Apple ကအသစ်မိတ်ဆက်လိုက်တဲ့ iOS 14 မှာ feature အသစ်တွေ ပါဝင်လာပါတယ်။ အဲဒီထဲကမှ ပရိသတ်တွေ အကြိုက်တွေ့မယ့် feature (၆) ခုကို ဖော်ပြလိုက်ပါတယ်။ (၁) Text ထဲမှာ tag လုပ်ခြင်း Apple ရဲ့ Messages app ဟာ group စကားပြောဆိုမှုအတွက် အလေးပေး ဆောင်ရွက်ထားပါတယ်။ Group ထဲမှာ လူအများကြီး စကားပြောကြတဲ့အခါမှာ တစ်စုံတစ်ယောက်ရဲ့ အာရုံစိုက်မှု ရရှိဖို့ tag လုပ်ဆောင်ချက်ကို ထည့်သွင်းထားပါတယ်။ @ သင်္ကေတကို ရိုက်ထည့်ပြီး tag လုပ်လို့ရပါပြီ။ (၂) ထိပ်ဆုံးမှာ စကားပြောဆိုမှုကို pin လုပ်ခြင်း Messages app ထိပ်ဆုံးမှာ ပြောစကားတစ်ခုကို pin လုပ်လိုက်နိုင်တာကြောင့် […]
Read Moreကွန်ပျူတာသင်ခန်းစာတွေကို မြန်မာလို အခမဲ့လေ့လာနိုင်မယ့် App ဖြစ်ပါတယ်။ ကွန်ပျူအခြေခံ၊ ကွန်ပျူတာအသိပညာဆိုင်ရာ၊ လက်ကွက်ဆိုင်ရာ၊ လုပ်ငန်းခွင်အသုံးချ Microsoft Office (Word, Excel, PowerPoin),Adobe Photosop, Premier Pro, Pagemaker စတာတွေအပြင် AutoCad နဲ့ Sketchware စတဲ့ ဒီဇိုင်း၊ ဗီဒီယိုတည်းဖြတ်ခြင်း ဆော့ဖ်ဝဲဆိုင်ရာတွေကိုလည်း လေ့လာနိုင်မှာဖြစ်ပါတယ်။ မိမိနှစ်သက်ရာ သင်ခန်းစာကို အလွယ်တကူ ရွေးချယ်လေ့လာနိုင်အောင် ဖန်တီးထားပြီး အွန်လိုင်းအခြေပြု App ဖြစ်ပါတယ်။ App ကို Android ver 5.0 နဲ့ အထက်မှာ ထည့်သွင်း အသုံးပြုနိုင်ပြီး download လုပ်ချင်ရင်တော့ ဒီနေရာမှာ download လုပ်နိုင်ပါတယ်။ -ရဲထွဋ်ဝင်း »»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အကြောင်းအရာတွေကို […]
Read MoreiOS 14 ထွက်ရှိလာတဲ့ app developer အများစုက widget တွေစတင်ဖန်တီးခဲ့ကြပါတယ်။ iOS 14 ထဲမှာ widget တွေပါဝင်လာတာက အကြီးမားဆုံး feature ဖြစ်ပြီး ဖုန်း screen ရဲ့နေရာတိုင်းမှာ ထည့်သွင်းနိုင်ပါတယ်။ iOS 14 အတွက် အကောင်းဆုံးလို့ ဆိုနိုင်တဲ့ widget app တွေကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။ Weather Line Weather Line ကတော့ အမြင်ပိုင်းဆိုင်ရာနဲ့ နောက်ခံအခြေအနေကိုပါ ဖော်ပြပေးမယ့် weather app ဖြစ်ပါတယ်။ ခန့်မှန်းချက်တွေကိုလည်း ရက်အလိုက်၊ နာရီအလိုက် ဖော်ပြပေးပါတယ်။ Weather Line ကို အခမဲ့ စတင်အသုံးပြုနိုင်ပါတယ်။ ဒါပေမဲ့ အခြား app တွေလိုပဲ feature […]
