Day: September 15, 2020

ရာသီဥတုပြောင်းလဲမှု သတင်းအချက်အလက်စင်တာ ကဏ္ဍကို Facebook ထည့်သွင်း

ဒီနှစ်အတွင်း Facebook ဟာ ကိုယ်ပိုင်လုပ်ငန်းတွမှာ ပြန်လည်သန့်စင်နိုင်တဲ့ စွမ်းအင် ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှင့်မှု သုညဖြစ်ဖို့ အားထုတ်နေပါတယ်။ ဒါ့အပြင် Facebook က သိပ္ပံအခြေခံသတင်းအချက်အလက်နဲ့ လူတွေကို ဆက်သွယ်ပေးဖို့ Climate Science Information Centre ကဏ္ဍကိုလည်း မိတ်ဆက်လိုက်ပါတယ်။ Facebook ဟာ COVID-19 ကပ်ရောဂါ တုံ့ပြန်ပေးမယ့်စင်တာ မိတ်ဆက်အပြီး သတင်းအချက်အလက်စင်တာအသစ်ကို မိတ်ဆက်လိုက်ပါတယ်။ အခုစင်တာကတော့ ရာသီဥတုဆိုင်ရာ သတင်းအချက်အလက်ကို မှန်ကန်မြန်ဆန်စွာ ရရှိစေဖို့ ဖြစ်တယ်လို့ Facebook ကထုတ်ပြန်ထားပါတယ်။ လူ ၂ ဘီလျံကျော်ကို COVID-19 response နဲ့ ကျန်းမာရေးအာဏာပိုင်တွေက သတင်းရင်းမြစ်ဆီ လမ်းညွှန်ထားတယ်လို့ Facebook ကပြောခဲ့ပါတယ်။ -စိုးထက် Ref: TechCrunch »»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် […]

Read More

ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးတဲ့ နည်းလမ်းများ

ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရစ်ပျံ့နှံ့မှုက မရပ်တန့်သေးပါဘူး။ ဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့ စိုးရိမ်ပူပန်မှုတွေကလည်း မြင့်တက်နေပါတယ်။ လူတွေအကြား ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး ဘယ်လို စစ်ဆေးမှုလုပ်လဲဆိုတာ ငြင်းခုံမှုတွေရှိနေပါတယ်။ အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်မှုနဲ့ပတ်သက်ပြီး ကျယ်ပြန့်တဲ့ စမ်းသပ်မှု (၃) ခုအထိ ရှိပါတယ်။ စမ်းသပ်မှု (၂) ခုကတော့ ပိုးရှိ၊ မရှိ စစ်ဆေးတာပါ။ နောက်ဆုံးတစ်ခုကတော့ အရင်တုန်းက ဗိုင်းရပ်စ်ကူးစက်ခံရဖူးလားဆိုတာ စစ်ဆေးပါတယ်။ ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်မှု (၃) မျိုးကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။ Genetic စမ်းသပ်မှု စမ်းသပ်မှုအများစုက ဗိုင်းရပ်စ်ရဲ့ genetic မျိုးရိုးဗီဇ အနည်းငယ်ယူပြီး စစ်ဆေးပါတယ်။ ကျန်းမာရေးပရော်ဖက်ရှင်နယ်တွေက နှာခေါင်းထဲ ဂွမ်းဖတ်ထည့်ပြီး နမူနာယူကာ ဓာတ်ခွဲခန်းကိုပို့ပါတယ်။ ဒီနည်းလမ်းက ရောဂါကူးစက်မှုကို စစ်ဆေးဖို့ အတိကျဆုံး လက်ခံထားပေမယ့် ပြီးပြည့်စုံဆုံးနည်းလမ်းတော့ မဟုတ်ပါဘူး။ […]

Read More

စက်တင်ဘာ ၂၃ ရက်မှာ ပြုလုပ်မယ့် ‘Galaxy Unpacked for Every Fan’ ပွဲ

Samsung ဟာ ဩဂုတ် ၅ ရက်က Note 20, Note 20 Ultra, Galaxy Tab S7 Plus, Galaxy Watch 3 နဲ့ Galaxy Buds Live တို့ကို မိတ်ဆက်ဖို့ Unpacked ပွဲကို ပြုလုပ်ထားပါတယ်။ ဒါပေမဲ့ Samsung ဟာ ထုတ်ကုန်သစ်တွေ ထပ်မံ မိတ်ဆက်ဖို့ နောက်ထပ် Unpacked ပွဲတစ်ခုကို စက်တင်ဘာ ၂၃ ရက်မှာ မိတ်ဆက်ခဲ့ပါတယ်။ Samsung က ပွဲအမည်ကို ‘Galaxy Unpacked for Every Fan’ လို့ပေးထားပြီး ဘာထုတ်ကုန် မိတ်ဆက်မလဲဆိုတာ မသိသေးပါဘူး။ ဒါပေမဲ့ S20 ထက်ဈေးသက်သာတဲ့ Galaxy […]

