Day: October 11, 2020

IJcasts (Oct 11,2020)

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကတော့ ကမ္ဘာတစ်ဝန်း စိတ်ကျန်းမာရေးပြဿနာတွေကို ပိုမိုဆိုးဝါးအောင် တွန်းပို့နေတဲ့အတွက် Facebook ဟာ ကျွမ်းကျင်သူလမ်းညွှန်နဲ့ သတင်းအချက်အလက်နဲ့ စိတ်ကျန်းမာရေးရင်းမြစ်စင်တာအသစ်တစ်ခု လွှင့်တင်လိုက်ဆိုတဲ့အကြောင်း၊ အရင်းအနှီးစျေးကွက်နှင့် Stock Exchange ပိုင်းကို စိတ်ဝင်စားသူတွေအနေနဲ့ SFUx-YSX Certifcate in Understanding Capital markets သင်တန်းကို SFUx တွင် အခမဲ့ လေ့လာသင်ယူနိုင်မယ့်အကြောင်း၊ အောက်တိုဘာ ၁၂ ရက်တွင် အင်တာနက်ဂျာနယ် အတွဲ (၂၁)၊ အမှတ်(၃၂) ပြန်လည် ထွက်ရှိမယ်ဆိုတဲ့အကြောင်း စတဲ့ ပြည်တွင်း ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့်အစီအစဉ်ရဲ့ ဒီနေ့အတွက်အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။

Read More

Byoh – Health, Beauty, Celebrity News Myanmar

လူငယ်လူရွယ်တွေ အောင်မြင်တိုးတက်မှုဆိုင်ရာ၊ ကျန်းမာရေးဆိုင်ရာ၊ ဖက်ရှင်ဆိုင်ရာ၊ ဘဝနေထိုင်မှုဆိုင်ရာ စတဲ့ ဗဟုသုတရဖွယ်ရာတွေ အပြင် ပျော်ရွှင်ဖွယ်ရာအစီအစဉ်နဲ့ ဆယ်လီတွေရဲ့ အကြောင်းတွေကိုပါ လေ့လာဖတ်ရှုနိုင်မယ့် App ဖြစ်ပါတယ်။ စိတ်ဝင်စားဖွယ်ရာ ကဏ္ဍပေါင်းများစွာ ပါဝင်ပါတယ်။ တစ်ရက်အသုံးပြုခ ၉၉ ကျပ် ကျသင့်မယ့် အခပေး App ဖြစ်ပြီး အွန်လိုင်းအခြေပြု App အမျိုးအစား ဖြစ်ပါတယ်။ App ကို Android version 4.3 နဲ့ အထက်မှာ ထည့်သွင်း အသုံးပြုနိုင်ပြီး Download လုပ်ချင်ရင်တော့ ဒီနေရာမှာ download လုပ်နိုင်ပါတယ်။ -ရဲထွဋ်ဝင်း »»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««

Read More

iPhone 12 Event

Apple ချစ်သူတွေစောင့်မျှော်နေတဲ့ iPhone 12 မိတ်ဆက်ဖို့ ရက်ပိုင်းပဲ လိုပါတော့တယ်။ အောက်တိုဘာ ၁၃ ရက်မှာ လုပ်မယ့် Apple Event ကို အင်တာနက်ဂျာနယ် Live Blog ကနေ စောင့်မျှော်ကြည့်ရှုနိုင်ပါတယ်

Read More

Samsung ထုတ်ကုန်များအား KBZPay Shopper Loan မှတစ်ဆင့် အတိုးမဲ့ဖြင့် ဝယ်ယူသွားနိုင်မည်

