Day: September 29, 2020

Google Pixel 5 Event

Google ရဲ့ စမတ်ဖုန်းအသစ် Pixel 5 အခမ်းအနား live blog ကို  အောက်တိုဘာ ၁ ရက်၊ မြန်မာစံတော်ချိန် နံနက် ၀၀:၃၀ မိနစ် မှာ အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးသွားပါမယ်။ ဒီနေရာမှာပဲ  ပြန်တွေ့ကြပါစို့   The liveblog has ended.No liveblog updates yet. Load more

Read More

Dr Myanmar

ရန်ကုန်မြို့တွင်းရှိ ဆေးရုံ၊ ဆေးခန်း၊ ဓာတ်ခွဲခန်း၊ ကုသိုလ်ဖြစ်ဆေးခန်းတွေရဲ့ တည်နေရာအသေးစိတ်ကို ရှာဖွေကြည့်ရှုနိုင်မယ့်အပြင် အထူးကုဆရာဝန်ကြီးတွေရဲ့ ဆေးခန်းထိုင်ချိန်တွေကိုပါ ကြည့်နိုင်မယ့် App ဖြစ်ပါတယ်။ App ကို သုံးပြီး မိမိရဲ့ BMI ကို တွက်ချက်ကြည့်နိုင်မှာဖြစ်သလို Pregnancy နဲ့ပတ်သက်ပြီးလည်း တွက်ချက်ကြည့်နိုင်အောင် ဖန်တီးထားပါတယ်။ နေ့စဉ် ကျန်းမာရေးဆိုင်ရာ သတင်း၊ ဆောင်းပါးတွေကိုလည်း ဖတ်ရှုနိုင်မှာဖြစ်ပြီး အွန်လိုင်းအခြေပြု App ဖြစ်ပါတယ်။ App ကို Android ver 5.0 နဲ့ အထက်မှာထည့်သွင်းအသုံးပြုနိုင်ပြီးDownload လုပ်ချင်ရင်တော့ ဒီနေရာမှာ download လုပ်နိုင်ပါတယ်။ -ရဲထွဋ်ဝင်း »»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««

Read More

Among Us ဂိမ်းကြောင့် Discord အသုံးပြုမှုမြင့်တက်

InnerSloth ကထုတ်လုပ်ထားတဲ့ Among Us ဂိမ်းကတော့ လူမှုရေးမီဒီယာနဲ့ Twitch တွေမှာ ရေပန်းစားနေပါတယ်။ ပြီးခဲ့တဲ့လက Among Us ဂိမ်းကို Twitch နဲ့ Facebook gaming မှာ နာရီပိုင်းအတွင်း ကြည့်ရှုသူ ၆၅၀ ရာခိုင်နှုန်းအထိ ရှိလာပါတယ်။ InnerSloth ဟာ Among Us 2 ကိုထွက်ရှိဖို့ စီစဉ်ထားပေမယ့် ပထမဂိမ်းကို အာရုံစိုက်ဖို့ အဆက်ဂိမ်းကို ဖျက်သိမ်းလိုက်ပါတယ်။Among Us ဂိမ်းဟာ အလွန်အောင်မြင်မှုကြောင့် Discord ကို download ပြုလုပ်မှုက အလွန်မြင့်တက်သွားပါတယ်။ Discord ကို တစ်ရက် install ပြုလုပ်သူ ၈၀၀,၀၀၀ ရှိပါတယ်။ Among Us ဂိမ်းအောင်မြင်မှုနဲ့ Discord app download […]

