Day: September 16, 2020

Facebook နဲ့ Instagram account တစ်ရက် ရပ်နားမယ့် ကင်ကာဒေရှန်ဝက်စ်

Instagram ပေါ်က အကျော်ကြားဆုံး သုံးစွဲသူတစ်ဦး ဖြစ်တဲ့ ကင်ကာဒေရှန်ဝက်စ်က Facebook ကို ဆန္ဒပြတဲ့အနေနဲ့ ၂၄ နာရီ post မတင်ဘူးလို့ သိရပါတယ်။ သူမက Instagram နဲ့ Facebook အသုံးပြုမှုကို ရပ်တန့်ဖို့ twitter ကနေ အသိပေးခဲ့တယ်။ သူမက #StopHateForProfit လှုပ်ရှားမှုထဲ ပါဝင်လာတာ ဖြစ်ပါတယ်။ #StopHateForProfit ဆိုတာက လူမှုရေးမီဒီယာကုမ္ပဏီတွေ platform ပေါ်က အမုန်းစကားဖြစ်ပေါ်မှုကို တာဝန်ယူဖို့ ဖိအားပေးတဲ့လှုပ်ရှားမှု ဖြစ်ပါတယ်။ အခြား ကျော်ကြားထင်ရှားသူတွေ ဖြစ်တဲ့ ကိတ်ဟတ်ဆန်နဲ့ ဆာရှာဘာရွန်ကိုဟန်တို့လည်း လှုပ်ရှားမှုထဲ ပါဝင်လာပါတယ်။ အများပြည်သူဆိုင်ရာအခွင့်အရေးလှုပ်ရှားမှု Stop Hate for Profit မှာ Anti-Defamation League, NAACP နဲ့ Color […]

Read More

Apple အပေါ် ဒေါသထွက်နေတဲ့ Developer များ

Apple ရဲ့ စက်တင်ဘာ ၁၅ ရက် ပွဲမှာ Apple Watch တွေနဲ့ အဆင့်မြင့် iPad နဲ့ Apple One bundle တို့ကို မိတ်ဆက်ခဲ့ပါတယ်။ ဒါ့အပြင် Apple က စက်တင်ဘာ ၁၆ ရက်မှာ ဖြန့်ချိမယ့် iOS 14 နဲ့ iPadOS 14 တို့ကိုလည်း မိတ်ဆက်ခဲ့ပါတယ်။ Apple ရဲ့ iOS 14 နဲ့ iPadOS 14 ထွက်ရှိမယ့်ရက်နဲ့ ပတ်သက်ပြီး developer တွေက မကျေမနပ် ဖြစ်နေကြပါတယ်။ ပုံမှန်အတိုင်းဆို iOS ဗားရှင်းအသစ် တစ်ခု မထွက်ခင် app တွေက နောက်ဆုံးဗားရှင်းနဲ့ ကိုက်ညီမှု ရှိ၊ မရှိ […]

Read More

Nintendo Switch မှာထွက်ရှိလာတဲ့ Donkey Kong Country 2

Nintendo ဟာ Switch Online retro ဂိမ်းတွေအတွက် ဂိမ်းများစွာ တိုးချဲ့နေပါတယ်။ အခုဆိုရင် Nintendo Switch အတွက် ၁၉၉၅ မှာထွက်ခဲ့တဲ့ Donkey Kong Country ဂိမ်းအဆက် Donkey Kong Country 2: Diddy’s Kong Quest ကိုဖြန့်ချိသွားပါမယ်။ ဇူလိုင်လတုန်းက Donkey Kong Country ကို ဖြန့်ချိထားပါသေးတယ်။ ဒါ့အပြင် Nintendo က Jaleco ရဲ့ ၁၉၉၃ ခုနှစ် SNES ဂိမ်း The Peace Keepers နဲ့ Natsume ရဲ့ ၁၉၉၀ NES သေနတ်ပစ်ဂိမ်း S.C.A.T: Special Cybernetic Attack Team […]

