Day: September 24, 2020

Facebook Messenger ရဲ့ Notification Sound & Call Ringtone ကို ဘယ်လိုပြောင်းသုံးမလဲ

Facebook Messenger ရဲ့ default အသုံးပြုထားတဲ့ notification sound & call ringtone ကို မနှစ်သက်တဲ့သူတွေ အနေနဲ့ ကိုယ့်စိတ်ကြိုက် အသံကို အလွယ်တကူ ပြောင်းလဲအသုံးပြုနိုင်မယ့် နည်းလမ်းလေးကို ဖော်ပြပေးလိုက်ပါတယ်။ အရင်ဆုံး ဖုန်းရဲ့ Messenger app ကို ဖွင့်လိုက်ပါ။ ပြီးရင်တော့ ပုံမှာပြထားတဲ့အတိုင်း သင့်ရဲ့ profile ပုံ icon ကို တစ်ချက်နှိပ်လိုက်ပါ။ အဲလိုနှိပ်လိုက်ရင်တော့ messenger ရဲ့ profile settings ထဲကို ရောက်သွားမှာ ဖြစ်ပြီး Notifications & Sounds ဆိုတဲ့ စာသားကို ထပ်နှိပ်လိုက်ပါ။ Notification & Sounds စနစ်ထဲကို ရောက်သွားပါမယ်။ အဲဒီထဲက Notification sound […]

Read More

Canon PowerShot G7X Mark III Digital Camera

တန်ဖိုး – USD 638 အားသာချက် ပြည်တွင်းစျေးကွက်ထဲမှာ ဝယ်ယူနိုင်ပြီဖြစ်တဲ့ Canon PowerShot G7X Mark III Digital Camera ဖြစ်ပါတယ်။ ဆယ်လ်ဖီဝါသနာရှင်တွေအတွက် ပိုအဆင်ပြေစေမယ့် LCD ဖွဲ့စည်းမှုနဲ့ ကင်မရာဖြစ်ပါတယ်။ တစ်လက်မ အရွယ်အစားရှိတဲ့ CMOS Sensor ထောက်ပံ့ပေးထားတဲ့ ကင်မရာ ဖြစ်ပါတယ်။ 20.1 Megapixel ပါဝင်ပြီး ဓာတ်ပုံကို JPEG Format အပြင် RAW File နဲ့ပါ ရိုက်ကူးနိုင်ပါတယ်။ DIGIC 8 Image Processor ထောက်ပံ့ပေးထားပါတယ်။ ဗီဒီယိုပိုင်းမှာတော့ 4K UHD ကို 29fps အထိ ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ Lens အနေနဲ့ 8.8 to 36.8mm […]

Read More

ရာဇသတ်ကြီး

ယူနီကုဒ်ဖောင့်ဖြင့် ပြောင်းလဲဖန်တီးထားတဲ့ ရာဇသတ်ကြီး App ဖြစ်ပါတယ်။ ရာဇသတ်ကြီး ပုဒ်မဆိုင်ရာတွေကို အခန်းလိုက် ဖတ်ရှုလေ့လာနိုင်မှာဖြစ်ပြီး ရာဇသတ်ကြီးကို ပြင်ဆင်တဲ့ဥပဒေ (၂၀၁၉ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁၀) (၂၀၁၉ ခုနှစ်၊ မတ်လ ၂၅ ရက်) နှင့် ရာဇသတ်ကြီးကို ပြင်ဆင်တဲ့ဥပဒေ (၂၀၁၆ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၆) (၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်) တို့ကိုလည်း ထည့်သွင်းဖော်ပြထားပါတယ်။ App ကို Android ver 4.1 နဲ့ အထက်မှာ ထည့်သွင်းအသုံးပြုနိုင်ပြီး Download လုပ်ချင်ရင်တော့ ဒီနေရာမှာ download လုပ်နိုင်ပါတယ်။ -ရဲထွဋ်ဝင်း »»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ […]

