Day: October 6, 2020

IJcasts (Oct 6,2020)

Facebook ဟာ ပလက်ဖောင်းပေါ်ရှိ public group တွေက ဆွေးနွေးမှုတွေကို News Feed မှာ ဖော်ပြပေးသွားမယ်လို့ ထုတ်ပြန်ခဲ့ဆိုတဲ့အကြောင်း၊ ဂျပန်နိုင်ငံရှိ တက္ကသိုလ်မှာ ဘွဲ့ကြိုတန်း ပညာသင်သူလိုသူတွေအတွက် Study in Japan Online Seminar ကို အောက်တိုဘာ ၈ ရက် နေ့လယ် ၁ နာရီ မှ ၂ နာရီခွဲအထိ Zoom Application မှတစ်ဆင့် ကျင်းပမယ်ဆိုတဲ့အကြောင်း၊ Microsoft ဟာ ကွန်ပျူတာအသစ် ၂ မျိုး မိတ်ဆက်လိုက်ပါတယ်။Surface Laptop Go ကတော့ ဈေးသက်သာပြီး ဒုတိယမျိုးဆက် Surface Pro X ကတော့ တန်ဖိုးကြီးထုတ်ကုန် ဖြစ်တယ်ဆိုတဲ့အကြောင်း စတဲ့ ပြည်တွင်း ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့်အစီအစဉ်ရဲ့ ဒီနေ့အတွက်အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။

Read More

Myanmar Movies and Cartoon

မြန်မာ ဒရမ်မာ၊ ကာတွန်းနဲ့ ဟာသဗီဒီယိုတွေကို အခမဲ့ ကြည့်နိုင်မယ့် App ဖြစ်ပါတယ်။ သမိန်ပေါသွပ်၊ တွတ်ပီ စတဲ့ ကာတွန်းဗီဒီယိုတွေ၊ ဟာသအငြိမ့်ဗီဒီယိုတွေနဲ့ အခြားဗီဒီယိုတွေကို App တစ်ခုတည်းကနေ ရှာဖွေကြည့်ရှုနိုင်မှာဖြစ်ပြီး အွန်လိုင်းအခြေပြု App အမျိုးအစား ဖြစ်ပါတယ်။ App ကို Android ver 5.0 နဲ့ အထက်မှာ ထည့်သွင်း အသုံးပြုနိုင်ပြီးDownload လုပ်ချင်ရင်တော့ ဒီနေရာမှာ download လုပ်နိုင်ပါတယ်။ -ရဲထွဋ်ဝင်း »»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««

Read More

အခွန်ရှောင်မှုနဲ့ တရားစွဲခံရတဲ့ antivirus စွန့်ဦးတီထွင်လုပ်ငန်းရှင် ဂျွန်မက်ဖီး

Antivirus software စွန့်ဦးတီထွင်လုပ်ငန်းရှင် ဂျွန်မက်ဖီးဟာ cryptocurrency အားပေးမှု၊ အလုပ်အကိုင်အကြံပေး၊ ဟောပြောပွဲပြုလုပ်မှုနဲ့ မှတ်တမ်းဇာတ်ကားအတွက် ဘဝဇာတ်ကြောင်း မူပိုင်ခွင့်ရောင်းချမှုတို့ကနေ ဒေါ်လာသန်းပေါင်းများစွာ ရရှိမှုကို သတင်းပေးဖို့ ပျက်ကွက်ပြီးနောက် အခွန်ရှောင်မှုနဲ့ တရားစွဲထားတယ်လို့ အစိုးရရှေ့နေတွေက ပြောပါတယ်။ မက်ဖီးဟာ အိမ်ခြံမြေ၊ ကားနဲ့ ရွက်လှေ အပါအဝင် ပိုင်ဆိုင်သမျှ အရာတွေကို အခြားသူတွေအမည်နဲ့ Internal Revenue Service မသိအောင် ဖွက်ထားခဲ့တယ်လို့ ဆွဲချရှေ့နေတွေကပြောပါတယ်။ မက်ဖီးဟာ တင်နက်ဆီပြည်နယ်၊ မန်းဖစ်မြို့က ဖက်ဒရယ်တရားရုံးမှာ အခွန်ရှောင်မှုနဲ့ ဇွန်လမှာ တရားစွဲဆိုခံထားရပါတယ်။ တနင်္လာနေ့က မက်ဖီးကို စပိန်မှာ ဖမ်းဆီးခဲ့ပြီး အကျဉ်းသားလွှဲပြောင်းပေးဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ မက်ဖီးဟာ အစောပိုင်း အင်တာနက်လုံခြုံရေး software ဖန်တီးပြီးနောက် ထင်ရှားလာသူဖြစ်ပါတယ်။ သူနဲ့ပတ်သက်ပြီး အမေရိကန်နဲ့ […]

