Day: September 22, 2020

English for Myanmar

အင်္ဂလိပ်စာကို စနစ်တကျ လေ့လာနိုင်မယ့် App ဖြစ်ပါတယ်။ အင်္ဂလိပ် သဒ္ဒါဆိုင်ရာ၊ ဝါကျတည်ဆောက်မှုဆိုင်ရာ၊ အရေး၊ အဖတ်၊ အသုံးများတဲ့စကားပြော၊ အဆိုအမိန့်၊ စကားပုံ၊ အီဒီယမ်၊ အရပ်သုံးဝေါဟာရ၊ ဘာသာပြန် စတာတွေကို လေ့လာနိုင်မယ့်အပြင် ဝေါဟာရတိုးတက်စေမယ့် ပျော်ရွှင်ဖွယ်ရာ ဂိမ်းအစီအစဉ်တွေ ကိုပါ ကစားနိုင်အောင် ဖန်တီးထားပြီး အခမဲ့အသုံးပြုနိုင်မှာလည်းဖြစ်ပါတယ်။ အပတ်စဉ်၊ လစဉ် စစ်ဆေးမှုတွေကိုလည်း အသုံးပြုနိုင်မှာဖြစ်သလို သေချာလေ့လာပါက မိမိရဲ့ အင်္ဂလိပ်စာအရည်အသွေးကို Intermediate level အထိ မြှင့်တင်နိုင်မှာဖြစ်ပြီး သင့်အနေနဲ့ မသိရှိတာတွေကိုလည်း ဆရာကို တိုက်ရိုက်မေးမြန်းနိုင်မှာလည်း ဖြစ်ပါတယ်။ အွန်လိုင်းအခြေပြု App ဖြစ်ပြီး အခမဲ့၊ အခပေး ပုံစံနှစ်မျိုးနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ App ကို Android ver 5.0 နဲ့ အထက်မှာ […]

Read More

PS5 ထွက်တဲ့အခါ ဘာဂိမ်းတွေ ကစားနိုင်မလဲ

Sony ကတော့ နိုဝင်ဘာ ၁၂ ရက်မှာ PlayStation 5 ဂိမ်းစက်ကို စတင်ရောင်းချမှာ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ ဘာဂိမ်းတွေ ထွက်မလဲ ဆိုတဲ့ မေးခွန်းရှိနေပါတယ်။ မကြာသေးခင်က Sony ဟာ God of War: Ragnarok, Final Fantasy 16 နဲ့ Horizon Forbidden West လိုမျိုး ဂိမ်းတွေကို မိတ်ဆက်ထားပါတယ်။ ဒါပေမဲ့ အဲဒီဂိမ်းတွေက ၂၀၂၁ ခုနှစ် နောက်ပိုင်းမှ ထွက်လာပါမယ်။ နိုဝင်ဘာ ၁၂ ရက်မှာ ကစားနိုင်မယ့် ဂိမ်းတွေကိုတော့ အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။ Demon’s Souls Demon’s Souls ကတော့ Dark Souls မတိုင်ခင် ၂၀၀၉ က […]

Read More

Netflix ရဲ့ The Dark Crystal: Age of Resistance စီးရီး ဖျက်သိမ်း

Netflix က season တစ်ခု ထုတ်လွှင့်အပြီး The Dark Crystal: Age of Resistance ကိုဖျက်သိမ်းလိုက်တယ်လို့ ကြေညာလိုက်ပါတယ်။ ဒီသတင်းကတော့ Thra ဂြိုဟ်ကို နှစ်သက်ကြတဲ့ ပရိသတ်တွေအတွက် ဝမ်းနည်းစရာအကောင်းဆုံး သတင်းပါ။ The Dark Crystal: Age of Resistance ကတော့ ၁၉၈၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ The Dark Crystal ရဲ့ prequel ဇာတ်လမ်းဖြစ်ပါတယ်။ ရုပ်သေးတွေနဲ့ ရိုက်ကူးထားတဲ့ စီးရီးမှာ မာ့ခ်ဟမ်မဲ၊ ကီဂန်မိုက်ကယ်ကီး၊ ဆိုင်မွန်ပတ်ချ်၊ အန်ဒီဆန်ဘတ်၊ နာတာလီဒိုမာနဲ့ အယ်လီရှာဗစ်ကန်ဒါလိုမျိုး သရုပ်ဆောင်တွေက အသံနဲ့ ပါဝင်အားဖြည့်ပေးထားပါတယ်။ The Dark Crystal: Age of Resistance စီးရီးကို […]

