ့ တရားဝင်ထုတ်ပြန်ချက်လည်း ပါဝင်လာပါတယ်။ Amazon Germany က တရားဝင် Oppo စတိုးက Oppo A53s နဲ့ A53 မှားပြီး ဖော်ပြမိဖွယ်ရှိပါတယ်။ A53s မှာတော့ မျက်နှာပြင် ၆.၅ လက်မ HD+ ရုပ်ထွက်အရည်အသွေး မြန်ဆန်တဲ့ 90Hz display အပြင် 5,000mAh ဘက်ထရီ ပါဝင်လာပါတယ်။ USB-C port ကတစ်ဆင့် 18W အထိ အားသွင်းပေးနိုင်သလို ကင်မရာ […]
Read Moreတီဗီ၊ အဝတ်လျှော်စက်၊ ပန်ကာ၊ Air-Con စတဲ့ အီလက်ထရောနစ်ပစ္စည်းတွေ ဝယ်ယူကြတော့မယ် ဆိုရင် အာမခံ ပါပါ့မလား၊ တစ်ခုခု ပျက်သွားရင် After-Sale Service ရော အလွယ်တကူ ရရှိနိုင်မလား၊ နောက်တစ်ချက်က ကိုယ်ဝယ်ယူလိုက်တဲ့ အမှတ်တံဆိပ်အတွက် အပိုပစ္စည်းရော အလွယ်တကူ ဝယ်လို့ရနိုင်မလား ဆိုတာဟာ အရေးကြီးတဲ့ စဉ်းစားစရာအချက် ဖြစ်ပါတယ်။ Syinix Electronics ပစ္စည်းတွေရဲ့ After-sale Service ပိုင်းကို တရားဝင်တာဝန်ယူ ဆောင်ရွက်ပေးလျက်ရှိတဲ့ Carlcare Service Center ကတော့ Syinix Product ကိုဝယ်ယူထားတဲ့ Customer တွေအတွက် Stay Home ကာလ Service Center ပိတ်ထားရတဲ့ အချိန်အတွင်း “Cloud After-Sale Service” ကို […]
Read MoreRealme ဟာ Q2 စီးရီး စမတ်ဖုန်းတွေကို အောက်တိုဘာ ၁၃ ရက်မှာ မိတ်ဆက်မယ်လို့ weibo ကတစ်ဆင့် တရားဝင် ကြောညာလိုက်ပါတယ်။ မိတ်ဆက်ပွဲကိုတော့ တရုတ်ပြည်မှာ နံနက် ၁၀ နာရီ (UTC နံနက် ၂ နာရီ) ပြုလုပ်မယ်လို့ ဖော်ပြထားပါတယ်။ Q2 စီးရီးတွေထဲမှာ Q2 နဲ့ Q2 Pro ပါဝင်ပါတယ်။ အသေးစိတ် အချက်အလက်တွေကိုတော့ Realme ကမထုတ်ပြန်သေးပါဘူး။ Q2 ဖုန်းတွေမှာ Android 11 အခြေခံ Realme UI 2.0 ပါဝင်မယ်လို့ သိရပါတယ်။ Realme Q2 မှာတော့ အဓိက ကင်မရာ 48MP နဲ့ ကျောဘက်မှာ သားရေပါဝင်တယ်လို့ သတင်းထွက်နေပါတယ်။ […]
Read MoreApple ဟာ စတိုးမှာ Apple နဲ့ Beats ထုတ်ကုန်တွေအတွက် Bose, Logitech နဲ့ Sonos ကိုဖယ်ရှားခဲ့ပါတယ်။ Apple အနေနဲ့ ကုမ္ပဏီပထမဆုံး over-ear နားကြပ် AirPods Studio ကို ရောင်းချနိုင်ဖွယ်ရှိပါတယ်။ Apple ဟာ AirPods Studio ကို သားရေနဲ့ သတ္တုပြုလုပ်ထားတဲ့ ပရီမီယမ်ဗားရှင်းကို ရောင်းချနိုင်ပြီး ဒေါ်လာ ၆၀၀ ကျသင့်သလို နောက်ဗားရှင်းကတော့ ဒေါ်လာ ၃၅၀ ပဲ ကျသင့်ပါမယ်။ ဈေးသက်သာတဲ့ ဗားရှင်းမှာ နားခွက်အတွက် ချည်ထည်အသုံးပြုထားပြီး သံလိုက်ပါဝင်တယ်လို့ သိရပါတယ်။ Apple AirPods Studio ကတော့ နားကြပ်ပေါက်တွေ အတွက် အသုံးမပြုနိုင်ဘဲ USB-C port ပဲ ပါဝင်ပါမယ်။ […]
