Day: September 27, 2020

Amazing Tube

ကမ္ဘာတစ်လွှားက ထူးခြားတဲ့ အကြောင်းအရာ ဗီဒီယိုတွေကို ကြည့်ရှုနိုင်မယ့် App ဖြစ်ပါတယ်။ ဗဟုသုတရဖွယ် အကြောင်းအရာနဲ့ ဖျော်ဖြေရေးဆိုင်ရာတွေကို ကြည့်ရှုနိုင်မှာဖြစ်ပြီး App ကနေ တိုက်ရိုက် ကြည့်ရှုနိုင်မှာဖြစ်သလို ဖုန်းထဲကို Download ပြုလုပ်ကာလည်း ကြည့်နိုင်မှာဖြစ်ပါတယ်။ မိမိနှစ်သက်တဲ့ ဗီဒီယိုတွေကို App ကနေ လူမှုမီဒီယာတွေသို့ တိုက်ရိုက် မျှဝေနိုင်မှာလည်းဖြစ်ပါတယ်။ App ကို Android ver 5.0 နဲ့ အထက်မှာ ထည့်သွင်းအသုံးပြုနိုင်ပြီး Download လုပ်ချင်ရင်တော့ ဒီနေရာမှာ download လုပ်နိုင်ပါတယ်။ -ရဲထွဋ်ဝင်း »»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««

Read More

ရန်ကုန်တိုင်းဒေသကြီး Stay at Home ကာလ ခွင့်ပြုလုပ်ငန်းများ လည်ပတ်မည်ဆိုပါက အွန်လိုင်းမှတစ်ဆင့် မှတ်ပုံတင်ရန် ထပ်မံအသိပေး

ရန်ကုန်တိုင်းဒေသကြီး Stay at Home ကာလ ခွင့်ပြုလုပ်ငန်းများ လည်ပတ်မည်ဆိုပါက အွန်လိုင်းမှတစ်ဆင့် မှတ်ပုံတင်ရန် ထပ်မံ အသိပေးကြေညာထားပါတယ်။ ရန်ကုန်တိုင်းဒေသကြီးတွင် Stay at Home ကာလ ရက်သတ္တပတ် နှစ်ပတ်အတွင်း ဖွင့်လှစ်ရန် ခွင့်ပြုထားတဲ့ စက်ရုံ၊ အလုပ်ရုံ၊ ကုမ္ပဏီ၊ လုပ်ငန်း၊ အဖွဲ့အစည်းတွေအနေနဲ့ လုပ်ငန်းလည်ပတ်ရန် အတွက် အွန်လိုင်းမှတစ်ဆင့် မှတ်ပုံတင်ပြီး QR Pass ထုတ်ထားရန် လိုအပ်မည်ဖြစ်ကြောင်းကို ၂၄.၉.၂၀၂၀ ရက်နေ့တွင် အသိပေးကြေညာခဲ့ပြီး အဆိုပါ လည်ပတ်ရန် ခွင့်ပြုထားသောလုပ်ငန်းများမှ စက်ရုံ၊ အလုပ်ရုံများမှ အလုပ်သမားများ၊ ကုမ္ပဏီ၊ လုပ်ငန်း၊ အဖွဲ့အစည်းများမှ ဝန်ထမ်းများ အနေနဲ့ သက်ဆိုင်ရာ လုပ်ငန်းခွင်သို့ သွားရောက်ရာ တွင်လည်းကောင်း၊ လိုအပ်ချက်အရ အခြားမြို့နယ်များသို့ ဖြတ်ကျော်ရာတွင်လည်းကောင်း QR […]

Read More

S.T.E.M Program with Robotics & Computer Science အွန်လိုင်းသင်တန်းကို လျှောက်ထားနိုင်

အသက် ၈ နှစ်မှ ၁၈ နှစ်အရွယ် ကလေးများအတွက် S.T.E.M Program with Robotics & Computer Science အွန်လိုင်းသင်တန်းကို အောက်တိုဘာ ၅ ရက်မှာ စတင်ဖွင့်လှစ်သွားမှာ ဖြစ်တဲ့အတွက် လျှောက်ထားနိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။ Carnegie Mellon University (USA) ရဲ့ STEM PROGRAM ဟာ အမေရိကန်နိုင်ငံနဲ့ ကမ္ဘာအနှံ့အပြားရှိ ကျောင်းပေါင်း ၂၀,၀၀၀ ကျော်မှာ သင်ကြားလျက်ရှိတဲ့ STEM with Robotics , STEM with Computer Science Programs တွေကို ယခုအခါ မြန်မာနိုင်ငံမှာ သင်ကြားနိုင်တာ ဖြစ်ပါတယ်။ သင်တန်းတွေကို Carnegie Mellon University ရဲ့ STEM […]

Read More

WK P8 Single Wireless Earbud

ဖုန်းပြောဆိုခြင်းနဲ့ သီချင်းနားထောင်ခြင်းတွေမှာ အသုံးပြုနိုင်မယ့် ကြိုးမဲ့နားကြပ် ဖြစ်ပါတယ်။ Bluetooth Version 5.0 နဲ့ဖြစ်တဲ့အတွက် ချိတ်ဆက်တဲ့အခါမှာလည်း လွယ်ကူမှာ ဖြစ်ပါတယ်။ နားကြပ်မှာ သိုလှောင်အား 30mAh ပါဝင်ပြီး Charging Box မှာ တော့ သိုလှောင်အား 150mAh ပါဝင်လို့ ၄ ကြိမ်ခန့် အားသွင်းနိုင်မှာဖြစ်ပါတယ်။ ဖုန်းပြောခြင်းနဲ့ သီချင်းနားထောင်ခြင်း အတွက် ၃ နာရီခန့် အသုံးပြုနိုင်သလို နားကြပ်အားကုန်နေရင်လဲ အားသွင်းချိန်က နာရီဝက်လောက်သာ အချိန်ပေးရမှာ ဖြစ်ပါတယ်။ Charging Box ကို အားဖြည့်ဖို့အတွက်ကိုတော့ ၂ နာရီ အချိန်ပေးရမှာဖြစ်ပြီး အားအပြည့်ရှိရင် Stand By အနေနဲ့ နာရီ ၁၂၀ အထိ အသုံးခံနိုင်မှာ ဖြစ်ပါတယ်။ P8 ရဲ့ […]

Read More