Read More

Android ထုတ်ကုန်တွေအတွက် Xbox remote play ကိုဖြန့်ချိ

Microsoft ဟာ Android Xbox app အသစ်တစ်မျိုးကို ထုတ်လုပ်လိုက်ပါတယ်။ အဲဒီ app ကို Xbox One (Series X/S) ပိုင်ဆိုင်သူတွေက ဖုန်း ဒါမှမဟုတ် tablet နဲ့ဂိမ်းစက်က ဂိမ်းတွေကို ကစားနိုင်ပါတယ်။ xCloud မတူတာက ဂိမ်းစက်ပေါ်မှာ download လုပ်ထားတဲ့ ဂိမ်းတွေကို ကစားနိုင်တာ ဖြစ်ပါတယ်။ သုံးစွဲသူက Xbox Game Pass မလိုဘဲ အခမဲ့ ကစားနိုင်ပါတယ်။ Sony ကလည်း PS3 နဲ့ PS4 အတွက် အလားတူပုံစံမျိုး Remote Play app ကိုထုတ်လုပ်ထားပါတယ်။ Xbox app ဟာ Xbox One နဲ့ Xbox Series […]

Read More

ဂျပန်နိုင်ငံက အရှည် ပေ ၆၀ ရှိတဲ့ Gundam စက်ရုပ်

ဂျပန်နိုင်ငံ တိုကျိုတောင်ပိုင်း ယိုကိုဟားမားမြို့က Gundam စက်ရုံက RX-78 စက်ရုပ်ပုံတူကို တည်ဆောက်ခဲ့ပါတယ်။ RX-78 စက်ရုပ် အရှည်က ပေ ၆၀ ရှိပြီး ၂၅ တန်ရှိပါတယ်။ စက်ရုပ်က ဒူးကွေးတာ၊ လက်ချောင်းတွေလှုပ်ပြီး ကောင်းကင်ကို လက်ညှိုးထိုးပြတာ စတဲ့ လှုပ်ရှားမှုအမျိုးမျိုးကို လုပ်နိုင်ပါတယ်။ ဒါ့အပြင် RX-78 ဟာ ခေါင်းကိုလှည့်ပြီး ပရိသတ်နဲ့ မျက်လုံးချင်းဆိုင်နိုင်ပါတယ်။ Gundam စက်ရုံဟာ အောက်တိုဘာလအတွင်း အပန်းဖြေကစားကွင်း တစ်ခုကို ဖွင့်လှစ်ဖို့ စီစဉ်ထားပါတယ်။ ဒါပေမဲ့လည်း COVID-19 ကပ်ရောဂါကြောင့် အစီအစဉ်ကို ရွှေ့ဆိုင်းလိုက်ရပါတယ်။ အဲဒီအချိန်အတွင်း RX-18 စက်ရုံကို ယိုကိုဟားမားဆိပ်ကမ်းမှာ တစ်နှစ်ကြာ ထားရှိပြသသွားမှာပါ။ -စိုးထက် Ref: Complex »»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် […]

Read More

ISOCELL Vizion အမည်ရ ကိုယ်ပိုင် 3D ToF sensor ကို Samsung ဖန်တီးနေ

Samsung ဟာ လာမယ့်နှစ် Galaxy S21 ဖုန်းတွေမှာ ထည့်သွင်းဖို့ ISOCELL Vizion ကင်မရာကို 3D ToF sensor နဲ့ကိုက်ညီအောင် ဖန်တီးနေပါတယ်။ Samsung က ကင်မရာအတွက် EUIPO မူပိုင်ခွင့်ရုံးမှာ မှတ်ပုံတင်ထားပါတယ်။ Samsung ဟာ Galaxy Note 20 မှာ 3D ToF sensor မထည့်သွင်းထားပါဘူး။ Sony အနေနဲ့ Apple ရဲ့ အမှာစာတွေ လုပ်ကိုင်နေရတာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် Samsung က Galaxy S21 ဖုန်းအတွက် ကိုယ်ပိုင် sensor ကိုဖန်တီးလိုက်ပါတယ်။ စာရွက်စာတမ်းအရ Samsung ရဲ့ ISOCELL Vizion sensor မှာတော့ facial […]