Read MoreGoogle ဟာ အရွယ်သေးငယ်ပြီး ပေါ့ပါးတဲ့ Go ဗားရှင်း app တွေကို စတင်မိတ်ဆက်လိုက်ပါတယ်။ Google က ဈေးသက်သာတဲ့ စမတ်ဖုန်းတွေမှာ အသုံးပြုနိုင်ဖို့ Go ဗားရှင်းတွေ ထုတ်လုပ်လိုက်ပါတယ်။ မိုဘိုင်း data ဈေးကြီးတဲ့ ဖွံ့ဖြိုးဆဲဈေးကွက်အတွင်း ရောင်းတဲ့ စမတ်ဖုန်းနဲ့ RAM နည်းပါးတဲ့ ဖုန်းတွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတာပါ။ စွမ်းဆောင်ရည်မြင့်မားတဲ့ ဖုန်းတွေမှာ Go app ကိုအသုံးပြုပြီး footprint နဲ့ အချက်အလက်သုံးစွဲမှုကို လျှော့ချနိုင်ပါတယ်။ ဒါကြောင့် Google ဟာ Android ဖုန်းတွေမှာ Go app အသုံးပြုနိုင်ဖို့ ကန့်သတ်ချက်တချို့ကို ဖယ်ရှားနေပါတယ်။ အခုဆိုရင် Google က Gmail Go ကို ဖြန့်ချိလိုက်ပါတယ်။ Gmail Go […]
Read MoreMPT ဆင်းမ်ကတ် သုံးသူတွေအနေနဲ့ နာမည်ကြီး ကိုရီးယားနဲ့ မြန်မာရုပ်ရှင်နဲ့ တီဗီစီးရီးတွေကို ဖုန်းကနေကြည့်နိုင်မယ့် App ဖြစ်ပါတယ်။ တစ်ရက်အသုံးပြုခ ၉၉ ကျပ် ကျသင့်မယ့် အခပေး App ဖြစ်ပြီး အွန်လိုင်းအခြေပြု App အမျိုးအစား ဖြစ်ပါတယ်။ ရုပ်ရှင်နဲ့ ဗီဒီယိုတွေကို App ကနေ တိုက်ရိုက်ကြည့်ရှုနိုင်မှာ ဖြစ်သလို ဖုန်းထဲကို download ပြုလုပ်ကာလည်း ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ App ကို Android ver 4.3 နဲ့ အထက်မှာ ထည့်သွင်းအသုံးပြုနိုင်ပြီး Download လုပ်ချင်ရင်တော့ ဒီနေရာမှာ download လုပ်နိုင်ပါတယ်။ -ရဲထွဋ်ဝင်း »»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ […]
Read Moreသတင်းအချက်အလက်အမှားများ ပျံ့နှံ့မှုလျှော့ချရေးနှင့် အသိပညာပြည့်ဝတဲ့ လူမှုအသိုင်းအဝိုင်း တစ်ခု တည်ဆောက်ရေးအတွက် ‘မီဒို’ လို့ လူအများသိထားတဲ့ Myanmar ICT for Development Organization (MIDO) ကို Facebook ရဲ့ လေးခုမြောက် ကြားခံပြင်ပအချက်အလက်စစ်ဆေးသူ မိတ်ဖက်အဖြစ် ခန့်အပ်လိုက်တယ်လို့ သိရပါတယ်။ MIDO ဟာ Poynter Institute ရဲ့ ဘက်လိုက်မှုကင်းသော နိုင်ငံတကာ အချက်အလက်စစ်ဆေးရေးကွန်ရက် (IFCN) မှ ထောက်ခံချက် ရရှိထားပြီး Facebook ပေါ်မှာ မြန်မာဘာသာနဲ့ ရေးသားထားတဲ့ အကြောင်းအရာများ၊ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေ ဆန်းစစ်လေ့လာကာ မည်မျှတိကျမှန်ကန်ကြောင်း အဆင့်သတ်မှတ်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အချက်အလက် စစ်ဆေးသူများမှ မှားနေသည်ဟု သတ်မှတ်လိုက်တဲ့ အကြောင်းအရာတစ်ခုမှာ သတင်းစဉ်တွင် ဖော်ပြမှု […]
Read MoreCopyright © 2021 | Internet Journal