Day: October 2, 2020

IJcasts (Oct 2,2020)

အနာဂတ်မှာ လေကြောင်း ဆေးဘက်အကူဝန်ထမ်းတွေက ကျေးလက်လည်ပတ်သူတွေ ဒဏ်ရာရသူနဲ့ လူသူကင်းဝေးတဲ့ တောင်တန်းတွေကြားထဲ ရောက်ရှိသူတွေကို ရှာဖွေကုသဖို့ ရော့ကတ်ကို အသုံးပြုလာနိုင်ဆိုတဲ့အကြောင်း၊ မိမိတို့ မဲဆန္ဒနယ်အလိုက် ကိုယ်စားလှယ်လောင်းများကို VoteMM ဝက်ဘ်ဆိုက်မှတစ်ဆင့် ရှာဖွေနိုင်တဲ့အကြောင်း၊ Facebook ဟာ ဖိလစ်ပိုင်စစ်တပ်နဲ့ ဆက်စပ်နေတဲ့ account ကွန်ရက်ကို ဖြုတ်ချခဲ့ပါတယ်။ အဲဒီ ဖြစ်ရပ်ကြောင့် ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးက Facebook ကိုဝေဖန်ပြီး နိုင်ငံတွင်းမှာ ပိတ်သိမ်းပစ်မယ်လို့ ခြိမ်းခြောက်ခဲ့တဲ့အကြောင်း စတဲ့ ပြည်တွင်း ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့်အစီအစဉ်ရဲ့ ဒီနေ့အတွက်အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။

Read More

ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုသင်တန်းကို အခမဲ့သင်ကြားပေးမည်

Go Digital ASEAN စီမံကိန်းရဲ့ ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုသင်တန်းကို အခမဲ့သင်ကြားနိုင်မယ်လို့သိရပါတယ်။ သင်တန်းကို ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနဲ့ ကရင်ပြည်နယ် တို့မှ အလုပ်အကိုင်ရှာဖွေနေတဲ့ အသက် ၁၈ နှစ် မှ ၂၅ နှစ်အတွင်းရှိပြီး သင်တန်း (၃) ရက်ကို ပြီးဆုံးသည်အထိ တက်ရောက်နိုင်သူတွေ လျှောက်ထားနိုင်ပါတယ်။ Go Digital ASEAN စီမံကိန်းရဲ့ ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုသင်တန်းမှာ ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုနဲ့ စီးပွားရေးအခွင့်အလမ်းသစ်တွေကို ဖန်တီးပေးမယ့် အခမဲ့သင်တန်းတစ်ခု ဖြစ်ပြီး စီမံကိန််းမှာ အာဆီယံ (၁၀) နိုင်ငံဖြစ်သည့် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ ထိုင်း နဲ့ ဗီယက်နမ် တို့မှ စွန့်ဦးတီထွင်သူတွေ၊ အလုပ်မရရှိသေးတဲ့ လူငယ်တွေနဲ့ အမျိူးသမီးတွေ အပါအဝင် […]

Read More

Amazon ဝန်ထမ်း ၂၀,၀၀၀ နီးပါး COVID-19 ကူးစက်ခံရ

မတ်လနောက်ပိုင်းမှာ အမေရိကန်အတွင်းက ရှေ့တန်းဝန်ထမ်း ၁၉,၈၁၆ ဦး COVID-19 ကူးစက်ခံထားရတယ်လို့ Amazon က ထုတ်ပြန်သွားပါတယ်။ Amazon နဲ့ ကုမ္ပဏီခွဲ Whole Foods ကဝန်ထမ်း ၁.၃၇ သန်းမှာ ၁.၄၄ ရာခိုင်နှုန်း COVID ကူးစက်ခံထားရပါတယ်။ Amazon ဟာ ဝန်ထမ်းတွေ၊ အလုပ်သမားအဖွဲ့အစည်းနဲ့ ရွေးကောက်ခံကိုယ်စားလှယ်တွေရဲ့ ဝေဖန်မှုတွေခံနေရပါတယ်။ Amazon က ဝန်ထမ်းတွေရဲ့ ကျန်းမာရေးအပေါ် အရဲစွန့်ပြီး အန္တရာယ်များအောင် လုပ်နေတယ်လို့ သူတို့က ဝေဖန်ထားကြပါတယ်။ ဒါပေမဲ့ Amazon က ရောဂါကူးစက်ခံရမှုက ထင်ထားတာထက် နည်းပါးပါတယ်လို့ တုံ့ပြန်ခဲ့ပါတယ်။ နေအိမ်မှာ နေထိုင်ရတဲ့ကာလအတွင်း အွန်လိုင်းကနေ ဈေးဝယ်မှု မြင့်တက်လာတာကြောင့် Amazon ဟာ ကပ်ရောဂါကာလအတွင်း လုပ်ငန်းတွေ ဆက်လက်ဖွင့်လှစ် ဆောင်ရွက်နေပါတယ်။ […]

