မြန်မာသီချင်းစာသားနဲ့ ဂီတာကော့ဒ် လက်ကွက်တွေကို App တစ်ခုကနေ လေ့လာနိုင်မယ့် App ဖြစ်ပါတယ်။ သီချင်းစာသားတွေမှာ ပါဝင်တဲ့ ဂစ်တာကော့ဒ်လက်ကွက်ပုံစံတွေ App အတွင်းမှာတင် လေ့လာနိုင်အောင် ဖန်တီးထားတာဖြစ်ပြီး တစ်ကြိမ် download လုပ်ထားလိုက်တာနဲ့ Offline အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ယူနီကုဒ်၊ ဇော်ဂျီ ဖောင့်စနစ် နှစ်မျိုးစလုံးနဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ App ကို Android ver 4.3 နဲ့ အထက်မှာ ထည့်သွင်းအသုံးပြုနိုင်ပြီးDownload လုပ်ချင်ရင်တော့ ဒီနေရာမှာ download လုပ်နိုင်ပါတယ်။ -ရဲထွဋ်ဝင်း »»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««
Read MoreSony ဟာ PS5 ဂိမ်းစက် ၂ မျိုး မိတ်ဆက်ပြီးနောက် စက်တင်ဘာ ၁၆ ရက်ကစပြီး ကြိုတင်မှာယူခွင့် ပြုလိုက်ပါတယ်။ လက်လီရောင်းချသူတွေက PS5 Digital Edition ဂိမ်းစက် အရေအတွက်အနည်းငယ်ကိုပဲ မှာယူကြတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။ အမေရိကန်က GameStop ဆိုင် ၉ နေရာအတွက် PS5 ဂိမ်းစက် မှာယူမှုအရ Digital Edition ကိုတော့ ၂၄ ရာခိုင်နှုန်း မှာယူပြီး Standard Edition ကိုတော့ ၇၆ ရာခိုင်နှုန်း အထိ မှာယူခဲ့တယ်လို့ Ars Technica ကအတည်ပြုပါတယ်။ စတိုးတစ်ခုချင်းစီက တည်နေရာအလိုက် ဂိမ်းစက်မှာယူမှု အရေအတွက် ကွာခြားနိုင်ပါတယ်။ တချို့ကတော့ PS5 Digital Edition မှာယူမှုကို […]
Read MoreTwitter ကတော့ neural ကွန်ရက်ပေါ်က ဓာတ်ပုံ preview တွေမှာ လူမည်းမျက်နှာတွေထက် လူဖြူမျက်နှာတွေ ပိုမိုရွေးချယ်တဲ့ ပြဿနာအပေါ် အဖြေရှာနေပါတယ်။ Twitter သုံးစွဲသူတချို့တော့ ရက်အနည်းငယ်အတွင်း ခုပြဿနာကို တင်ပြခဲ့ပြီး လူမည်းမျက်နှာနဲ့ လူဖြူမျက်နှာပုံတွေကို တင်ပြီး ဥပမာပြသခဲ့ပါတယ်။ Twitter ရဲ့ ဓာတ်ပုံ preview ကတော့ လူဖြူမျက်နှာတွေကို ပိုမိုပြသခဲ့ပါတယ်။ Twitter သုံးစွဲသူတစ်ဦးက Zoom ရဲ့ facial recognition အတွင်း ပြဿနာနဲ့ ပတ်သက်ပြီး post တင်ပြီးတဲ့နောက် အခုစမ်းသပ်မှုမျိုး ထွက်လာတာ ဖြစ်ပါတယ်။ Zoom မှာလည်း အစည်းအဝေးက လူမည်းလုပ်ဖော်ကိုင်ဖက်တွေရဲ့ မျက်နှာကို မပြသထားပါဘူး။ အဲဒီပြဿနာကို Twitter ပေါ်တင်တဲ့အချိန်မှာတော့ လူမည်းမျက်နှာထက် လူဖြူမျက်နှာ အသားပေးတာကို သူတွေ့လိုက်ရပါတယ်။ […]