Read More

PlayStation 5 ထုတ်လုပ်မှုကို Sony လျှော့ချမှာမဟုတ်

Sony ကတော့ PlayStation 5 ဂိမ်းစက်ကို တရားဝင်ကြေညာဖို့ ပြင်ဆင်နေပါတယ်။ အဲဒီ အချိန်အတွင်း Sony က PS5 ဂိမ်းကို ၁၅ သန်း မထုတ်တော့ဘဲ ၁၁ သန်း ထုတ်မယ်လို့ Bloomberg ကဖော်ပြခဲ့ပါတယ်။ Sony ကတော့ သတင်းတွေအပေါ် ငြင်းဆန်သွားပါမယ်။ Sony က ဂိမ်းစက်ထုတ်လုပ်မှုနဲ့ ပတ်သက်တဲ့ အသေးစိတ်ကို ထုတ်ပြန်မှာ မဟုတ်သလို Bloomberg သတင်းအချက်အလက်က မှားယွင်းနေတယ်လို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် PS5 ဂိမ်းစက် ထုတ်လုပ်မှု စတင်ကတည်းက အရေအတွက်ကို မပြောင်းလဲခဲ့ဘူးလို့ ပြောသွားပါတယ်။ -စိုးထက် Ref: GSMArena »»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ […]

Read More

ဒေါ်လာဘီလျံ ၄၀ နဲ့ Arm ကို Nvidia ဝယ်ယူ

Nvidia ဟာ ဗြိတိန်အခြေစိုက် ချစ်ဖန်တီးသူ Arm ကိုဝယ်ယူလိုက်တယ်လို့ ဝန်ထမ်းအိတ်ဖွင့်ပေးစာမှာ စီအီးအို ဂျန်ဆန်ဟွမ်က ပြောခဲ့ပါတယ်။ သတင်းတွေရဲ့ ဖော်ပြချက်အရ Nvidia ဟာ Arm ကို ဒေါ်လာဘီလျံ ၄၀ နဲ့ ဝယ်ယူလိုက်ပါတယ်။ Arm ဟာ Nvidia ရဲ့သီးသန့်ဌာနအဖြစ် လုပ်ကိုင်သွားမှာ ဖြစ်ပြီး ဌာနချုပ်ကလည်း အင်္ဂလန်၊ ကမ်းဘရစ်ချ်မှာ ဆက်ရှိနေမှာပါ။ Arm အနေနဲ့ ပူးပေါင်းထားတဲ့ စီးပွားဖက်တွေနဲ့ ကြားနေ၊ ပွင့်လင်းလိုင်စင်ကိစ္စတွေကို ဆောင်ရွက်သွားပါမယ်။ Nvidia ဟာ Arm ကိုဝယ်ယူမှုကြောင့် မိုဘိုင်း chipset တွေထုတ်လုပ်လာနိုင်ပါတယ်။ Arm ဟာ ခေတ်သစ်စမတ်ဖုန်းမှာ အသုံးပြုနေတဲ့ SoC ချစ်တွေကို လိုင်စင်ခွင့်ပြုထားပြီး ကမ္ဘာပေါ်က အကျော်ကြားဆုံး ချစ်ပ်ဒီဇိုင်နာကုမ္ပဏီ ဖြစ်ပါတယ်။ […]

Read More

နိုင်ငံ ၂၂ ခုအတွက် Xbox Game Pass Ultimate ဖြန့်ချိ

Microsoft ရဲ့ xCloud ဂိမ်းဝန်ဆောင်မှုကတော့ နိုင်ငံ ၂၂ ခုမှာ တရားဝင် ထွက်ရှိလာပါတယ်။ နိုင်ငံ ၂၂ ခုထဲမှာ အမေရိကန်၊ ကနေဒါ၊ ဥရောပနိုင်ငံအများစု၊ ယူကေနဲ့ တောင်ကိုရီးယားတို့ ပါဝင်လာပါတယ်။ အစောပိုင်းမှာတော့ ဂိမ်းပေါင်း ၁၅၀ ကျော်ကို Android စမတ်ဖုန်း၊ ကွန်ပျူတာ၊ tablet ဒါမှမဟုတ် Xbox ဂိမ်းစက်ကနေ တိုက်ရိုက် ကစားနိုင်ပါမယ်။ Xbox Game Pass Ultimate ဝန်ဆောင်မှုသစ်ကတော့ တစ်လ ၁၄.၉၉ ဒေါ်လာ ကျသင့်ပြီး Xbox ဂိမ်းစက်မလိုဘဲ Microsoft ကနေ ဂိမ်းတွေကို stream လုပ်နိုင်ပါမယ်။ ဒါပေမဲ့ Xbox ဂိမ်းခလုတ် ဒါမှမဟုတ် အခြား ကိုက်ညီတဲ့ဂိမ်းခလုတ်ကို ဝယ်ဖို့ လိုအပ်ပါတယ်။ […]

