Day: September 17, 2020

The Evidence Act App

သက်သေခံအက်ဥပဒေဆိုင်ရာ App ဖြစ်ပါတယ်။ ဦးမောင်မောင်ညွန့် (ဥပဒေသုတေသီ) ရဲ့ သက်သေခံအက်ဥပဒေကို ပြင်ဆင်တဲ့ဥပဒေကို ကိုးကားထားပြီး မြန်မာဘာသာဖြင့် သက်သေခံအက်ဥပဒေဆိုင်ရာကို လေ့လာနိုင်မှာဖြစ်ပါတယ်။ သက်သေခံအက်ဥပဒေပါ ပုဒ်မတွေကို အခန်းအလိုက်ဖတ်ရှုလေ့လာနိုင်သလို မိမိသိရှိလိုတဲ့ ပုဒ်မကိုလည်း ရှာဖွေနိုင်အောင် ဖန်တီးထားပြီး ယူနီကုတ်ဖောင့်အခြေခံဖန်တီးထားတာဖြစ်ပါတယ်။ App ကို Android ver 4.0.3 နဲ့ အထက်မှာ ထည့်သွင်း အသုံးပြုနိုင်ပြီး Download လုပ်ချင်ရင်တော့ ဒီနေရာမှာ download လုပ်နိုင်ပါတယ်။ -ရဲထွဋ်ဝင်း »»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««

Read More

120Hz မျက်နှာပြင် ထောက်ပံ့ထားတဲ့ Sony Xperia 5 II

Sony ကတော့ ဓာတ်ပုံနဲ့ ဗီဒီယိုပိုင်းအတွက် Xperia 5 II ကိုမိတ်ဆက်လိုက်ပါတယ်။ Sony Xperia 5 II ကတော့ ဒေါ်လာ ၁,၂၀၀ Xperia 1 II နဲ့ဆင်ပါတယ်။ Xperia 5 II ဖုန်းမှာ 120Hz refresh rate မျက်နှာပြင်နဲ့ 4K 120fps 10-bit ဗီဒီယိုတို့ ပါဝင်လာပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၉၅၀ ကျသင့်ပါမယ်။ Xperia 5 II နဲ့ Xperia 1 II ကတော့ အတော်ဆင်ပါတယ်။ ဖုန်း ၂ မျိုးစလုံး မှာ Snapdragon 865 ပရိုဆက်ဆာ ပါဝင်ပြီး EyeA, Photo […]

Read More

WeChat အပေါ်ပိတ်ပင်မှု သုံးစွဲသူတွေအပေါ် မသက်ရောက်

ထရမ့်အစိုးရရဲ့ WeChat အပေါ် ပိတ်ပင်မှုက သုံးစွဲသူတွေအပေါ် မသက်ရောက်ဘူးလို့ အမှုတွဲမှာ ဖော်ပြထားပါတယ်။ အစိုးရရဲ့အမှုတွဲက WeChat သုံးစွဲသူအဖွဲ့တစ်ခုက ဩဂုတ်လအတွင်း အမှုဖွင့်ထားတာကို ပြန်လည် တုံ့ပြန်ထားတာ ဖြစ်ပါတယ်။ WeChat နောက်ကွယ်က ကုမ္ပဏီနဲ့ မပတ်သက်တဲ့ တရားစွဲဆိုသူက သမ္မတဒေါ်နယ်ထရမ့်ရဲ့ ပိတ်ပင်မှုကို အခြေခံဥပဒေနဲ့ မကိုက်ညီဘူးလို့ ပြောဆိုထားပါတယ်။ ဩဂုတ် ၆ ရက်က ထရမ့်ဟာ TenCent ပိုင်ဆိုင်တဲ့ WeChat ဟာ နိုင်ငံတော်လုံခြုံရေးအတွက် စိုးရိမ်စရာလို့ ခေါ်ဆိုပြီး အမေရိကန်မှာ စီးပွားရေးပြုလုပ်ခွင့်ကို ပိတ်ပင်တဲ့ နိုင်ငံတော်အမိန့်စာကို လက်မှတ်ထိုးခဲ့ပါတယ်။ အမေရိကန် တရားရေးဌာနက WeChat သုံးစွဲသူတွေအပေါ် အမိန့်စာထုတ်ပြီး မတားမြစ်ထားဘူးလို့ အမှုတွဲမှာ ဖော်ပြထားပါတယ်။ -စိုးထက် Ref: CNET »»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ […]