Read More

ရုပ်ရှင်မှာလိုမျိုး အရောင်ချိန်နိုင်တော့မယ့် Adobe Lightroom

Adobe ဟာ Lightroom, Lightroom Classic နဲ့ Camera Raw မှာ အဆင့်မြင့်အရောင်ချိန်နိုင်တဲ့ လုပ်ဆောင်ချက်အသစ်ပါဝင်လာပါတယ်။ ပရိုဓာတ်ပုံ app တွေမှာ ရုပ်ရှင်နဲ့ ဗီဒီယိုတည်းဖြတ်တဲ့အခါ အသုံးပြုတဲ့ tool တစ်ခုပါဝင်လာတော့ပါမယ်။ Lightroom မှာပါဝင်လာတဲ့ အရောင်ချိန်တဲ့ panel က Adobe ရဲ့ Premiere Pro video editor က Lumetri panel နဲ့ဆင်ပါတယ်။ Adobe ကတော့ အရောင်ချိန်လုပ်ဆောင်ချက်ကို ဘယ်အချိန်မှာ ဖြန့်ချိမလဲဆိုတာ မထုတ်ပြန်သေးပါဘူး။ အောက်တိုဘာ ၂၀ မှာ ပြုလပ်မယ့် Adobe Max ကွန်ဖရင့်ပွဲမှာ သတင်းအချက်အလက်သစ်တွေ ထုတ်ပြန်နိုင်ပါတယ်။ -စိုးထက် Ref: TheVerge »»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ […]

Read More

ဆူညံသံလျှော့ချပေးမယ့် နည်းပညာကို Google Meet ထည့်သွင်း

Google ဟာ အနှောင့်အယှက် ဆူညံသံတွေကို ဖယ်ထုတ်ပေးမယ့် နည်းညာကို ဇွန်လမှာ desktop အတွက် ဖြန့်ပြီးနောက် Android နဲ့ iOS အတွက်လည်း ဖြန့်ချိလိုက်ပါပြီ။ Google Meet ဝန်ဆောင်မှုမှာ ကျောင်းနဲ့ ပညာသင်ကြားသူအတွက် လာရောက်သူအစီရင်ခံစာကိုလည်း ထည့်သွင်းလိုက်ပါပြီ။ Google Meet က ပတ်ဝန်းကျင်မျိုးစုံက နောက်ခံအသံတွေကို စစ်ထုတ်ပေးနိုင်ပါတယ်။ ကီးဘုတ်ရိုက်သံ၊ တံခါးအဖွင့်/အပိတ် လုပ်တာနဲ့ ပြတင်းပေါက်အပြင်ဘက်က ဆောက်လုပ်ရေးအသံတွေကိုလည်း စစ်ထုတ်ပေးနိုင်တယ်။ Google ရဲ့ cloud အခြေခံ AI ကတော့ ဆူညံသံအားလုံး စစ်ထုတ်ပေးနိုင်ပါတယ်။ အဲဒီအတွက် More ထဲက Setttings ထဲက “Noise cancellation” နှိပ်ပြီး အသုံးပြုလို့ရပါတယ်။ တစ်ခုသတိပြုရမှာက G Suite Enterprise […]

Read More

နာမည်ကျော် Facebook ဂိမ်း FarmVille ပိတ်သိမ်းတော့မယ်

Facebook မှာကျော်ကြားခဲ့ဖူးတဲ့ FarmVille ဂိမ်းကိုတော့ ၁၁ နှစ် အကြာမှာ ပိတ်သိမ်းပါတော့မယ် ။ FarmVille ဟာ Facebook မှာ လူတွေနှစ်သက်တဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး platform ရဲ့ အစောပိုင်းအောင်မြင်ခဲ့တဲ့ ဂိမ်းတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒီနှစ်ကုန်မှာ Facebook ဟာ စီးပွားရေးလမ်းကြောင်းပေါ်မှာ မရှိတဲ့ Flash အခြေခံဂိမ်းထောက်ပံ့မှုတွေကို အဆုံးသတ်တော့ပါမယ်။ FarmVille ဖန်တီးသူ Zynga ကတော့ ဂိမ်းအတွင်းက ဝယ်ယူမှုတွေကို နိုဝင်ဘာ ၁၇ ရက်အထိပဲ လုပ်နိုင်ပြီး ဂိမ်းအတွင်းက event တွေကိုလည်း စီစဉ်ထားပါတယ်။ ၂၀၀၉ ခုနှစ်က စတင်ခဲ့တဲ့ Social gaming တွေထွက်ရှိတဲ့ အချိန်လောက်မှာပဲ FarmVille ကထွက်ခဲ့ပါတယ်။ အဲဒီနှစ်မှာပဲ FarmVille လစဉ်ကစားသူ […]