Read More

News Showcase အတွက် ဒေါ်လာ ၁ ဘီလျံ Google ရင်းနှီးမြှုပ်နှံ

Google ဟာ Google News Showcase ကို ထုတ်ဖော်ပြသခဲ့ပြီး ဒေါ်လာ ၁ ဘီလျံ ရင်းနှီးမြှုပ်နှံသွားပါမယ်။ Google ဟာ ဇွန်လတုန်းက ထုတ်ကုန်အမျိုးမျိုးမှာ ပေါ်လာမယ့် feature အသစ်အတွက် သတင်းဌာနတွေက သတင်းတွေအတွက် လိုင်စင်ရယူသွားမယ်လို့ ကြေညာဖူးပါတယ်။ Google ဟာ Google News Showcase အတွက် အရည်အသွေးမြင့် content တွေ ဖန်တီး၊ စုစည်းနိုင်ဖို့ ထုတ်ဝေသူတွေကို အခကြေးပေးသွားပါမယ်။ Google က News Showcase သတင်း panel တွေဟာ swipe လုပ်နိုင်ပြီး အွန်လိုင်းသတင်းတွေနဲ့ မတူညီတဲ့ အတွေ့အကြုံပေးသွားပါတယ်။ Google News Showcase ရဲ့ panel တွေက Google သတင်းထုတ်ကုန် […]

Read More

iPhone 12 မော်ဒယ် ၄ မျိုးနဲ့ ထွက်ရှိနိုင်

iPhone 12 ကတော့ မော်ဒယ် ၄ မျိုးနဲ့ ထွက်လာမယ်လို့ သိရပါတယ်။ အဲဒီသတင်းကိုတော့ Twitter က @a_rumors1111 ကဖော်ပြခဲ့ပါတယ်။ iPhone 12 ဟာ ဈေးနှုန်းလည်း ကွာခြားနိုင်ပါတယ်။ iPhone 12 mini ဈေးနှုန်းကတာ့ ၆၄၉ ဒေါ်လာ ကျသင့်ပြီး iPhone 12 Pro Max ကတော့ ဒေါ်လာ ၁,၃၉၉ အထိ ကျသင့်ပါမယ်။ iPhone 12 မော်ဒယ်တစ်ခုစီအတွက် memory ကိုတော့ 64/128/256GB ဆိုပြီး ထုတ်လုပ်သွားပါမယ်။ ဈေးနှုန်းမြင့်မားတဲ့ iPhone 12 ဖုန်းအတွက်128/256/512GB ဗားရှင်းတွေ ထုတ်လုပ်ပါမယ်။ iPhone 12 mini မျက်နှာပြင် အရွယ်အစားကတော့ ၅.၄ လက်မ […]

Read More

Public Group post တွေကို News Feed မှာပြသပေးမယ့် Facebook

Facebook ဟာ Group တွေအတွက် feature များစွာကို ထောက်ပံ့လိုက်ပါတယ်။ တစ်လမှာ Facebook ပေါ်က Group သုံးစွဲသူ ၁.၈ ဘီလျံ ရှိပါတယ်။ Group ဖန်တီးနိုင်တဲ့ လုပ်ဆောင်ချက်ကိုတော့ လွန်ခဲ့တဲ့ ဆယ်နှစ်က စတင်ဖြန့်ချိခဲ့ပါတယ်။ Facebook ပေါ်က စိတ်ဝင်စားစရာ အကောင်းဆုံး လုပ်ဆောင်ချက်ထဲက တစ်ခု ဖြစ်ပါတယ်။ Facebook ဟာ ပလက်ဖောင်းပေါ်မှာ public group တွေက ဆွေးနွေးမှုတွေကို ဖော်ပြပေးသွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ သုံးစွဲသူက post ဒါမှမဟုတ် လင့်ခ်ကို ဝေမျှလိုက်ရင် group တွေက သက်ဆိုင်တဲ့ ဆွေးနွေးမှုကို မြင်နိုင်ပါမယ်။ တကယ်လို့ group အဖွဲ့ဝင်မဟုတ်လည်း share ထားရင် မြင်နိုင်ပါတယ်။ ဆွေးနွေးမှုတွေကလည်း Group […]