Read More

သီချင်းစာသားတွေ ရှာဖွေနိုင်မယ့် feature ကို Spotify ဖြန့်ချိ

Spotify ဟာ iOS နဲ့ Android အတွက် သီချင်းစာသားတွေ ရှာဖွေနိုင်မယ့် လုပ်ဆောင်ချက်ကို သုံးစွဲသူတွေဆီ ဖြန့်ချိနေပါပြီ။ Apple Music မှာတော့ သီချင်းစာသားရှာဖွေနိုင်တဲ့ လုပ်ဆောင်ချက်တွေ ပါဝင်လာတာ နှစ်နှစ်လောက် ရှိပါပြီ။ သီချင်းနားထောင်သူတွေဟာ သီချင်းတွေ ထည့်သွင်းပြီး play လုပ်ပြီးတာနဲ့ သီချင်းစာသားအတွက် ဝက်ဘ်ရှာဖွေမှု ပြုလုပ်ရပါတယ်။ Spotify ကတော့ အဲ့ပြဿနာကို ဖြေရှင်းဖို့ သီချင်းစာသားထည့်သွင်းတဲ့ လုပ်ဆောင်ချက်ကို ထည့်သွင်းလိုက်ပါတယ်။ Spotify ရဲ့ update အသစ်ကတော့ Apple Music ကို အမီလိုက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ -စိုးထက် Ref: 9to5Mac »»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် […]

Read More

ဈေးအသက်သာဆုံး Poco ဖြစ်လာတဲ့ Poco C3

Poco ဟာနောက်ဆုံးပေါ် စမတ်ဖုန်း Poco C3 ကိုမိတ်ဆက်လိုက်ပါတယ်။ C ကတော့ ကင်မရာကို ရည်ညွှန်းတာ ဖြစ်ပါတယ်။ Poco C3 ကတော့ Redmi 9C နဲ့တူပြီး အသေးစိတ် အချက်အလက်တွေလည်း ဆင်ပါတယ်။ Poco ကတော့ C3 ကို နှစ်ရောင်စပ် ထုတ်လုပ်ထားတဲ့အတွက် လက်ရာမထင်သလို မြဲမြဲကိုင်ထားနိုင်ပါတယ်။ Poco C3 အတွက် အပြာ၊ အစိမ်းနဲ့ အနက် ဆိုပြီး ထုတ်လုပ်ထားပါတယ်။ မျက်နှာပြင်အရွယ်အစား ၆.၅၃ လက်မ ဖြစ်ပြီး HD+ ရုပ်ထွက်အရည်အသွေးနဲ့ 20:9 aspect ratio ရှိပါတယ်။ အဓိက ကင်မရာကတော့ 13MP အပြင် 2MP macro နဲ့ 2MP depth […]

Read More

မျက်နှာပြင်အက်ကွဲမှုကို ပြင်ဆင်ပေးနိုင်မယ့် နည်းပညာ Apple မူပိုင်ခွင့်တင်

Apple ဟာ ခေါက်စမတ်ဖုန်း မျက်နှာပြင်မှာ အသုံးပြုမယ့် အလိုအလျောက်ပြင်ဆင်မယ့် နည်းပညာအတွက် မူပိုင်ခွင့်တင်ထားပါတယ်။ အဲဒီနည်းပညာမှာ elastomer ဆိုတဲ့အရာဝတ္ထုကို အသုံးပြုပါမယ်။ Elastomer ဟာအလွယ်တကူ ကွေးနိုင်တဲ့ အရာဝတ္ထုတစ်ခုဖြစ်ပြီး အပူပေးလိုက်ရင် မူလပုံသဏ္ဍာန်ပြန်ရောက်သွားနိုင်ပါတယ်။ Apple ရဲ့မူပိုင်ခွင့်စာရွက်စာတမ်းအရ အဲဒီအရာကို ဖုန်း၊ laptop၊ tablet နဲ့ နာရီအပြင် အခြားထုတ်ကုန်တွေမှာလည်း အသုံးပြုမယ်လို့ ဖော်ပြထားပါတယ်။ “ကွေးနိုင်ဆန့်နိုင်တဲ့ Display Cover အလွှာနဲ့ ထုတ်ကုန်များ” ဆိုတဲ့ Apple မူပိုင်ခွင့်မှာတော့ “အပြင်ဘက်အလွှာက ဖန်ထည်၊ ပလတ်စတစ်အကြည်သား၊ sapphire ဒါမှမဟုတ် ထွင်းဖောက်မြင်နိုင်တဲ့ အရာတွေက ထရန်စစ္စတာဆားကစ်နဲ့ အခြား display တည်ဆောက်မှုအတွက် အကာကွယ်တစ်ခုအဖြစ်ပါလာမယ်” လို့ရေးသားထားပါတယ်။ စိုးထက် Ref: DailyMail