Read More

iPhone home screen မှာ widget နဲ့ app icon တွေကို ဘယ်လိုပြောင်းမလဲ

iOS နဲ့ Android အကြားက အကြီးမားဆုံးကွာဟမှုက စိတ်ကြိုက် ပြင်ဆင်နိုင်တာဖြစ်ပါတယ်။ Google ရဲ့ OS က software ပုံရိပ်နဲ့ အာရုံခံစားမှုကို ပိုမို ထိန်းချုပ်နိုင်ပါတယ်။ Apple ကတော့ အပြောင်းအလဲတွေကို ကန့်သတ်ထားပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့အပတ်က ထွက်ရှိခဲ့တဲ့ iOS 14 မှာတော့ iPhone နဲ့ iPad သုံးစွဲသူက ထုတ်ကုန်ပုံရိပ်နဲ့ အာရုံခံစားမှု အပြောင်းအလဲလုပ်နိုင်တဲ့ feature ကိုတွေ့လာပါတယ်။ Twitterပေါ်မှာ #ios14 ဒါမှမဟုတ် #ios14homescreen လို့ရှာလိုက်ရင် iPhone ပေါ်မှာ app icon, wallpaper နဲ့ widget တွေကို ပေါင်းစပ်ပြီး စာမျက်နှာဖွဲ့စည်းမှု အမျိုးမျိုးကို တွေ့ရပါမယ်။ TikTok နဲ့ YouTube […]

Read More

HUAWEI WATCH FIT ကို အရောင် ၃ မျိုးဖြင့် ဝယ်ယူနိုင်မည်

HUAWEI WATCH FIT ကို လက်ပတ်အရောင် အမည်း (Graphite Black)၊ အစိမ်းနု (Mint Green) နဲ့ လိမ္မော် (Cantaloupe Orange) စတဲ့ အရောင် ၃ မျိုးနဲ့ မြန်မာနိုင်ငံမှာ ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။ တန်ဖိုးက ၁၁၉,၀၀၀ ကျပ် ဖြစ်ပြီး Huawei ရဲ့ ပထမဆုံး လေးထောင့်စပ်ကိုယ်ထည်နဲ့ Smart Sport Watch အမျိုးအစား ဖြစ်ပါတယ်။ အဆိုပါစမတ်နာရီမှာ Animation များဖြင့် သရုပ်ပြပေးတဲ့ Fitness Course သင်ခန်းစာ (Animated Fitness Courses) ၊ Workout Modes တွေ စုံစုံလင်လင် ပါဝင်လာတဲ့အပြင် ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေမယ့် သိပ္ပံနည်းကျ တိုင်းတာမှုဖြစ်တဲ့ […]

Read More

အခြေခံပညာအထက်တန်းကျောင်းသားကျောင်းသူများကို SCG မှ ပညာသင်ဆုများပေးအပ်

မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတစ်ဝှမ်း ပျံ့နှံ့ဖြစ်ပွားလျက်ရှိတဲ့ COVID-19 ကပ်ရောဂါ ကာလအတွင်း ငွေကြေးပိုင်းဆိုင်ရာအခက်အခဲများ ကြုံတွေ့နေရတဲ့ မိသားစုများမှ ပညာသင်ယူဖို့ ခက်ခဲနေတဲ့ ရန်ကုန်တိုင်းဒေသကြီးနဲ့ မွန်ပြည်နယ်မှ ကျောင်းသား ကျောင်းသူတွေကို ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရမှ အခြေခံပညာအထက်တန်းအဆင့် ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်မှာ အခက်အခဲမရှိ ဆက်လက်ပညာသင်ယူနိုင်စေဖို့ ရည်ရွယ်ပြီး (၉) ကြိမ်မြောက် Sharing the Dream 2020 အစီအစဉ်မှ တစ်ဆင့် ပညာသင်ဆုတွေ ထောက်ပံ့ ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။ ပညာသင်ဆုများကို ရန်ကုန်တိုင်းဒေသကြီးမှ ၃၉ ဦးနဲ့ မွန်ပြည်နယ်မှ ၄၂ ဦး စုစုပေါင်း ကျောင်းသားကျောင်းသူ ၈၂ ဦးထံသို့ လက်ရောက်လွှဲပြောင်းပေးအပ်ချီးမြှင့်ခဲ့ကြောင်း၊ ပညာသင်ဆုရရှိတဲ့ ကျောင်းသားများကို SCG မှ ငွေကျပ် ၂၅၀,၀၀၀ ကျပ်နဲ့ အသိအမှတ်ပြုလက်မှတ်ကို […]