Read Moreပြီးခဲ့တဲ့အပတ်က Samsung ဟာ Galaxy F စီးရီးဖုန်းတွေကို အမြည်းပြသခဲ့ပါတယ်။ Galaxy F41 ဖုန်းတွေကို အောက်တိုဘာ ၈ ရက်မှာ ထုတ်ဖော်မိတ်ဆက်မယ်လို့ သိရပါတယ်။ Samsung Galaxy F41 ဖုန်းရောင်းချမယ့် ကြော်ငြာစာမျက်နှာကို Flipkart မှာပြသထားပါတယ်။ ဖုန်းမှာ sAMOLED Infinity-U display ပါဝင်ပြီး ကျောဘက်ကင်မရာ ၃ လုံး၊ fingerprint reader နဲ့ 6,000mAh ဘက်ထရီတို့ ပါဝင်လာပါတယ်။ ဖုန်းမှာ စပီကာ ၂ လုံးပါဝင်ပြီး ကင်မရာတွေထဲမှာ ultrawide angle lens တစ်ခုလည်း ပါဝင်လာပါတယ်။ -စိုးထက် Ref: GSMArena »»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ […]
Read Moreမြန်မာနိုင်ငံတစ်ဝှမ်းမှာ COVID 19 ကူးစက်ရောဂါ ပြန့်ပွားလျက်ရှိနေတဲ့အတွက် Myanmar Institute of Information Technology (MIIT) အနေနဲ့ ဝင်ခွင့်လျှောက်လွှာထုတ်ပေးမယ့်နေ့၊ ဝင်ခွင့်စာမေးပွဲနေ့တွေကို အတိအကျ ထုတ်ပြန်ခြင်းမရှိသေးကြောင်း MIIT Mandalay Facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။ social media ပေါ်က ကောလာဟလတွေကို မယုံကြည်ကြဖို့ မေတ္တာရပ်ခံပါတယ်။ သတင်းအမှန်ရဖို့ MIIT ဝက်ဘ်ဆိုက် ဖြစ်တဲ့ miit.edu.mm မှာစောင့်ကြည့်နိုင်ပါတယ်။ MIIT ဝင်ခွင့်အတွက် ဖွင့်ထားတဲ့ သင်တန်းတွေဟာ ၎င်းတို့ရဲ့ website တွေနှင့် social media page တွေမှာ MIIT logo ကိုသုံးနေတာကို တွေ့ရပါတယ်။ MIIT က ထိုသင်တန်းတွေကို Logo သုံးဖို့ခွင့်မပြုထားတဲ့အတွက် MIIT logo […]
Read MoreApp ဖန်တီးသူတွက Google နဲ့ Apple ရဲ့ App Store နဲ့ Play Store ထိန်းချုပ်မှုတို့ကို တန်ပြန်မယ့် အဖွဲ့တစ်ခု တည်ထောင်လိုက်ပါတယ်။ လအနည်းငယ်အတွင်း app store တွေမှာ စည်းမျဉ်းထိန်းချုပ်မှု မြင့်တက်လာပါတယ်။ Epic Games, Deezer, Basecamp, Tile, Spotify နဲ့အခြား app ဖန်တီးသူတွေ စုစုပေါင်း ၁၃ ခုက App Fairness အဖွဲ့တစ်ခုကို ဖွဲ့စည်းလိုက်ပါတယ်။ အဖွဲ့သစ်က app store ထောက်ပံ့သူတွေ ပေါ်လစီပြောင်းလဲဖို့ ဖိအားပေးသွားတာ ဒါမှမဟုတ် app store တွေကို စည်းမျဉ်းပြဋ္ဌာန်းဖို့ ဖိအားပေးတာအထိ ပြုလုပ်သွားပါမယ်။ ဥပမာအနေနဲ့ Epic Games ဟာ လက်ရှိမှာ […]