Read More

ငွေကြေးဆိုင်ရာပညာရပ်အကြောင်း အခမဲ့ လေ့လာနိုင်မည့် အွန်လိုင်းသင်တန်းပြုလုပ်မည်

Financial Literacy Online Learning Festival ငွေကြေးဆိုင်ရာပညာရပ်တွေအကြောင်း အွန်လိုင်းကနေ အခမဲ့သင်ယူနိုင်မယ့် သင်တန်းကို Yoma Bank နဲ့ Prudential Myanmar တို့ ပူးပေါင်းပံ့ပိုးကူညီမှုနဲ့အတူ Phandeeyar Institute ကနေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ စက်တင်ဘာ ၂၈ ရက်မှ အောက်တိုဘာ ၄ ရက် အထိ တစ်ပတ်တာ အချိန်အတွင်း အွန်လိုင်းကနေ အခမဲ့ လေ့လာနိုင်မှာဖြစ်ပြီး COVID 19 ဖြစ်နေတဲ့ ကာလမှာ မြန်မာနိုင်ငံ တစ်နိုင်ငံလုံးရှိ ကျောင်းသားလူငယ်တွေ၊ လုပ်ငန်းခွင်ဝင်ရောက်နေသူတွေ၊ အသေးစားအလတ်စားလုပ်ငန်း ပိုင်ဆိုင်သူတွေ၊ နည်းပညာအခြေပြုစီးပွားရေးလုပ်ငန်း တည်ထောင်လိုသူတွေအားလုံး အကျိုးရှိစေဖို့အတွက် ရည်ရွယ်ထားတဲ့ အစီအစဉ်ဖြစ်တယ်လို့ သိရပါတယ်။ ဒီအစီအစဉ်မှာ ငွေကြေးဆိုင်ရာပညာရပ်တွေအကြောင်းကို နယ်ပယ်အသီးသီးက အတွေ့အကြုံရှိ အသိပညာရှင် အတတ်ပညာရှင်တွေထံက […]

Read More

မြန်မာငွေကျပ် သိန်း (၁၇ဝ) ကျော်တန်ဖိုးရှိ ပညာသင်ဆုများ University of Exeter မှ ပေးအပ်မည်

ယူကေရှိ University of Exeter မှာ ဘွဲ့ကြို၊ ဘွဲ့လွန်ပရိုဂရမ် (၂ဝဝ) ကျော်ကို သင်ကြားပို့ချပေးနေပြီး ပညာအရည်အချင်း ထူးချွန်သူတွေအတွက် Subject-Specific Scholarships အပြင် မြန်မာငွေကျပ် သိန်း (၁၇ဝ) ကျော် တန်ဖိုးညီမျှတဲ့ Global Excellence Scholarships တွေကို ပေးအပ်လျက်ရှိတယ်လို့ သိရပါတယ်။ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ကျောင်းဖွင့်ချိန် အတွက် MSc Accounting and Finance, MSc Economics,MSc in Entrepreneurship and Innovation Management, MSc International Business, MSc Business Analytics, MSc Financial Technology (FinTech), MA Creativity: Innovation […]

Read More

Baby Yoda ပြန်လည် ပါဝင်လာတဲ့ The Mandalorian Season 2

Disney ကတော့ အောက်တိုဘာ ၃၀ ရက်မှာ စတင် ထုတ်လွှင့်မယ့် The Mandalorian season 2 အတွက် ထွေလာကို ထပ်မံ မိတ်ဆက်လိုက်ပါတယ်။ အခု ထွေလာအရ The Mandalorian season 1 ဇာတ်လမ်းအရ ပြန်လည် ဆက်ထားပါတယ်။ ထွေလာထဲမှာ အသံတစ်ခုက the Mandalorian နဲ့ Jedi မှော်ဆရာတွေအကြားက တိုက်ပွဲကို ဖော်ညွှန်းပြီး အတိတ်က ဇာတ်လမ်း ပြန်ပြောင်းပြောဆိုနေပါတယ်။ စိတ်လှုပ်ရှားစရာပါပဲ။ The Star Wars ပရိသတ်တွေကတော့ The Mandalorian အစီအစဉ်ဟာ မူလ ကြေညာထားတဲ့ အောက်တိုဘာလအတွင်း မထွက်မှာကို ပူပန်နေကြပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါက ကမ္ဘာတစ်ဝန်းက တီဗီအစီအစဉ်နဲ့ ရုပ်ရှင်ထုတ်လုပ်မှုများစွာ ပိတ်သိမ်းစေပါတယ်။ […]

Read More