Day: October 8, 2020

Apple iPhone 12 နဲ့ပတ်သက်ပြီး သိထားသင့်သမျှ

Apple ဟာ အောက်တိုဘာ ၁၃ ရက်မှာ ပွဲအတွက် ဖိတ်စာတွေ ဝေငှထားပြီးပါပြီ။ အဲဒီပွဲမှာ iPhone ကို မိတ်ဆက်ပါမယ်။ အခုကာလက ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ဖြစ်ပေါ်နေတဲ့အတွက် ပွဲကိုတော့ virtual ပဲ ပြုလုပ်ပါမယ်။ Apple iPhone 12 မှာ ပါဝင်မယ့် feature တွေနဲ့ပတ်သက်ပြီး ကောလာဟလတွေကလည်း ထွက်နေပါတယ်။ iPhone 12 နဲ့ပတ်သက်ပြီး ထွက်ပေါ်နေတဲ့ သတင်းတွေကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။ အောက်တိုဘာလအတွင်း iPhone 12 ရောင်းချနိုင် iPhone 12 ကို အောက်တိုဘာ ၁၃ ရက်မှာ မိတ်ဆက်ပြီး ရက်သတ္တပတ် အနည်းငယ်အကြာမှာ ရောင်းချနိုင်ပါတယ်။ MacRumors နဲ့ DigiTimes ကတော့ Apple ဟာ […]

Read More

ThinKyar (သင်ကြား)

အိမ်မှာနေရင်း အွန်လိုင်းသင်တန်းတွေ တက်နိုင်မယ့် App ဖြစ်ပါတယ်။ ပြည်တွင်းနယ်ပယ်စုံက ပညာရှင်တွေရဲ့ သင်တန်းတွေဖြစ်တဲ့ ဓာတ်ပုံပညာ၊ ဖက်ရှင်ဒီဇိုင်း၊ ဂရပ်ဖစ်ဒီဇိုင်း၊ ဗီဒီယိုတည်းဖြတ်ခြင်း၊ ပရိုဂရမ်ရေးသားခြင်း၊ စီးပွားရေး၊ တစ်ကိုယ်ရေဖွံ့ဖြိုးမှုဆိုင်ရာ စတဲ့ သင်တန်းတွေကို တက်ရောက်နိုင်မှာ ဖြစ်ပြီး App ကနေ သင်တန်းဆရာတွေရဲ့အကြောင်း လေ့လာနိုင်မှာဖြစ်သလို အခြားသောစိတ်ဝင်စားဖွယ်ရာ အစီအစဉ်တွေကိုလည်း လုပ်ဆောင်နိုင်အောင် ဖန်တီးထားတာ ဖြစ်ပါတယ်။ App ကို Android ver 5.0 နဲ့ အထက်မှာ ထည့်သွင်းအသုံးပြုနိုင်ပြီးDownload လုပ်ချင်ရင်တော့ ဒီနေရာမှာ download လုပ်နိုင်ပါတယ်။ -ရဲထွဋ်ဝင်း »»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««

Read More

iOS အတွက် လုံခြုံရေး feature အသစ် Google ထည့်သွင်း

Google ဟာ လုံခြုံရေး feature သစ်တွေကို မိတ်ဆက်လိုက်ပါတယ်။ အဲဒီ လုပ်ဆောင်ချက်ထဲမှာ Google account ကလုံခြုံရေးပြဿနာကို cross-app သတိပေးမယ့် feature ပါဝင်လာပါတယ်။ Google က account မှာကြီးမားတဲ့ လုံခြုံရေးပြဿနာ ခြေရာခံမိတဲ့အခါ သုံးစွဲသူအသုံးပြုနေတဲ့ Google app တစ်ခုခုမှာ သတိပေးချက်ကို ဖော်ပြပေးပါမယ်။ အဲဒီ လုပ်ဆောင်ချက်ကို လာမယ့်အပတ်အတွင်း ကန့်သတ်ဖြန့်ချိနေပါပြီ။ လက်ရှိမှာတော့ iOS အတွက်ပဲ ဖြန့်ချိရသေးပါတယ်။ လာမယ့်နှစ်အတွင်း feature ကို တိုးချဲ့မယ်လို့ blog post မှာ Google ရေးသားထားပါတယ်။ -စိုးထက် Ref: TheVerge »»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ […]