Read More

Razer Opus

Razer ကနေ နောက်ဆုံးထွက်ရှိထားတဲ့ Razer Opus ဖြစ်ပါတယ်။ နားကြပ်ကို အရမ်းလေးတာမကြိုက်ဘူး ပေါ့ပေါ့ပါးပါးနဲ့ သက်သောင့်သက်သာရှိတာကို ကြိုက်တဲ့သူတွေအတွက် သီးသန့်ဖန်တီးပေးထားတဲ့ ဒီဇိုင်းပုံစံ ဖြစ်ပါတယ်။THX Certificate ရရှိထားပြီး ရုပ်ရှင်ရုံထဲ ရောက်သွားသလို ပတ်ပတ်လည် အသံတွေကို ခံစားရမယ့် Surrounding System ထောက်ပံ့ပေးထားပါတယ်။ Microphone Frequency Response အနေနဲ့ 100 Hz – 10 kHZ ရှိပါတယ်။ Driver အရွယ်အစား 40mm Diameters ရှိပြီး Noise Canceling လည်းပါတာမို့ ပတ်၀န်းကျင်က ဆူညံသံတွေကို ကောင်းမွန်စွာ ဖယ်ရှားနိုင်မှာပါ။ QUICK ATTENTION MODE, AUTO PAUSE/AUTO PLAY စတဲ့ စနစ်တွေနဲ့ ချိန်ညှိဖို့အတွက် […]

Read More

ခွဲစိတ်ဆရာဝန်တွေ အခမဲ့ ကစားနိုင်မယ့် Surgeon Simulator 2

Surgeon Simulator ဖန်တီးတဲ့ Bossa Studios ကတော့ မကြာသေးခင်က Surgeon Simulator 2 ကို ဖြန့်ထားပါတယ်။ Surgeon Simulator 2 ဂိမ်းကို ဗြိတိန်က အမျိုးသားကျန်းမာရေးဝန်ဆောင်မှုက ဆရာဝန်၊ သူနာပြုနဲ့ ခွဲစိတ်ဆရာဝန်တွေ အခမဲ့ ကစားနိုင်အောင် ထောက်ပံ့ပေးထားပါတယ်။ Surgeon Simulator ဟာ ရုပ်ပိုင်းဆိုင်ရာ အခြေခံခွဲစိတ်မှု ပြုလုပ်ရတဲ့ဂိမ်း ဖြစ်ပြီး သဘာဝကျသလို casual ဂိမ်းကစားသူတွေလည်း အကြိုက်တွေ့ပါတယ်။ “Surgeon Simulator 2 ဂိမ်းကတော့ ဆေးဘက်ဆိုင်ရာလေ့ကျင့်ရေး tool မဟုတ်ပါဘူး”လို့ ဒေါက်တာ အိုင်ဒရစ်မော်ဂန်ဆိုသူက ထုတ်ပြန်ချက်မှာ ပြောခဲ့ပါတယ်။ မော်ဂန်က ဆရာဝန်တစ်ဦး ဖြစ်ပြီး Doctor Mim အမည်နဲ့ YouTube ဗီဒီယိုတွေ ဖန်တီးသလို […]

Read More

Instagram နဲ့ Facebook Messenger အပြန်အလှန် စာပို့နိုင်မယ့် လုပ်ဆောင်ချက်

Facebook ဟာ platform အမျိုးမျိုးအပေါ်မှာ message ပို့နိုင်မယ့် လုပ်ဆောင်ချက်ကို သုံးစွဲသူတချို့ဆီ ထောက်ပံ့ပေးနေပါပြီ။ Instagram ရဲ့ တိုက်ရိုက် မက်ဆေ့ချ်ပေးပို့နိုင်တဲ့ DM စနစ်ကို အပြောင်းအလဲ ပြုလုပ်ထားပြီး Messenger လုပ်ဆောင်ချက်တွေလည်း ထည့်သွင်းထားပါတယ်။ Instagram messaging tool တွေမှာ message တွေကို ဖျောက်တာ၊ selfie sticker နဲ့ emoji အပြင် chat color တွေလည်း ပါဝင်လာနိုင်ပြီး မလိုတဲ့ message တွေကို ပိတ်ပင်တာနဲ့ Watch Together လုပ်ဆောင်ချက်လည်း ပါဝင်လာပါတယ်။ သုံးစွဲသူတွေက Facebook ရဲ့ အခု လုပ်ဆောင်ချက် update ကိုလည်း ရွေးချယ်နိုင်သလို ဖယ်ရှားလို့လည်း ရပါတယ်။ အခု […]

Read More