Read MoreAmazon Prime Video မှာပြသနေတဲ့ စူပါဟီးရိုးစီးရီး The Boys season 2 ဟာ အလွန်အောင်မြင်နေပါတယ်။ The Boys အောင်မြင်မှုကြောင့် The Boys အခြေပြု စီးရီးသစ်တစ်ခုကို ထပ်မံ ဖန်တီးသွားမယ်လို့ အမှုဆောင်ပရိုဂျူဆာ ဆတ်ရိုဂန်နဲ့ အဲရစ်ခရစ်ကီက အတည်ပြုသွားပါတယ်။ အခုဖန်တီးမယ့် The Boys အခြေပြု စီးရီးကတော့ ဂါ့အန်နစ်နဲ့ ဒါရစ်ရောဘတ်ဆင်တို့ ဖန်တီးခဲ့တဲ့ The Boys ကောမစ်နဲ့ မသက်ဆိုင်ဘဲ ဖန်တီးမှုအသစ် ဖြစ်လာပါမယ်။ ရက်စက်တဲ့ Voght International အဖွဲ့အစည်းက ဖွင့်လှစ်ထားတဲ့ အမေရိကန်က စူပါဟီးရိုးတက္ကသိုလ်အကြောင်းကိုပဲ ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။ The Boys အမှုဆောင်ပရိုဂျူတာ ခရိတ်ရိုဆန်ဘတ်ဖန်တီးမယ့် စီးရီးသစ်ကတော့ ကောလိပ်ကျောင်းသားဘဝနဲ့ The Hunger […]
Read Moreတရုတ်စမတ်ဖုန်း ကုမ္ပဏီ Royole ဟာ ပြီးခဲ့တဲ့နှစ်အတွင်း Samsung နဲ့ Huawei တို့ကိုကျော်ပြီး ကမ္ဘာ့ပထမဆုံး ခေါက်စမတ်ဖုန်း ထုတ်လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ Roy၀le ဖုန်းဟာ ကျရှုံးခဲ့ရပါတယ်။ ဒီတစ်ပတ်မှာတော့ ကုမ္ပဏီက Flexpai 2 အမည်ရ မျိုးဆက်သစ်ဖုန်း တစ်မျိုးကို ရှန်းဇန့်မြို့ကနေ တိုက်ရိုက်ထုတ်လွှင့် မိတ်ဆက်လိုက်ပါတယ်။ Royole ရဲ့ Flexpai 2 ကတော့ စာအုပ်နဲ့တူပါတယ်။ ဖုန်းကို အပြင်ဘက်ဖြန့်လိုက်ရင် ၇.၈ လက်မ မျက်နှာပြင် ဖြစ်သွားပါမယ်။ ဖုန်းမှာ Snapdragon 865 chipset အသုံးပြုထားပြီး ဘက်ထရီ 4,450mAh နဲ့ ကင်မရာ ၄ လုံး ပါဝင်လာပါတယ်။ 5G လည်းထောက်ပံ့ထားပြီး အမေရိကန်၊ ဥရောပနဲ့ တရုတ်ကွန်ရက်တွေမှာ […]
Read MoreSamsung ဟာ ကမ္ဘာတစ်ဝန်း ကပ်ရောဂါဖြစ်ပွားနေတာကြောင့် ဈေးနှုန်းသက်သာပြီး S20 ရဲ့အဆင့်မြင့် feature တွေပါဝင်တဲ့ Galaxy S20 FE ကိုမိတ်ဆက်ခဲ့ပါတယ်။ Samsung S20 FE ဖုန်းကို စက်တင်ဘာ ၂၃ ရက်မှာ ပြုလုပ်ခဲ့တဲ့ တတိယမြောက် Unpacked ပွဲမှာ မိတ်ဆက်ခဲ့ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၇၀၀ ကျသင့်ပါမယ်။ Samsung က အမေရိကန်၊ ယူကေ၊ ဂျာမနီ၊ ဩစတြေးလျနဲ့ တောင်ကိုရီးယားအတွင်း သုံးစွဲသူစစ်တမ်း ကောက်ယူခဲ့ပါတယ်။ အဲဒီ စစ်တမ်းမှာ ပရိသတ်တွေက ကင်မရာ၊ စွမ်းဆောင်ရည်နဲ့ display ထိပ်တန်း feature ၃ ခု ရွေးချယ်ခဲ့ပါတယ်။ Samsung ဟာ Galaxy S20 FE ထုတ်လုပ်ဖို့ […]
Read More