Read More

အိမ်အလုံး ၇၀၀ အထိစွမ်းအင်ပေးနိုင်တဲ့ Amazon ဆိုလာစွမ်းအင်စနစ်

Amazon ဟာ အင်္ဂလန်က အက်စ်ဆက်စ်ကောင်တီအတွင်း စတုရန်းပေ ၂သန်းကျယ်တဲ့ မြေပေါ်မှာ ဆိုလာပြား ၁၁,၅၀၀ တည်ဆောက်ထားပါတယ်။ Amazon ဟာ ၂၀၂၅ အရောက်မှာ ပြန်လည်သန့်စင်နိုင်တဲ့ စွမ်းအင်ကို ပြောင်းလဲ အသုံးပြုဖို့ အခုစီမံကိန်းကို ပြုလုပ်နေပါတယ်။ Amazon ရဲ့ဆိုလာစနစ်က နှစ်စဉ် မီဂါဝက်နာရီပေါင်း ၂,၇၀၀ ဝန်းကျင် ဒါမှဟုတ် ၄.၈၃ မီဂါဝတ်ပမာဏ လျှပ်စစ်စွမ်းအင်ထုတ်လုပ်ပေးပါတယ်။ အဲဒီပမာဏက တစ်နှစ်တိတိ အိမ်ပေါင်း ၇၀၀ကို စွမ်းအင်ပေးဖို့ လုံလောက်တယ်။ Amazon ရဲ့ အက်စ်ဆက်စကောင်တီ၊ တယ်ဘူရီက ပစ္စည်းဖြည့်သွင်းရေးစင်တာက ဆိုလာပြားတပ်ဆင်ထားမှုကို အောက်တိုဘာ ၁ရက်နေ့ ထုတ်ဖော်ပြသခဲ့တယ်။ အဲဒီစင်တာက Amazon စက်ရုံထဲက ကမ္ဘာ့ဒုတိယမြောက်နဲ့ ဥရောပက အကြီးဆုံးစင်တာဖြစ်ပါတယ်။ Amazon ဟာ Climate Pledge […]

Read More

စပီကာနဲ့ နားကြပ်တချို့ မိတ်ဆက်နိုင်တဲ့ Apple

Apple ဟာ ကိုယ်ပိုင်စတိုးမှာ Bose, Logitech နဲ့ Sonos ထုတ်ကုန်ရောင်းချမှုကို ရပ်ဆိုင်းလိုက်ပါတယ်။ ဒါကြောင့် Apple အနေနဲ့ ဒီနှစ်အတွင်း နားကြပ်နဲ့ စပီကာအသစ်တွေကို မိတ်ဆက်နိုင်တယ်လို့ ကောလာဟလ ထွက်ပေါ်နေပါတယ်။ Apple ရဲ့အပြောင်းအလဲကို Bloomberg က အရင်ဆုံး‌ တွေ့ခဲ့ပါတယ်။ ကုမ္ပဏီအနေနဲ့ အခြားထုတ်ကုန်ရောင်းချမှုကို ပြန်လည်သုံးသပ်လေ့ရှိပြီး Apple ထုတ်ကုန် စွမ်းဆောင်ရည် အကောင်းဆုံးဖြစ်စေမယ့် ထုတ်ကုန်တွေကို ရွေးချယ်တယ်လို့ Apple က Bloomberg ကိုပြောခဲ့ပါတယ်။ Apple အနေနဲ့ ဒီလနှောင်းပိုင်း အောက်တိုဘာ ၁၃ ရက်မှာ ထုတ်ကုန်သစ်မိတ်ဆက်ပွဲ လုပ်နိုင်တယ်လို့ ကောလာဟလ ထွက်နေပါတယ်။ စိုးထက် Ref: TheVerge

Read More

NVIDIA ရဲ့ ပရိုအဆင့်ရှိ RTX A6000 နဲ့ A40 GPU များ

NVIDIA ဟာ Ampere တည်ဆောက်မှုအသစ် ပါဝင်တဲ့ ပရော်ဖက်ရှင်နယ်သုံး RTX A6000 နဲ့ A40 တို့ကို မိတ်ဆက်လိုက်ပါတယ်။ စွမ်းဆောင်ရည်မြင့် NVIDIA RTX A6000 နဲ့ A40 တို့က ဒေါ်လာ ၁,၄၉၉ တန်ဖိုးရှိ RTX 3090 ထက်သာလွန်ပြီး 10,752 CUDA core နဲ့ RAM 48GB တို့ပါဝင်လာပါတယ်။ ဒါ့အပြင် RTX 8000 နဲ့ 6000 Quadro GPU နေရာ ဆက်ခံသွားပါမယ်။ NVIDIA ကတော့ ကတ်အသစ် ၂ မျိုးရဲ့ clock speed အချက်အလက် အသေးစိတ်ကိုတော့ မထုတ်ပြန်ထားပါဘူး။ သတင်းအရ RTX 3080 နဲ့ […]

Read More