Read Moreအမေရိကန်က တီဗီစီးရီးတွေအတွက် အကြီးကျယ်ဆုံးဆုတစ်ခု ဖြစ်တဲ့ Emmy ပွဲကိုတော့ ဒီနှစ်မှာ virtual မှာပဲ ပြုလုပ်ခဲ့ပါတယ်။ ပွဲအစီအစဉ်ကြေညာသူ အဖြစ် ဂျင်မီကင်မဲက ဆောင်ရွက်သွားခဲ့ပါတယ်။ ဒီနှစ် Emmy ဆုပေးပွဲမှာတော့ Schitt’ Creek, Succession နဲ့ Watchmen စီးရီးတွေကတော့ ဆုအများစု ရရှိသွားခဲ့ပါတယ်။ Watchmen စီးရီးက ခေါင်းဆောင်သရုပ်ဆောင် ရဂျီနာကင်းက အကောင်းဆုံးဦးဆောင် အမျိုးသမီးသရုပ်ဆောင်ဆု ရရှိခဲ့သလို၊ Euphoria က ဇန်ဒါရာကလည်း ဒရာမာက အကောင်းဆုံးဦးဆောင် အမျိုးသမီးသရုပ်ဆောင်ဆု ဆွတ်ခူးခဲ့ပါတယ်။ မာ့ခ်ရပ်ဖလိုးကတော့ I Know This Much Is True စီးရီးနဲ့ အကောင်းဆုံးဦးဆောင် အမျိုးသားသရုပ်ဆောင်ဆု ရရှိခဲ့ပါတယ်။ -စိုးထက် Ref: CNET »»» စာလည်းမဖတ်ချင်ဘူး […]
Read Moreဒီတစ်ပတ်ကတော့ Disney နဲ့ Marvel အတွက် အလုပ်များတဲ့ကာလ ဖြစ်ပါတယ်။ Mulan ရုပ်ရှင်ကားက ထွက်ထားသလို The Mandalorian စီးရီးအတွက် ထွေလာအသစ်လည်း ထွက်လာပါတယ်။ ဒါ့အပြင် The Falcon and The Winter Soldier အတွက် ဗီဒီယိုလေးတွေ ထွက်နေပါတယ်။ အခုလည်း Disney Plus မှာထွက်ရှိမယ့် WandaVision စီးရီးထွက်လာပါပြီ။ Disney ကတော့ စီးရီးကို ဘယ်အချိန်မှာလွှင့်မလဲ ဆိုတာ မထုတ်ပြန်သေးပေမယ့် ၂၀၂၀ ဒီဇင်ဘာလမှာ ထုတ်လွှင့်မယ်လို့ သတင်းထွက်နေပါတယ်။ -စိုးထက် Ref: CNET »»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို […]
Read Moreအမေရိကန်အစိုးရက တရုတ် messaging နဲ့ ငွေပေးချေမှု app WeChat ကို ပိတ်ပင်ဖို့ ကြိုးစားမှုကို တရားသူကြီးက တားဆီးလိုက်ပါတယ်။ အမေရိကန် အောက်ရုံးတရားသူကြီး လောရယ်ဘီလာက WeChat ပိတ်ပင်မှုဟာ အမေရိကန်အခြေခံဥပဒေရဲ့ ပထမဆုံးပြင်ဆင်ချက် လွတ်လပ်စွာပြောဆိုခွင့် အာမခံမှုအပေါ် မေးခွန်းထုတ်ခဲ့ပါတယ်။ တနင်္ဂနွေနေ့က အမေရိကန်ကုန်သွယ်ရေးဌာနက WeChat ကို US app store တွေက ပိတ်ပင်မယ့် ကိစ္စအပေါ်ပြောခဲ့ပါတယ်။ WeChat ဟာ နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်နေတယ်လို့ ထရမ့်အစိုးရက ပြောခဲ့ပါတယ်။ အချက်အလက်တွေကို တရုတ်အစိုးရဆီ ပေးပို့နိုင်တယ်လို့ ပြောထားပါတယ်။ WeChat နဲ့တရုတ်ကတော့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။ WeChat ပိုင်ဆိုင်တဲ့ Tencent ကတော့ အမေရိကန်မှာ ပိတ်ပင်ခံရမယ့်ကိစ္စက ကံမကောင်းအကြောင်းမလှမှုတစ်ရပ်လို့ ပြောထားခဲ့ဖူးပါတယ်။ အမေရိကန် […]
