ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနအနေနဲ့ မြန်မာနိုင်ငံရဲ့ e-Government လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ပြီး နိုင်ငံတစ်ဝှမ်းရှိ အစိုးရအဖွဲ့အစည်းများ အသီးသီးမှ Website၊ Application၊ Online Service အစရှိတဲ့ လုပ်ငန်းစဉ်များ အတွက် သက်သာသော ဝန်ဆောင်ခ နှုန်းထားတွေနဲ့ အစိုးရအဖွဲ့အစည်းတွေကို ဝန်ဆောင်မှုပေးသွားမယ့်အကြောင်း၊ Go Digital ASEAN စီမံကိန်းရဲ့ ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုသင်တန်းကို အခမဲ့သင်ကြားနိုင်မယ်လို့သိရပါတယ်။ သင်တန်းကို ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနဲ့ ကရင်ပြည်နယ် တို့မှ အလုပ်အကိုင်ရှာဖွေနေတဲ့ အသက် ၁၈ နှစ် မှ ၂၅ နှစ်အတွင်းရှိပြီး သင်တန်း (၃) ရက်ကို ပြီးဆုံးသည်အထိ တက်ရောက်နိုင်သူတွေ လျှောက်ထားနိုင်ဆိုတဲ့အကြောင်း၊ iPhone 12 ကတော့ မော်ဒယ် ၄ မျိုးနဲ့ ထွက်လာမယ်လို့ သိရပါတယ်။
Read Moreဂျပန်နိုင်ငံက ကမ္ဘာကျော်ကျည်ဆန်ရထားတွေဟာ စီးနင်းသူမရှိ ဖြစ်နေတာကြောင့် လုပ်ငန်းလည်ပတ်ဖို့ အကျပ်တွေ့နေကြပါတယ်။ ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါက လေကြောင်းလိုင်းတွေသာမက ပြည်တွင်းဆက်သွယ်ပို့ဆောင်ရေးကိုလည်း ထိခိုက်စေပါတယ်။ ကပ်ရောဂါ မရှိရင်တော့ ဂျပန်နိုင်ငံက လူအများစုက မြို့အပြင်ထွက်လာပြီး ရှုခင်းတွေကြည့်တတ်သလို အားလပ်ရက်လည်း ယူလေ့ရှိပါတယ်။ ဂျပန်အရှေ့ပိုင်း ရထားလမ်းကုမ္ပဏီနဲ့ ဂျပန်အနောက်ပိုင်း ရထားလမ်းကုမ္ပဏီတို့ဟာ ရထားလက်မှတ်ရောင်းချမှုမှာ အကြီးဆုံးကုမ္ပဏီ ၂ ခု ဖြစ်ပါတယ်။ အဲဒီ ကုမ္ပဏီတွေက ၁၉၈၇ ခုနှစ်မှာ ဂျပန်ရဲ့ ရထားလမ်းကွန်ရက်ကို ပုဂ္ဂလိကပိုင် အဖြစ် လုပ်ကိုင်ခဲ့တဲ့နောက်ပိုင်း အကြီးမားဆုံး ဆုံးရှုံးမှုကို ခန့်မှန်းထားပါတယ်။ မတ်လ ၃၁ ရက်မှာ ကုန်ဆုံးမယ့် လက်ရှိနှစ်အတွက် ယန်း ၄၁၈ ဘီလျံ (ဒေါ်လာ ၄ ဘီလျံ) ဆုံးရှုံးနိုင်တယ်လို့ ဂျပန်အရှေ့ပိုင်းရထားလမ်းကုမ္ပဏီက ခန့်မှန်းထားပါတယ်။ ပြီးခဲ့တဲ့နှစ်ကတော့ […]
Read MoreZeiss ဟာ လွန်ခဲ့တဲ့၂ နှစ်က မိတ်ဆက်ခဲ့တဲ့ ZX1 ကင်မရာကို မကြာခင် ရောင်းချပါတော့မယ်။ အဲဒီ ကင်မရာကို ဒေါ်လာ ၆,၀၀၀ နဲ့ ကြိုတင်မှာယူနိုင်မယ်လို့ B&H Photo အီးမေးလ်ကတစ်ဆင့် ထုတ်ပြန်ခဲ့ပါတယ်။ Zeiss ZX1 ကင်မရာဟာ ၂၀၁၉ ခုနှစ် အစောပိုင်းမှာ ထွက်ရှိဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။ Zeiss ZX1 မှာ 37-megapixel full-frame sensor ပါဝင်ပြီး 35mm f/2 lens ၊ အီလက်ထရောနစ် viewfinder , aperture, shutter speed နဲ့ ISO ထိန်းချုပ်နိုင်တဲ့ ခလုတ် ၃ ခု ပါဝင်လာပါတယ်။ မျက်နှာပြင်အရွယ်အစားကတော့ ၄.၃ လက်မ […]