Read More

PS5 ဈေးနှုန်း ပေါက်ကြားထွက်ပေါ်

စပိန်သတင်းဌာန Vandal က စပိန်လက်လီစတိုး El Corte Ingles အတွင်းကနေ PS5 ဂိမ်းစက် ဈေးနှုန်း ပေါက်ကြားထွက်ပေါ်လာတယ်လို့ ဖော်ပြခဲ့ပါတယ်။ PS5 ဂိမ်းစက် ၂ မျိုးကို Enigma နဲ့ Aurea လို့ စာရင်းသွင်းထားပြီး ဒေါ်လာ ၄၉၉ နဲ့ ဒေါ်လာ ၃၉၉ နဲ့ရောင်းချမယ်လို့ သိရပါတယ်။ PS5 ပုံမှန်ဗားရှင်းနဲ့ drive မပါတဲ့ PS5 ဆိုပြီး ၂ မျိုး ထွက်ရှိနိုင်ပါတယ်။ Sony ရဲ့ PS5 ဈေးနှုန်းက Microsoft ရဲ့ Xbox Series X ဂိမ်းစက်နဲ့ တူပါတယ်။ ဒါ့အပြင် Microsoft ရဲ့ Xbox Series S […]

Read More

TikTok ကိုဝယ်ယူဖို့ Oracle သဘောတူညီမှုရရှိ

Oracle ကုမ္ပဏီဟာ TikTok ကိုဝယ်ယူဖို့ ပိုင်ရှင် ByteDance နဲ့သဘောတူညီမှု ရရှိထားတယ်လို့ အတည်ပြုခဲ့ပါတယ်။ ထရမ့်အစိုးရဟာ အမေရိကန်က TikTok လုပ်ငန်းကို ရောင်းချဖို့ ညွှန်ကြားထားပြီး ရက်သတ္တပတ် အတော်ကြာမှာ သဘောတူညီချက် တစ်ခု ရရှိခဲ့ပါတယ်။ အဲဒီ သဘောတူညီချက်ကို အမေရိကန်အစိုးရ ထောက်ခံပေးဖို့ လိုအပ်နေပါသေးတယ်။ “ဒီပိတ်ရက်အတွင်း ByteDance က ဘဏ္ဍာဌာနဆီ တင်သွင်းထားတဲ့ အဆိုပြုချက် တစ်စိတ်တစ်ပိုင်း ဝန်ကြီး စတိဗ်မန်နူချင် ထုတ်ပြန်ချက်ကို Oracle ကအတည်ပြုပါတယ်။ အဆိုပြုချက်အရ Oracle က ယုံကြည်ရတဲ့ နည်းပညာထောက်ပံ့သူ အဖြစ် တာဝန်ထမ်းဆောင်သွားပါမယ်” လို့ Oracle ကထုတ်ပြန်ခဲ့ပါတယ်။ အမေရိကန်အစိုးရအနေနဲ့ ဒီတစ်ပတ်အတွင်း သဘောတူညီချက်ကို ပြန်လည်သုံးသပ်ဖို့ စီစဉ်ထားတယ်လို့ မန်နူချင်က ပြောခဲ့ပါတယ်။ အမေရိကန်တွေရဲ့ […]

Read More

စက်တင်ဘာ ၂၂ ရက်မှာ ထွက်ရှိမယ့် Nokia 7.3

ဒီလနှောင်းပိုင်းအတွင်း Nokia 7.3 ဖုန်းထွက်ရှိမယ်လို့ သတင်းအချက်အလက်ဖော်ထုတ်သူ တစ်ဦးက ပြောကြားသွားပါတယ်။ ဒီလအတွင်း ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ Nokia 9.3 flagship ကတော့ မထွက်သေးပါဘူး။ Nokia အနေနဲ့ 7.3 ထွက်ရှိဖို့ 7.2 ကိုဖျက်သိမ်းလိုက်ပါတယ်။ ဂျာမနီ၊ ပြင်သစ်၊ စပိန်၊ ဖင်လန်နဲ့ အခြားနိုင်ငံက Nokia အွန်လိုင်းစတိုးတွေမှာ ဆက်လက်မရောင်းချတော့ပါဘူး။ HMD ဟာ စက်တင်ဘာ ၂၂ ရက်မှာတော့ Nokia 7.3 ဖုန်းအပြင် အခြားဖုန်းတွေကိုလည်း မိတ်ဆက်နိုင်တယ်လို့ ကောလာဟလ ထွက်နေပါတယ်။ -စိုးထက် Ref: GSMArena »»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် […]