Read More

iPhone 12 mini ထွက်ရှိနိုင်

Apple ရဲ့ iPhone 12 ဖုန်းတွေကတော့ အောက်တိုဘာလမှာ ထွက်ရှိလာပါမယ်။ နောက်ဆုံးထွက်လာတဲ့ ပေါက်ကြားထွက်ပေါ်မှုအရ မျက်နှာပြင် ၅.၄ လက်မအရွယ် iPhone 12 mini ထွက်ရှိမယ်လို့ သိရပါတယ်။ သတင်းအချက်အလက်ဖော်ထုတ်သူက iPhone 12 Max လို့သတင်းထွက်နေတဲ့ ဖုန်းက iPhone 12 လို့ ပြောခဲ့ပါတယ်။ Apple ဟာ ဒီနှစ်အတွင်း iPhone အသစ် ၄ မျိုးကို ထုတ်လုပ်ဖွယ်ရှိပါတယ်။ Apple ရဲ့ iPhone အသစ်တွေမှာ 5G ထောက်ပံ့မှုပါဝင်ပြီး ကုမ္ပဏီရဲ့ ထိပ်တန်း 5nm ချစ်ပ်ကို အသုံးပြုလာနိုင်ပါတယ်။ -စိုးထက် Ref: GSMArena »»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot […]

Read More

တက္ကသိုလ်ပဋိညာဉ်စာတမ်းနှင့် တက္ကသိုလ်ကောင်စီဆိုင်ရာ အွန်လိုင်းအလုပ်ရုံဆွေးနွေးပွဲကျင်းပ

DAAD နဲ့ ပူးပေါင်းကျင်းပတဲ့ တက္ကသိုလ်ပဋိညာဉ်စာတမ်းနှင့် တက္ကသိုလ်ကောင်စီဆိုင်ရာ အွန်လိုင်းအလုပ်ရုံဆွေးနွေးပွဲကို စက်တင်ဘာ ၂၂ ရက်က ကျင်းပပြုလုပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံပညာရေးပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်လျက်ရှိရာ တက္ကသိုလ်များတွင် တက္ကသိုလ်ပဋိညာဉ်စာတမ်းရေးဆွဲ အတည်ပြုရေး၊ ယင်းပဋိညာဉ်စာတမ်းနှင့်အညီ တက္ကသိုလ်ကောင်စီဖွဲ့စည်းရေး၊ မဟာဌာနကြီးများဖွဲ့စည်းရေး၊ တက္ကသိုလ်ဖွံ့ဖြိုးတိုးတက်ရေး၊ သင်ကြားသင်ယူမှု အရည်အသွေးမြှင့်တင်ရေး၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများ၏ အရည်အသွေးမြှင့်တင်ရေး၊ ပုဂ္ဂလိကနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ အသုံးချသုတေသနဆောင်ရွက်ရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ နည်းပညာနှင့် အခြေခံအဆောက်အအုံ ဖြည့်ဆည်းရေးတို့အတွက် နိုင်ငံတကာ အတွေ့အကြုံ၊ DAAD အတွေ့အကြုံနဲ့ ဂျာမနီနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတက္ကသိုလ်များ၏ အတွေ့အကြုံများကို ဤအလုပ်ရုံဆွေးနွေးပွဲတွင် မျှဝေဆွေးနွေးပေးရန် မေတ္တာရပ်ခံလိုကြောင်းနဲ့ ဂျာမနီနိုင်ငံ DAAD ကို အထူးကျေးဇူးတင်ရှိကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောပါတယ်။ အဆိုပါဆွေးနွေးပွဲသို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ […]

Read More

Huawei ၏ စတုတ္ထအကြိမ်မြောက် “Sky Seeds for the Future” ပညာသင်ဆုအစီအစဥ် အွန်လိုင်းမှစတင်

နှစ်စဉ်ကျင်းပနေကျ Huawei Seeds for the Future ကို ယခုနှစ်မှာ “Sky Seeds for the Future” အမည်နဲ့ စတုတ္ထအကြိမ်မြောက် အဖြစ် ကျင်းပခဲ့ပြီး မြန်မာနိုင်ငံတစ်ဝန်းရှိ ကွန်ပျူတာနဲ့ နည်းပညာတက္ကသိုလ်များမှ ထူးချွန်သူ မြန်မာကျောင်းသား ၃၈ ဦးကို ရွေးချယ်ကာ စက်တင်ဘာလ ၂၁ ရက် မှ ၂၅ ရက်အထိ ၅ ရက်တိုင် သင်ကြားပို့ချ လေ့ကျင့်ပေးသွားမယ်လို့ သိရပါတယ်။ Huawei ရဲ့ ၅ ရက်တာကာလ ကြာမြင့်မယ့် အွန်လိုင်း ပရိုဂရမ်မှာ မတက်မနေရ အတန်းတွေအတွက် ၆.၅ နာရီ၊ တိုက်ရိုက်ထုတ်လွှင့်ချိန် ၆.၅ နာရီနဲ့ တရုတ်ယဉ်ကျေးမှုများထဲမှ နှစ်သက်ရာကို ကိုယ်တိုင် ရွေးချယ်လေ့လာနိုင်မယ့် ထပ်တိုး […]

Read More