Samsung Electronics နဲ့ KBZPay ပေါင်း၍ သုံးစွဲသူများ Samsung မိုဘိုင်းဖုန်းနဲ့ အီလက်ထရောနစ် ပစ္စည်းတွေကို ဝယ်ယူတဲ့အခါမှာ ပိုမိုအဆင်ပြေလွယ်ကူမှု ရှိစေဖို့ KBZPay Shopper Loan မှတစ်ဆင့် အတိုးမဲ့ဖြင့် ဝယ်ယူနိုင်အောင် ဆောင်ရွက်လိုက်တယ်လို့ သိရပါတယ်။ ယခုမိတ်ဆက်လိုက်တဲ့ လစဉ်ငွေပေးချေမှု အစီအစဉ်ကို အသုံးပြုပြီး သုံးစွဲသူတွေအနေနဲ့ ၎င်းတို့ နှစ်သက်ရာ Samsung စမတ်ဖုန်းများ၊ တီဗွီများ၊ အဝတ်လျှော်စက်များနဲ့ ရေခဲသေတ္တာတွေကို လက်ငင်းငွေပေးချေရန် မလိုအပ်ဘဲ 0% အတိုးနှုန်း (အတိုးမဲ့) နဲ့ KBZPay မိုဘိုင်းအက်ပလီကေးရှင်း မှတစ်ဆင့် ဝယ်ယူသွားနိုင်မှာဖြစ်ပါတယ်။ ထို့အပြင် KBZPay ဈေးဝယ်ချေးငွေ အသုံးပြုခွင့်ရရှိပြီးသူတွေ အနေနဲ့ အာမခံပေးသူ မလိုအပ်ဘဲ ၅,၀၀၀,၀၀၀ ကျပ်အထိ ချေးငွေရယူနိုင်မှာ ဖြစ်တဲ့အပြင် ဝယ်ယူတဲ့ထုတ်ကုန် […]

Read More

REMAX Power Bank

ခရီးသွားနေရင်း ဖုန်းအားသွင်းဖို့ လိုအပ်တဲ့ အချိန်တွေမှာ အဆင်ပြေပြေနဲ့ အားသွင်းနိုင်မယ့် REMAX အမှတ်တံဆိပ် Bodi Series Power Bank ဖြစ်ပါတယ်။အားသိုလှောင်မှု အနေနဲ့ 20000mAh နဲ့ 10,000mAh ဆိုပြီး ဝင်ရောက်လာတာ ဖြစ်ပါတယ်။ 20000mAh က ဖုန်း ၂ လုံး တူတူ အားဖြည့်နိုင်ပြီး Android / Type-C ကြိုးတွေနဲ့ အားပြန်သွင်းနိုင်မှာ ဖြစ်ပါတယ်။ အရောင်အနေနဲ့ အဖြူနဲ့ အနက် ၂ မျိုးရှိတာကြောင့် နှစ်သက်ရာ အရောင်ကို ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ တန်ဖိုးက ၁၉,၅၀၀ ကျပ် ဖြစ်ပါတယ်။ 10,000mAh ကလည်း ဖုန်း ၂ လုံး သွင်းနိုင်ပြီး Android / Type-C […]

Read More

KMD နှင့် Next LvL တို့ပူးပေါင်းကာ E-Sports Academy ဖွင့်လှစ်မည်

KMD နဲ့ Next LvL တို့ပူးပေါင်းကာ E-Sports Academy ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။ “ E-Sports Ecosystem (Game နဲ့ ပတ်သက်ဆက်နွှယ်တဲ့ လုပ်ငန်းတွေ) မှာ အရေးကြီးတဲ့ လုပ်ငန်းအစိတ်အပိုင်း (၃) ပိုင်း ပါဝင်ပါတယ်။ အဲ့ဒါတွေကတော့ Sports အားကစား၊ Technology နဲ့ Education တို့ပဲ ဖြစ်ပါတယ်။ ဂိမ်းနဲ့ ဆက်စပ်တဲ့ လုပ်ငန်းစုထဲမှာ တတိယ အရေးကြီးတဲ့ အစိတ်အပိုင်းကတော့ Education နဲ့ Academy ဖြစ်ပါတယ်။ E-Sports Tournaments တွေ၊ Events တွေ၊ Game Developers တွေ၊ E-Sports Biz ကို မောင်းနှင်တဲ့ Event Manager တွေ၊ […]

Read More