Read Moreမော်ဒယ်နိမ့်နေတဲ့ TV ကို Android smart TV အဖြစ် ပြောင်းလဲ အသုံးပြုနိုင်ရုံသာမက မိမိအိမ်မှာရှိတဲ့ HDMI port ပါဝင်တဲ့ မည်သည့် TV မျိုးနဲ့မဆို ချိတ်ဆက်ပြီး zoom application နဲ့ အွန်လိုင်းသင်တန်းတက်ခြင်းကိုပါ ပြုုလုပ်နိုင်အောင် ဆောင်ရွက်ပေးမယ့် TX6S 4 + 64G (8K) Android TV Box ဖြစ်ပါတယ်။ Wireless display ချိတ်ပြီး ကိုယ့်ရဲ့လက်ကိုင်ဖုန်းကနေ app ,video ,photo ,game စတာတွေကို TV screen ပေါ်ကနေ ကြည့်ရှုအသုံးပြုနိုင်မှာဖြစ်ပါတယ်။ Allwinner H616 quad-core ARM Cortex A53 CPU နဲ့ graphic ပိုင်းအတွက် […]
Read Moreမြန်မာနိုင်ငံတက္ကသိုလ်များကို သုတေသနနှင့် ဆန်းသစ်တီထွင်မှု အခြေ ပြုတက္ကသိုလ်များ ဖြစ်လာစေရေး ရည်မှန်းထားတယ်လို့ ပညာရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အောက် တိုဘာ ၄ ရက်က ကျင်းပပြုလုပ်ခဲ့တဲ့ (၁၇) ကြိမ်မြောက် သိပ္ပံနှင့် နည်းပညာဝန်ကြီးများ၏ စကားဝိုင်းဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါတယ်။ သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု (Science, Technology and Innovation – STI) သည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေး၊ စိုက်ပျိုးရေး၊ သဘာဝပတ်ဝန်းကျင်၊ စွမ်းအင်၊ ဆက်သွယ်ရေးနှင့် ကျန်းမာရေးနယ်ပယ်တို့ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အရေးပါလှကြောင်း၊ မြန်မာနိုင်ငံတွင် ၂၀၁၈ ခုနှစ် ဇွန် ၂၅ ရက်က သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု ဥပဒေကို ပြဋ္ဌာန်းပြီးနောက် ဆက်လက်၍ အမျိုးသားသိပ္ပံ၊ […]
Read MoreUniversity of Windsor သို့ ကနေဒါ အစိုးရ အသိအမှတ်ပြု ၁၂ တန်းပညာရေး (သို့) Ontario Secondary School Diploma ပြီးထားသူတွေ လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။ University of Windsor မှာ Business Administration, Communication Media and film, Economics, Civil Engineering, Engineering Technology, Computer Science, Education အစရှိသဖြင့် ဘာသာရပ်တွေကို လေ့လာနိုင်မှာဖြစ်ပြီး ဘာသာရပ်အများစုတွင် ကျောင်းသား၊ကျောင်းသူတွေအတွက် Co-op Education Option ရှိထားခြင်းပဲ ဖြစ်ပါတယ်။ University of Windsor ဟာ ကနေဒါနိုင်ငံရဲ့ National Ranking မှာ အဆင့် ၂၂ […]