Read More

ရန်ကုန်တိုင်းဒေသကြီးရှိ Stay At Home ကာလအတွင်း ခွင့်ပြုလုပ်ငန်းများအတွက် QR Pass

ရန်ကုန်တိုင်းဒေသကြီး Stay At Home ကာလအတွင်း ခွင့်ပြုလုပ်ငန်းများ လည်ပတ်မည်ဆိုပါက လိုအပ်မယ့် QR Pass ရယူခြင်းကို အွန်လိုင်းလိပ်စာဖြစ်တဲ့ https://qrpass.sawsawshar.gov.mm/#/login ကနေ မှတ်ပုံတင်နိုင်မယ်လို့ စက်တင်ဘာ ၂၄ ရက်က ကုန်သည်စက်မှုအသင်းချုပ်ကနေ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဆိုပါ ထုတ်ပြန်ချက်မှာ COVID 19 ကပ်ရောဂါ ကာကွယ်တားဆီး၊ ထိန်းချုပ်ရေးအတွက် Stay At Home အစီအစဉ်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားတဲ့ ခွင့်ပြုလုပ်ငန်းအမျိုးအစားတွေမှာ ပါဝင်တဲ့ စက်ရုံ၊ အလုပ်ရုံများ၊ လုပ်ငန်းများ၊ ကုမ္ပဏီများ အနေနဲ့ လုပ်ငန်း လည်ပတ်လုပ်ကိုင်မည်ဆိုပါက အွန်လိုင်းမှတစ်ဆင့် မှတ်ပုံတင်ရန် လိုအပ်ပါကြောင်း၊ မှတ်ပုံတင်ထားသော လုပ်ငန်းများမှ ဝန်ထမ်းများနှင့် မော်တော်ယာဉ်များသာ မြို့နယ်တစ်မြို့နယ်မှ တစ်မြို့နယ် ဖြတ်ကျော်ခွင့်ရမှာဖြစ်ပြီး မှတ်ပုံတင်ခြင်း ပြီးမြောက်တဲ့ […]

Read More

Android app တွေဆီက ဝင်ငွေ ၃၀ ရာခိုင်နှုန်းရယူမယ့် Google

Google ဟာ Apple လိုမျိုး App Store ပေါ်လစီတစ်ရပ်ကို သတ်မှတ်လိုက်ပါပြီ။ Google ဟာ Play Store အတွင်းက အခပေး app တွေဆီကနေ ဝင်ငွေ ၃၀ ရာခိုင်နှုန်း ရယူမယ်လို့ ပြောလိုက်ပါတယ်။ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်မှာ Google Play ပေါ်က app တွေမှာ Google ငွေပေးချေမှုစနစ် ပေါင်းစပ်အသုံးပြုတဲ့ developer တွေဆီကနေ ငွေကြေးကောက်ခံမယ်လို့ Android Developers ဘလော့က ဖော်ပြထားပါတယ်။ ဒါကြောင့် developer တွေဟာ လာမယ့်နှစ် မတိုင်ခင်အထိ Google ဆီ ၃၀ ရာခိုင်နှုန်း မပေးဘဲ ဖောက်သည်ဆီက ငွေပေးချေမှုကို တိုက်ရိုက်ယူနိုင်ပါတယ်။ Google […]

Read More

2020 ConnecTechAsia

အာရှရဲ့အကြီးမားဆုံး သတင်းအချက်အလက်နဲ့ နည်းပညာ ပြပွဲ ConnecTech Asia 2020 ကိုတော့ စက်တင်ဘာလ ၂၉ရက်ကနေ အောက်တိုဘာ ၁ရက်အထိ စင်ကာပူမှာ ပြုလုပ်သွားပါမယ်။ ဒီနှစ်ပွဲကတော့ COVID-19 ကပ်ရောဂါကြောင့် virtual ပုံစံနဲ့ ကျင်းပသွားပါမယ်။ ပွဲအတွင်း အလားအလာအရှိဆုံး ကိုရီးယား startup ၆ခုက ပြသမယ့် နည်းပညာသစ်တွေနဲ့ တီထွင်ဆန်းစစ်မှုရှိတဲ့ platform တွေပါဝင်ပါတယ်။ The liveblog has ended.No liveblog updates yet. Load more

Read More