Read More

TikTok- Oracle သဘောတူညီမှုကို လက်မှတ်ရေးထိုးမှာ မဟုတ်တဲ့ ဒေါ်နယ်ထရမ့်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က TikTok နဲ့ Oracle အကြားက ရောင်းဝယ်ရေးသဘောတူညီချက်ကို လက်မှတ်ထိုးဖို့ မပြင်ဆင်ထားဘူးလို့ ပြောလိုက်ပါတယ်။ အခု သဘောတူညီချက်က TikTok app နဲ့ပတ်သက်တဲ့ နိုင်ငံတော်လုံခြုံရေးအပေါ် စိုးရိမ်မှုကို ဖြေရှင်းနိုင်ဖို့ သေချာအောင် လုပ်ဆောင်မယ်လို့ ဒေါ်နယ်ထရမ့်က ပြောသွားပါတယ်။ သမ္မတဒေါ်နယ်ထရမ့်က TikTok မိခင်ကုမ္ပဏီ ByteDance ဟာ အမေရိကန်သုံးစွဲသူအချက်အလက်ကို တရုတ်အစိုးရဆီ ထောက်ပံ့နိုင်တယ်လို့ TikTok အပေါ် ပစ်မှတ်ထားစောင့်ကြည့်ခဲ့ပါတယ်။ ဒီနှစ် နွေရာသီ အစောပိုင်းကတည်းက အမေရိကန်နိုင်ငံအတွင်းက TikTok အနာဂတ်ကတော့ မတင်မကျအခြေအနေပါပဲ။ အမေရိကန်က သုံးစွဲသူအချက်အလက်တွေကို စင်ကာပူနိုင်ငံမှာ အရန်ထားထားတယ်လို့ ByteDance က ပြောခဲ့ပါတယ်။ အချက်အလက်တွေကို တရုတ်အစိုးရဆီ ထောက်ပံ့ဖူးတာ မရှိဘူးလို့ ကုမ္ပဏီက ပြန်လည် တုံ့ပြန်ခဲ့ပါတယ်။ -စိုးထက် […]

Read More

၂၉၉ ဒေါ်လာ ကျသင့်မယ့် Oculus Quest 2

Facebook Connect ကွန်ဖရင့်အတွင်း သီးသန့် VR ထုတ်ကုန် Oculus Quest 2 ကိုမိတ်ဆက်လိုက်ပါတယ်။ Oculus Quest 2 ဟာ အရင်ထုတ်ကုန်ထက် ရုပ်ထွက်အရည်အသွေး ၅၀ ရာခိုင်နှုန်း ပိုကောင်းပြီး display ကလည်း ကြည်တောက်နေပါတယ်။ ဒါ့အပြင် 90Hz refresh rate ထောက်ပံ့ထားပေမယ့် ဈေးနှုန်းကလည်း ၂၉၉ ဒေါ်လာပဲ ရှိပါတယ်။ Facebook က Quest ကို အကောင်းဆုံး VR ထုတ်ကုန်အဖြစ် ဖန်တီးဖို့ စိုင်းပြင်းနေပါတယ်။ Quest 2 ထုတ်ကုန်မှာ LCD အသုံးပြုထားပြီး ရုပ်ထွက်အရည်အသွေး 1832x 1920 ပါဝင်လာပါတယ်။ Quest 2 ဟာ အရင်ထုတ်ကုန်ထက် ၁၀ ရာခိုင်နှုန်း […]

Read More

နိုဝင်ဘာ ၁၂ ရက်မှာ ဒေါ်လာ ၄၀၀ နဲ့ ရောင်းချမယ့် PlayStation 5

Sony ကတော့ PlayStation 5 အွန်လိုင်းမိတ်ဆက်ပွဲမှာ ဂိမ်းစက် ဈေးနှုန်းနဲ့ ထွက်ရှိမယ့်ရက်ကို တရားဝင် ကြေညာသွားပါတယ်။ ဒါ့အပြင် PS5 ဂိမ်းစက်ကို ကြိုတင် မှာယူခွင့်ပြုလိုက်ပြီး Blu-ray ထည့်သွင်းရတဲ့ ဗားရှင်းကတော့ ဒေါ်လာ ၅၀၀ ကျသင့်ပြီး ဒီဂျစ်တယ်ဗားရှင်းကတော့ ဒေါ်လာ ၄၀၀ ပဲကျသင့်ပါမယ်။ ဂိမ်းစက် ၂ မျိုးစလုံးကို နိုဝင်ဘာ ၁၂ ရက်မှာ စတင် ရောင်းချပေးသွားပါမယ်။ Sony ကတော့ Microsoft ရဲ့ Xbox Series X နဲ့ Series S မိတ်ဆက်အပြီး ဂိမ်းစက်တွေကို တရားဝင် ထုတ်ဖော်ပြသခဲ့ပါတယ်။ Microsoft ရဲ့ Series X နဲ့ Series S ကတော့ […]

Read More

MPU ကတ်သုံးစွဲသူများ KBZPay မိုဘိုင်းပိုက်ဆံအိတ်အတွင်းသို့ ချက်ချင်းငွေဖြည့်သွင်းနိုင်မည်