Read More

PUBG MOBILE နှင့် BLACKPINK တို့ ပူးပေါင်း

PUBG MOBILE နဲ့ BLACKPINK တို့ ပူးပေါင်းလိုက်တဲ့အတွက် PUBG MOBILE မှာ ကစားသမားတွေအနေနဲ့ အထူးပြုလုပ်ထားတဲ့ Game Items တွေ၊ Visuals တွေ၊ Lobby Music နဲ့ BLACKPINK Support Events တွေကို တွေ့ကြုံရရှိနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ စက်တင်ဘာ ၂၄ ရက်မှစပြီး အောက်တိုဘာ ၂ ရက်အထိ PUBG MOBILE ကစားသူတွေအနေနဲ့ BLACKPINK ရဲ့ မကြာသေးမီက ထွက်ရှိခဲ့တဲ့ နာမည်ကြီး “How You Like That” သီချင်းကို Game Lobby မှာ စတင် ဝင်ရောက် နားဆင်နိုင်မှာဖြစ်ကြောင်း၊ ဒါ့အပြင် ကစားသူတွေအနေနဲ့ အောက်တိုဘာ ၂ […]

Read More

iOS 14 ထွက်ရှိအပြီး homescreen ပြောင်းလဲနိုင်တဲ့ app တွေ ပိုမိုအသုံးပြုလာ

iOS 14 ထွက်ရှိပြီးနောက် App Store စာရင်းမှာ home screen customization app တွေကို သုံးစွဲသူတွေ ပိုမို download ပြုလုပ်လာကြပါတယ်။ ဒါ့အပြင် စိတ်ကူးဉာဏ်ကွန့်မြူးဖို့ ရင်းမြစ်များစွာကနေ download လုပ်ဖို့ Pinterest လိုမျိုး app သုံးစွဲလာပါတယ်။ စက်တင်ဘာ ၁၆ ရက်မှာ iOS 14 ထွက်ရှိအပြီး ပထမဆုံး ၄ ရက်အတွင်း ကမ္ဘာတစ်ဝန်းက home screen customization app အခု ၂၀ ကို စုစုပေါင်းအကြိမ် ၅.၇ သန်းနဲ့ download ပြုလုပ်ထားပါတယ်။ အချက်အလက်ကို App Store ဈေးကွက်အချက်အလက်ဆိုင်ရာ ကုမ္ပဏီ Sensor Tower ကထုတ်ပြန်ခဲ့ပါတယ်။ Download […]

Read More

COVID-19 ဖြစ်ပွားမှုအခြေအနေ ပြသပေးမယ့် Google Maps

Google ဟာ Maps app ပေါ်မှာ COVID နဲ့သက်ဆိုင်တဲ့ လုပ်ဆောင်ချက်တွေများစွာ ဖြန့်ချိထားပါတယ်။ ရောဂါဖြစ်ပွားမှုကြောင့် ခရီးစဉ်နှောင့်နှေးမှုကို သတိပေးသလို ဒေသတွင်းလုပ်ငန်းတွေ အလုပ်များပြားမှုနဲ့ COVID စမ်းသပ်မှုနေရာ အနီးအနားက တည်နေရာတွေကို tag လုပ်ပေးတဲ့ လုပ်ဆောင်ချက်တွေ ထည့်သွင်းထားပါတယ်။ ဗုဒ္ဓဟူးနေ့က Google က Maps မှာ ဧရိယာတစ်ခုအတွင်း ဗိုင်းရပ်စ်မြင့်တက်မှု လူနာသစ်အရေအတွက်ကိုလည်း ဖော်ပြပေးမယ့် လုပ်ဆောင်ချက် အသစ်တစ်မျိုးကို မိတ်ဆက်လိုက်ပါတယ်။ Google ဟာ Maps အတွက် အလွှာသစ်ကို ဖြန့်ချိထားပြီး လူ ၁၀၀,၀၀၀ မှာ COVID ကူးစက်တဲ့ လူနာသစ် တစ်ပတ်စာပျှမ်းမျှကို ပြသပေးကာ ကူးစက်မှုနှုန်း တိုးတက်တာ ဒါမှမဟုတ် လျော့ကျတာကိုလည်း ပြသပေးပါမယ်။ အဲဒီအလွှာက John […]

Read More