Read Moreစင်ကာပူရှိ MDIS ကျောင်းရဲ့ လက်တွေ့လုပ်ငန်းခွင်နဲ့ တွဲဖက် သင်ကြားရမယ့် ဝန်ဆောင်မှု နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ဘွဲ့ဒီဂရီများ အကြောင်းကို အွန်လိုင်းမှ တစ်ဆင့် ဆွေးနွေးပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ virtual online ဆွေးနွေးပွဲကို စက်တင်ဘာ ၂၄ ရက်၊ နေ့လယ် ၂ နာရီမှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ပွဲတက်ရောက်လိုသူတွေ အနေနဲ့ AT&S Co.,Ltd ဖုန်း – ၀၉ ၅၀၆၂၁၇၁ သို့ ဆက်သွယ် စာရင်းပေးသွင်းပြီး ZOOM MEETING LINK ကိုရယူကာ တက်ရောက်ရမှာ ဖြစ်ပါတယ်။ MDIS ၏ school of Tourism and Hospitality မှာ သင်ထောက်ကူပစ္စည်းများ၊ လက်တွေ့လေ့ကျင့်နိုင်တဲ့ ပုံစံတူဟိုတယ်ခန်းတွေနဲ့ […]
Read MoreStrategy First University Extension-SFUx မှ မြန်မာနိုင်ငံရှိ အမြင်အာရုံ ချို့ယွင်းနေသူတွေကို စီးပွားရေးနှင့်စီမံခန့်ခွဲမှုပညာရပ်များ သင်ကြားနိုင်ရန်ရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံမျက်မမြင်များအသင်းနဲ့ ပူးပေါင်းပြီး SFUx အွန်လိုင်းသင်တန်းများကို အခမဲ့ စီစဉ်ပေးခဲ့တယ်လို့သိရပါတယ်။ SFUx မှ အမြင်အာရုံချို့ယွင်းနေတဲ့လူငယ်များ အများတန်းတူ စီးပွားရေးနှင့် စီမံခန့်ခွဲမှု ပညာရပ်များကို လေ့လာသင်ယူပြီး အနာဂတ်မှာ ပိုမိုကောင်းမွန်တဲ့ အခွင့်အလမ်းတွေ ဖန်တီးနိုင်ပြီး ကိုယ်ကျိုးနဲ့နိုင်ငံ့အကျိုး ဆောင်ရွက်နိုင်ရန်အတွက် တစ်ထောင့်တစ်နေရာမှ စီစဉ်ဆောင်ရွက်ပေးခြင်းဖြစ်တယ်လို့ သိရပါတယ်။ နိုင်ငံတစ်ဝန်းမှ အမြင်အာရုံချို့ယွင်းနေတဲ့ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး လူငယ်များ၊ တက္ကသိုလ်တက်ရောက်နေတဲ့ ကျောင်းသား/သူများ၊ ဘွဲ့ရခါစ လူငယ်များနဲ့ စီးပွားရေးပညာရပ်ကို လေ့လာလိုတဲ့ အမြင်အာရုံချို့ယွင်းနေသူများကို SFUx မှာ စီးပွားရေးနှင့်စီမံခန့်ခွဲမှု အွန်လိုင်းသင်တန်းများကို အခမဲ့တက်ရောက်နိုင်ရန် ထပ်မံ စီစဉ်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အကြားအာရုံချို့ယွင်းသူများအတွက်လည်း […]
Read Moreအမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က Oracle နဲ့ Walmart က TikTok အမေရိကန်လုပ်ငန်းကို ဝယ်ယူမယ့် သဘောတူညီမှုအပေါ် ထောက်ခံလိုက်ပါတယ်။ TikTok ကို တနင်္ဂနွေမှာ ပိတ်ပင်မယ့် အစီအစဉ်ကိုလည်း ရွှေ့ဆိုင်းလိုက်ပါတယ်။ Oracle ဟာ TikTok Global ကုမ္ပဏီသစ်က ရှယ်ယာ ၁၂.၅ ရာခိုင်နှုန်းကို ဝယ်ယူပြီး Walmart ကတော့ ၇.၅ ရာခိုင်နှုန်းရရှိပါမယ်။ TikTok Global ဟာ အမေရိကန်မှာပဲ အခြေစိုက်ပြီး အမေရိကန်သုံးစွဲသူနဲ့ တစ်ကမ္ဘာလုံးက သုံးစွဲသူအများစုအတွက် ထောက်ပံ့သွားပါမယ်။ TikTok Global ရဲ့ ဘုတ်အဖွဲ့ဝင် ၅ ဦးထဲက ၄ ဦးက အမေရိကန်ဖြစ်ပါမယ်။ Oracle ကတော့ လုံခြုံတဲ့ cloud ဝန်ဆောင်မှု ထောက်ပံ့ပြီး တရုတ်ပိုင် […]
Read MoreCopyright © 2021 | Internet Journal