Read More

ACASIS USB Video Capture Device

Online Streamers တွေအသုံးပြုဖို့ သင့်တော်တဲ့ ACASIS အမှတ်တံဆိပ် USB Video Capture Device ဖြစ်ပါတယ်။ မိုဘိုင်းဂိမ်းကို stream လုပ်တဲ့အခါမှာပဲဖြစ်ဖြစ် PlayStation, X-Box စတဲ့ console တွေကနေ ရုပ်ထွက်ကို ဖမ်းယူပြီး stream ပြုလုပ်ဖို့အခါမှာပဲ ဖြစ်ဖြစ် အသုံးပြုဖို့ အဆင်ပြေစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဗီဒီယိုကင်မရာတွေကိုပါ ချိတ်ဆက်ပြီး ကင်မရာရုပ်ထွက်ကို PC ကို တိုက်ရိုက် ပို့လွှတ်နိုင်မှာဖြစ်ပါတယ်။ Live လွှင့်တာနဲ့ meeting record ယူတာမျိုးတွေလို ကင်မရာကို အသေထောင်ထားရတဲ့ ရိုက်ကူးရေးတွေမှာ ပိုမို အဆင်ပြေစေမှာ ဖြစ်ပါတယ်။ USB 3.0 high speed interface နဲ့ output ထွက်ရှိတဲ့အတွက် Video […]

Read More

SUNNY eSTORE နှင့် Unilever တို့ ပူးပေါင်း

eCommerce ပလက်ဖောင်းဖြစ်တဲ့ SUNNY eSTORE နဲ့ Unilever တို့ ပူးပေါင်းလိုက်တယ်လို့သိရပါတယ်။ www.sunny.com.mm နဲ့ Google Play Store သို့မဟုတ် Apple App Store တို့မှာရှိတဲ့ မိုဘိုင်းအက်ပလီကေးရှင်း မှတစ်ဆင့် ၂၄ နာရီ၊ ၇ ရက်လုံး အဆင်ပြေစွာ ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။ ငွေသားမဲ့ ငွေပေးချေမှုကို KBZPay အသုံးပြု လုပ်ဆောင်နိုင်ပြီး ငွေကျပ် ၂၀,၀၀၀ ဖိုးနဲ့အထက် ဝယ်ယူမှုများအတွက် ပြည်တွင်းရှိ မည်သည့်နေရာဒေသမဆို အခမဲ့ ပို့ဆောင်ပေးလျက်ရှိတယ်လို့ သိရပါတယ်။ ပထမဆုံးအကြိမ် စတင်ဆောင်ရွက်ခြင်း အထိမ်းအမှတ်အဖြစ် SUNNY eSTORE မှာ Unilever ရဲ့ နာမည်ကြီး ကုန်အမှတ်တံဆိပ်ပစ္စည်းတွေကို စက်တင်ဘာ ၁၈ ရက်မှ ၂၇ […]

Read More

တိုင်းဒေသကြီး တချို့တွင် အော်တိုတယ်လီဖုန်းနံပါတ်များအားပြောင်းလဲမည်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) အနေနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်များရှိ အိတ်ချိန်းတွေကို ခေတ်မီအိတ်ချိန်းစက်တွေနဲ့ ပြောင်းလဲတပ်ဆင်ပြီး ဖြစ်တယ်လို့ သိရပါတယ်။ ထိုသို့ ပြောင်းလဲတပ်ဆင်လိုက်တဲ့ အတွက် လက်ရှိအသုံးပြုနေတဲ့​အော်တိုတယ်လီဖုန်း နံပါတ်များကို ဂဏန်း (၇) လုံးပါရှိတဲ့ အော်တိုတယ်လီဖုန်းနံပါတ် အသစ်များဖြင့် ၂၀၂၀ ပြည့်နှစ်၊စက်တင်ဘာ၃ဝ ရက်မှာ ပြောင်းလဲသွားမယ်လို့ သိရပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်များရှိ အိတ်ချိန်းများကို ခေတ်မီအိတ်ချိန်းစက်တွေနဲ့ ပြောင်းလဲတပ်ဆင်ပြီး ကေဘယ်လ်ကွန် ရက်စနစ် (Copper Cable Network) အားမြန်နှုန်းမြှင့်သတင်းအချက်အလက်ဝန်ဆောင်မှုပေးနိုင်တဲ့ ဖန်ကြိုးမျှင် (Fiber Cable) အသုံးပြု တယ်လီဖုန်းစနစ်နဲ့ ကြိုးမဲ့စနစ်သုံး (Wireless) တယ်လီဖုန်းတွေနဲ့ ပြောင်းလဲတပ်ဆင်မှာ ဖြစ်တဲ့အတွက် အော်တိုတယ်လီဖုန်းနံပါတ်တွေဟာ ပြောင်းလဲသွားမယ်လို့ သိရပါတယ်။ နံပါတ်အဟောင်းမှ နံပါတ်အသစ်သို့ ပြောင်းလဲစဉ်ကာလ အတွင်း Call Forward […]

Read More