အွန်လိုင်းငွေပေးချေမှု ပြုလုပ်ရာမှာ အသုံးပြုဖို့ eCommerce မှတ်ပုံတင်ထားတဲ့ Myanmar Payment Union (MPU) ကတ်ကိုင်ဆောင်သူတွေဟာ KBZPay မိုဘိုင်းပိုက်ဆံအိတ် အတွင်းကို ချက်ချင်း ငွေဖြည့်သွင်းနိုင်မယ်လို့ သိရပါတယ်။ အဆိုပါလုပ်ဆောင်ချက်မှာ MPU Cash-In ဖြစ်ပြီး အဆင့်မြှင့်တင်ထားတဲ့ KBZPay Version 3.0 Application မှာ အသုံးပြုနိုင်မယ်လို့သိရပါတယ်။ ကမ္ဘောဇဘဏ် ဝန်ဆောင်မှု အသုံးမပြုသူတွေအနေနဲ့လည်း အခြားပြည်တွင်းဘဏ်များမှ ထုတ်ပေးထားတဲ့ ကတ်တွေကို အသုံးပြုပြီး KBZPay မိုဘိုင်းပိုက်ဆံအိတ်အတွင်းကို ငွေဖြည့်သွင်းနိုင်မှာဖြစ်ပါတယ်။ “KBZPay အသုံးပြုသူတွေအနေနဲ့ သူတို့ရဲ့ မိုဘိုင်းပိုက်ဆံအိတ်ထဲမှာ ထည့်သွင်းထားတဲ့ လက်ကျန်ငွေ ပမာဏ ထူးထူးခြားခြား မြင့်တက်လာတာကို ကျွန်တော်တို့ တွေ့မြင်နေရပါပြီ။ ဒီနှစ်အစောပိုင်း ဇန်နဝါရီလနဲ့ နှိုင်းယှဉ်ရင် ၂၀၂၀ ခုနှစ်၊ ဇွန်လမှာ ကျွန်တော်တို့ရဲ့ […]

Read More

University of Sunderland, UK မှ တိုက်ရိုက်ပေးအပ်မည့် BA (Hons) Business and Management နောက်ဆုံးနှစ်အတွက် လျှောက်လွှာခေါ်ယူ

HND, ABE Level 5, NCC Advanced Diploma အောင်မြင်ပြီးသူတွေအတွက် British University College နဲ့ University of Sunderland, UK တို့ပူးပေါင်းဖွင့်လှစ်သွားမယ့် BA (Hons) in Business and Management (Final Year) အောက်တိုဘာလ ကျောင်းဖွင့်ချိန်အတွက် လျှောက်လွှာခေါ်ယူနေပါတယ်။ University of Sunderland, UK မှာ သင်ကြားပေးတဲ့ Academic Quality အတိုင်းသင်ကြားပေးမှာဖြစ်သလို University of Sunderland မှ တိုက်ရိုက် အထောက်အပံ့ပေးအပ်မှာ ဖြစ်တဲ့အတွက် UK မှကျောင်းသား/သူ နည်းတူ အထောက်အပံ့ အပြည့်အဝရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။ မီလီယံပေါင်းများစွာရှိတဲ့ Research Papers, Textbooks, […]

Read More

Webster University Thailand Campus မှ ၅၀ ရာခိုင်နှုန်း ပညာသင်ဆုလျှောက်ထားနိုင်

အမေရိကန်အခြေစိုက်တက္ကသိုလ် Webster University Thailand Campus ရဲ့ ၅၀ ရာခိုင်နှုန်း ပညာသင်ဆုကို အောက်တိုဘာ ကျောင်းဖွင့်ချိန်အတွက် လျှောက်ထားနိုင်မယ်လို့သိရပါတယ်။ Webster’s Scholarship မှာဘွဲ့ဒီဂရီတန်း (၄) နှစ်စာလုံးအတွက် နှစ်စဉ်ပေးအပ်တာဖြစ်ပြီး Webster University St.Louis (USA Campus) မှ တိုက်ရိုက် ချီးမြှင့်တဲ့ ဘွဲ့လက်မှတ်ကို ရရှိမှာဖြစ်ပါတယ် ။ ကျောင်းလျှောက်ထားမယ့်သူတွေ အနေနဲ့ အောက်တိုဘာ ၁၂ ရက် နောက်ဆုံးထား လျှောက်ထားရမှာ ဖြစ်ပြီး ပညာသင်ဆုနဲ့ ရွေးချယ်တက်ရာက်နိုင်တဲ့ ဘာသာရပ်တွေကတော့ Bachelor of Arts in Management (B.A.) ၊ Bachelor of Arts in Management with an Emphasis […]

Read More