Day: October 10, 2020

IJcasts (Oct 10,2020)

အောက်တိုဘာ ၁၃ ရက်မှာ ကျရောက်မယ့် နှစ် (၁၀၀) ပြည့် မြန်မာ့ရုပ်ရှင်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အွန်လိုင်းရုပ်ရှင်ပွဲတော်ကို အောက်တိုဘာ ၈ ရက် မှ ၃၁ ရက် အထိ ကျင်းပသွားမယ့်အကြောင်း၊ Facebook ဟာ အမေရိကန်ရွေးကောက်ပွဲအတွင်း မဲပေးသူတွေကို လှည့်စားမယ့် post တွေကို ဖြုတ်ချမယ်လို့ ပြောခဲ့ဆိုတဲ့အကြောင်း၊ တတိယအကြိမ်မြောက် အွန်လိုင်းသုတေသန စာတမ်းရေးနည်းသင်တန်း၊ တန်းခွဲသစ်အနေနဲ့ အောက်တိုဘာ ၁၀ ရက်မှာ ဖွင့်လှစ်မယ်ဆိုတဲ့အကြောင်း စတဲ့ ပြည်တွင်း ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့်အစီအစဉ်ရဲ့ ဒီနေ့အတွက်အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။

Read More

Buddha Dhamma Network

ဗုဒ္ဓ ဓမ္မတရားတော်ဆိုင်ရာတွေကို အသံနဲ့ နားဆင်နိုင်အောင် ဖန်တီးထားတဲ့ App ဖြစ်ပါတယ်။ ဘုရားရှိခိုးနည်းအမျိုးမျိုး၊ ရတနာသုံးပါး၊ သုတ်တရားအမျိုးမျိုး၊ ငါးပါးသီလတရားတော်၊ ဘုရားဂုဏ်တော်ကိုးပါး၊ ဆရာတော်ကြီးများရဲ့ တရားတွေအပြင် ဓမ္မဆိုင်ရာဗဟုသုတတွေကို App ကနေ အလွယ်တကူ နားဆင်နိုင်မှာ ဖြစ်ပါတယ်။ အွန်လိုင်းအခြေပြု App အမျိုးအစားဖြစ်ပြီး အွန်လိုင်း Offline ပုံစံတွေနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ App ကို Android ver 5.0 နဲ့ အထက်မှာ ထည့်သွင်းအသုံးပြုနိုင်ပြီး Download လုပ်ချင်ရင်တော့ ဒီနေရာမှာ download လုပ်နိုင်ပါတယ်။ -ရဲထွဋ်ဝင်း »»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini […]

Read More

စတော့ရှယ်ယာနှင့်အရင်းအနှီးဈေးကွက် အခမဲ့သင်တန်း ဖွင့်မည်

အရင်းအနှီးစျေးကွက်နှင့် Stock Exchange ပိုင်းကို စိတ်ဝင်စားသူတွေအတွက် Yangon Stock Exchange-YSX နဲ့ Strategy First University Extension-SFUx တို့ပူပေါင်းပြီး SFUx-YSX Certifcate in Understanding Capital markets သင်တန်းကို SFUx တွင် အခမဲ့ လေ့လာသင်ယူနိုင်မှာ ဖြစ်ပါတယ်။ စတော့ရှယ်ယာအရောင်းအဝယ် စိတ်ဝင်စားသူတွေ၊ ရင်းနှီးမြှုပ်နှံလိုသူတွေ အနေနဲ့ ဒီသင်တန်းမှာ အရင်းအနှီးဈေးကွက်အရေးပါပုံ၊ စတော့အိတ်ချိန်းရဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေကို အသေးစိတ် လေ့လေသင်ယူနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် စတော့အိတ်ချိန်းမှာ စာရင်းဝင်ရန်အတွက် ဆောင်ရွက်ချက်တွေနဲ့ စတော့ရောင်းဝယ်ခြင်းဆိုင်ရာ ပညာရပ်တွေကို အခမဲ့ လေ့လာသင်ယူရမှာဖြစ်ပါတယ်။ သင်တန်းကာလ ၅ ပတ်ကြာမြင့်မှာ ဖြစ်ပြီး ဦးသက်ထွန်းဦး, Executive Senior Manager, Yangon Stock […]

Read More

Huawei Fit Smart watch

Huawei Fit smart watch မှာ Built-in GPS sensor နဲ့ နှလုံးခုန်နှုန်းကျန်းမာရေးကို စောင့်ကြည့်ပေးနိုင်တဲ့ လုပ်ဆောင်ချက်တွေ ပါဝင်တဲ့အပြင် 5ATM10 ရထားတဲ့အတွက် ရေနဲ့ အမှုန်အမွှားတွေထိခိုက်မှုဒဏ်ကိုလည်း ခံနိုင်ရည်ရှိမှာဖြစ်ပါတယ်။ Storage အတွက် 4GB ထောက်ပံ့ထားပြီး 1.64 inches AMOLED Display အသုံးပြုထားပါတယ်။ Resolution က 280×456 HD ဖြစ်တဲ့အတွက် ကြည်လင်ပြတ်သားတဲ့ မြင်ကွင်းကျယ် ရရှိနိုင်မှာဖြစ်ပါတယ်။ Dual chipset architecture နဲ့ power-saving algorithms ကိုအသုံးပြုထားတဲ့ အတွက် ၁၀ ရက်ကြာအထိ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Quick charge နည်းပညာကြောင့် အချိန် ၅ မိနစ် အားသွင်းရုံနဲ့ တစ်နေ့တာသုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ […]

Read More

မြန်မာ့ရုပ်ရှင်ရာပြည့်အထိမ်းအမှတ် အဖြစ် အခမဲ့စိတ်ကြိုက် ရွေးချယ်ကြည့်ရှုနိုင်မယ့် အစီအစဉ် Cookie ပြုလုပ်

မြန်မာ့ရုပ်ရှင်ရာပြည့်အထိမ်းအမှတ် အဖြစ် မြန်မာ့ရုပ်ရှင်ဇာတ်ကားကောင်းတွေကို အခမဲ့ စိတ်ကြိုက် ရွေးချယ်ကြည့်ရှုနိုင်မယ့် အစီအစဉ်ကို Cookie application ကနေ ပြုလုပ်ပေးထားပါတယ်။ ရုပ်ရှင်ချစ်ပရိသတ်တွေ အနေနဲ့ အောက်တိုဘာ ၁၃ ရက်ကနေ အောက်တိုဘာ ၃၁ ရက်အထိ Cookie application ထဲမှာ Promo Code (MMFILM100) အသုံးပြုကာ Cookie ရဲ့ ရုပ်သံလိုင်းတွေနဲ့ ရာပေါင်းများစွာသော ရုပ်ရှင်တွေအပါအဝင်၊ ဇာတ်ကားပေါင်းများစွာ စုစည်းပေးထားတဲ့ မြန်မာ့ရုပ်ရှင်နှစ် (၁၀၀)ပြည့် ရုပ်ရှင် Album ပါဝင်တဲ့ Cookie Plan ကို အခမဲ့ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ Cookie Application ကို Android အတွက် http://bit.ly/CookieTVandroidLink နဲ့ iOS အတွက် http://bit.ly/CookieTVappstore မှာရယူနိုင်ပါတယ်။ -အောင်သူ […]

Read More