Read Moreလစဉ် Minecraft ကစားသူ ၁၃၁ သန်းကျော် ရှိတယ်လို့ Minecraft Live အတွင်း Mojang Studios က ထုတ်ပြန်ခဲ့ပါတယ်။ ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုအတွင်း Minecraft ဂိမ်းကစားမှု ပိုမိုမြင့်တက်လာပါတယ်။ “ကပ်ရောဂါ စတင်ဖြစ်ပွားပြီး နောက်ပိုင်း multiplayer ကဏ္ဍအတွင်း ၉၀ ရာခိုင်နှုန်းနီးပါး တိုးတက်လာတာ ကျွန်တော်တို့ မြင်ရပါတယ်။ ကျွန်တော်တို့ အသိုက်အဝန်းက တစ်လချင်း ကစားသူ ၁၃၂ သန်းနီးပါး အထိ တိုးတက်လာတယ်” လို့ Mojang ကမှတ်ချက်ပြုခဲ့ပါတယ်။ Minecraft Dungeons ကွန်ပျူတာဂိမ်းလည်း ထွက်ရှိထားပြီး Minecraft ဇာတ်ကောင်နဲ့ အစဉ်အလာအတိုင်း အခြားပုံစံတစ်ခုနဲ့ ကစားနိုင်ပါတယ်။ အဖွဲ့တွေက dungeons စီးရီးတစ်လျှောက် ရန်သူအမျိုးမျိုးကို စုစည်းတိုက်ခိုက်ရပါမယ်။ ဒီနှစ်အစောပိုင်းမှာ […]
Read MoreSony ဟာ ဂျပန်စာနယ်ဇင်းသမားနဲ့ YouTuber တွေကို ဖိတ်ခေါ်ပြီး PlayStation 5 မိတ်ဆက်ပေးလိုက်ပါတယ်။ PS5 ထုတ်ကုန်ပုံကို ပေါက်ကြားမှု မဟုတ်ဘဲ hand-on ဓာတ်ပုံနဲ့ ဗီဒီယိုတွေအဖြစ် ပထမဆုံးအကြိမ် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ သတင်းဝက်ဘ်ဆိုက် အများစုက PS5 ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို အသေးစိတ် ဖော်ပြနေကြပြီး astro’s Playroom နဲ့ Godfall ဂိမ်းတွေကို ကစားပြကြပါတယ်။ 4gamer က PS5 ဂိမ်းစက် ဓာတ်ပုံကို အသေးစိတ်ဖော်ပြထားပြီး ဂိမ်းစက်ကို ဒေါင်လိုက်ထား ကစားနိုင်ပုံကိုလည်း လက်တွေ့ပြသခဲ့ပါတယ်။ တချို့ဓာတ်ပုံတွေကတော့ PS5 အအေးခံနိုင်ပုံကို ပြသခဲ့ပါတယ်။ -စိုးထက် Ref: TheVerge »»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ […]
Read Moreအမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံရပါတယ်။ သမ္မတဒေါ်နယ်ထရမ့်ဟာ ကပ်ရောဂါ၊ လူအဖွဲ့အစည်းတရားမျှတမှု၊ ပြည်ဝင်ခွင့်ပေါ်လစီနဲ့ ပတ်သက်ပြီး မညှာမတာပေါ်လစီတွေ ချမှတ်လေ့ရှိတာကြောင့် လူတွေက ဝေဖန်ခဲ့ကြပါတယ်။ အခုအခါ သမ္မဒေါ်နယ်ထရမ့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့အခါ လူတချို့ကတော့ twitter ပေါ်မှာ ကျိန်ဆဲခဲ့ကြပါတယ်။ Twitter အနေနဲ့ ပလက်ဖောင်းပေါ်မှာ သမ္မတဒေါ်နယ်ထရမ့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေပါစေလို့ ကျိန်ဆဲတဲ့ tweet တွေကို ဖယ်ရှားမယ်လို့ Motherboard ကိုပြောခဲ့ပါတယ်။ အဲဒီပုံစံ tweet တွေကို ဖယ်ရှားပြီး account ကိုလည်း read only mode အဖြစ် ပြောင်းလဲမယ်လို့ သိရပါတယ်။ Twitter ဟာ ဧပြီလနောက်ပိုင်း ပြောင်းလဲထားတဲ့ စည်းမျဉ်းအတိုင်း ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ -စိုးထက် Ref: Vice »»» […]
Read MoreCopyright © 2021 | Internet Journal