Read More

၂၀၂၁ ခုနှစ် အစောပိုင်း ဖြန့်ချိမယ့် Intel CPU

Intel ဟာ ၂၀၂၁ ခုနှစ် ပထမဆုံး သုံးလပတ်အတွင်း ၁၁ ခုမြောက် “Rocket Lake” CPU တွေကို ဖြန့်ချိမယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။ အဲဒီချစ်ပ်တွေက AMD တတိယမြောက် Ryzen ချစ်ပ် နဲ့တူပြီး PCle 4.0 ထောက်ပံ့မှု ပါဝင်လာပါမယ်။ Intel ဟာ AMD ရဲ့ Ryzen 5000 CPU ကို Rocket Lake နဲ့ယှဉ်ပြိုင်ပါမယ်။ ဒါကြောင့် desktop အသစ်တစ်လုံး တည်ဆောက်ချင်သူတွေအတွက် သတင်းကောင်းဖြစ်ပါတယ်။ Intel ရဲ့ CPU တွေမှာ “Cypress Cove” core တည်ဆောက်မှုပါဝင်ပြီး မြန်ဆန်သလို 8-core အထိ တိုးချဲ့ထောက်ပံ့ထားတယ်လို့ Videocardz ကဖော်ပြခဲ့ပါသေးတယ်။ […]

Read More

စိတ်ကျန်းမာရေး သတင်းအချက်အလက်လမ်းညွှန်ကို Facebook မိတ်ဆက်

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကတော့ ကမ္ဘာတစ်ဝန်း စိတ်ကျန်းမာရေးပြဿနာတွေကို ပိုမိုဆိုးဝါးအောင် တွန်းပို့နေပါတယ်။ Facebook ဟာ ကျွမ်းကျင်သူလမ်းညွှန်နဲ့ သတင်းအချက်အလက်နဲ့ စိတ်ကျန်းမာရေးရင်းမြစ်စင်တာအသစ်တစ်ခု လွှင့်တင်လိုက်ပါတယ်။ အဲဒီစင်တာက ဝန်ဆောင်မှုနဲ့ ထောက်ပံ့မှုပါဝင်တဲ့ အခြား app တွေနဲ့ လူမှုရေးမီဒီယာ platform သုံးစွဲသူတွေကို ချိတ်ဆက်ပေးတယ်လို့ ကုမ္ပဏီက ထုတ်ပြန်ခဲ့ပါတယ်။ Emotional Health ဟာ Facebook app ပေါ်က ရင်းမြစ်စင်တာတစ်ခုဖြစ်ပြီး NAMI, Kids Help Phone နဲ့ It’s OK To Talk အပါအဝင် ကမ္ဘာတစ်ဝန်းက ကျွမ်းကျင်ပညာရှင်တွေက သတင်းအချက်အလက်နဲ့ tip တွေ ပါဝင်လာပါမယ်။ အဲဒီစင်တာကို တစ်ကမ္ဘာလုံးဆီ ဖြန့်ချိလိုက်ပြီး ဒေသတွင်း စိတ်ကျန်းမာရေးရုံး သတင်းအချက်အလက်ကို ဖော်ပြပေးပါမယ်။ -စိုးထက် Ref: […]

Read More

မြန်မာ့ရုပ်ရှင် နှစ် (၁၀၀) ပြည့်အထိမ်းအမှတ် ရုပ်ရှင်ပွဲတော်ကို အွန်လိုင်းမှပြုလုပ်မည်

အောက်တိုဘာ ၁၃ ရက်မှာ ကျရောက်မယ့် နှစ် (၁၀၀) ပြည့် မြန်မာ့ရုပ်ရှင်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အွန်လိုင်းရုပ်ရှင်ပွဲတော်ကို အောက်တိုဘာ ၈ ရက် မှ ၃၁ ရက် အထိ ကျင်းပသွားမယ်လို့ သိရပါတယ်။ အွန်လိုင်းရုပ်ရှင်ပွဲတော်မှာ Mahar Mobile Application နဲ့ မြန်မာရုပ်ရှင်၊ ဗီဒီယိုဇာတ်ကားပေါင်း ၂၅၀၀ ကျော်ကို Promo Cod (102020) နဲ့ အောက်တိုဘာ ၈ ရက် မှ ၃၁ ရက် အထိ လည်းကောင်း၊ Cookie Application နဲ့ မြန်မာ့ရုပ်ရှင်ဇာတ်ကားပေါင်း ၅၀ ကျော်၊ ရုပ်သံလိုင်းပေါင်း ၅၀ ကျော်နဲ့ မြန်မာ့ရုပ်ရှင် နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် Movie […]

Read More

ရွေးကောက်ပွဲမတိုင်မီ မဲပေးသူတွေကို လှည့်စားတဲ့ post တွေကို ဖျက်ပစ်မယ့် Facebook

Facebook ဟာ အမေရိကန်ရွေးကောက်ပွဲအတွင်း မဲပေးသူတွေကို လှည့်စားမယ့် post တွေကို ဖြုတ်ချမယ်လို့ ပြောခဲ့ပါတယ်။ အဲဒီ content တွေထဲမှာ အခွင့်အာဏာမရှိတဲ့ မဲပေးမှု ကြည့်ရှုဖို့ လူတွေအားပေးတဲ့ post တွေကိုလည်း ဖြုတ်ချသွားပါမယ်။ Facebook ဟာ နိုဝင်ဘာလအတွင်း မဲပေးမှုအပြီး label နဲ့ သတိပေးချက်တွေက တစ်ဆင့် ရွေးကောက်ပွဲရလဒ် အတိအကျကို သုံးစွဲသူတွေဆီ တိုက်ရိုက် အသိပေးပါမယ်။ Facebook အပါအဝင် လူမှုရေးမီဒီယာတွေဟာ ၂၀၁၆ ခုနှစ် အမေရိကန်ရွေးကောက်ပွဲအတွင်း အမေရိကန်တွေအကြား သဘောထားကွဲလွဲမှု ဖြစ်ပေါ်ဖို့ ရုရှားက platform တွေကို အလွဲသုံးစားလုပ်တာကို မဟန့်တားနိုင်ဘူးလို့ လူတွေက ဝေဖန်ခဲ့ကြပါတယ်။ နောက်ပိုင်းမှာ Facebook က အမေရိကန်ရွေးကောက်ပွဲ အတွက် ပြင်ဆင်မှုတွေကို ပြုလုပ်လာပြီး […]

Read More

Huawei မှ ကျပ်သိန်းပေါင်း ၁၆၀ ကျော် တန်ဖိုးရှိ COVID-19 ရောဂါတိုက်ဖျက်ရေးအတွက် ကာကွယ်ရေးသုံးပစ္စည်းများကို လှူဒါန်းခဲ့

Huawei မှ COVID-19 ရောဂါတိုက်ဖျက်ရေးအတွက် မန္တလေးတိုင်းဒေသကြီးအစိုးရထံသို့ ကျပ်သိန်းပေါင်း ၁၆၀ ကျော် တန်ဖိုးရှိ ရောဂါကာကွယ်ရေးသုံးပစ္စည်းများ လှူဒါန်းခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။ “ကြိုတင်ကာကွယ်တာဟာ ကုသခြင်းထက် ပိုကောင်းပါတယ်။ ဒီလှူဒါန်းမှုဟာ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ COVID-19 ဒုတိယလှိုင်းကို တစ်ထောင့်တစ်နေရာကနေ ကောင်းမွန်စွာကိုင်တွယ်နိုင်ပြီး ဒေသခံတွေကြား ရောဂါဖြစ်ပွားနှုန်းကို ကျဆင်းစေမယ်လို့ ယုံကြည်ပါတယ်။ အရင်လို စည်ကားတဲ့ မန္တလေးမြို့ကြီး ပြန်ဖြစ်လာရေး အတွက် မန္တလေးတိုင်းဒေသကြီးအစိုးရ အနေနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေမှာ ပိုမိုဆောင်ရွက် လာနိုင်အောင် ဒီလှူဒါန်းမှုက အကူအညီဖြစ်စေမယ်လို့ ယုံကြည်ပါတယ်” လို့ Huawei Myanmar ရဲ့ CEO ဖြစ်သူ Mr. Ding Zhaoyi ကပြောကြားခဲ့ပါတယ်။ Huawei အနေနဲ့ မန္တလေးတိုင်းဒေသကြီးအစိုးရထံသို့ ပြီးခဲ့တဲ့ မေလက ကျပ်သိန်း […]

Read More

Professional Diploma in International Business Administration အွန်လိုင်းသင်တန်း ဖွင့်လှစ်မည်

အင်တာနက်နဲ့ မိုဘိုင်းဖုန်းတစ်လုံး ရှိရုံနဲ့ အလွယ်တကူ လေ့လာသင်ကြားနိုင်မယ့် ABE Endorsed,UK မှ တိုက်ရိုက်ချီးမြှင့်မယ့် Professional Diploma in International Business Administration သင်တန်းကို အောက်တိုဘာ ၁၈ ရက်မှာ စတင်မှာ ဖြစ်တဲ့အတွက် တက်ရောက်လိုသူတွေ အနေနဲ့ စာရင်းပေးသွင်းနိုင်ပြီ ဖြစ်တယ်လို့ သိရပါတယ်။ သင်တန်းမှာ သင်ခန်းစာ ၁၂ ခု ပါဝင်မှာဖြစ်ပြီး Zoom (Face to Face)+ Google Classroom နဲ့ သင်ကြားပေးမှာ ဖြစ်ပါတယ်။ အောက်တိုဘာ ၁၈ ရက်မှာ စတင်သင်ကြားပေးမှာဖြစ်ပြီး သင်တန်းချိန်က နံနက် ၉ နာရီမှ ၁၁ နာရီအထိ ဖြစ်ပါတယ်။ သင်တန်းကာလ ၃ လ ကြာမြင့်မှာဖြစ်ပါတယ်။ […]

Read More