Day: September 11, 2020

ကင်မရာကတစ်ဆင့် နှလုံးခုန်နှုန်း တိုင်းတာပေးမယ့် Xiaomi Mi Health

Xiaomi ရဲ့ Mi Health app ဗားရှင်း 2.7.4 ဟာ ဖုန်းကင်မရာကို အသုံးပြုပြီး နှလုံးခုန်နှုန်း တိုင်းတာပေးမယ်လို့ XDA-Developers ကဖော်ပြခဲ့ပါတယ်။ ဖုန်းအတွင်းက ထပ်ဆောင်း sensor ဒါမှမဟုတ် hardware မလိုဘဲ နှလုံးခုန်နှုန်းကို တိုင်းတာပေးပါမယ်။ Xiaomi Mi Health ဟာ Mi ထုတ်ကုန်တွေမှာ ကျန်းမာရေးနဲ့ပတ်သက်တဲ့ အချက်အလက်ကို စုစည်းဖော်ပြပေးတဲ့ app ဖြစ်ပါတယ်။ အဲဒီ feature ကိုလည်း အလွယ်တကူ အသုံးပြုနိုင်ပါတယ်။ ဖုန်းကင်မရာပေါ်ကို လက်ညှိုးတင်လိုက်ပြီး app မှာ ၁၀၀ ရာခိုင်နှုန်း ပြည့်သွားရင် နှလုံးခုန်နှုန်း ရလဒ်ကို သိရပါမယ်။ နှလုံးခုန်နှုန်းကို General Status, Reting Stare ဒါမှမဟုတ် After […]

Read More

အောက်တိုဘာ ၅ ရက် ထွက်ရှိမယ့် LG Wing

LG ရဲ့ ဒီဇိုင်းသစ် Wing ဖုန်းဟာ အောက်တိုဘာ ၅ ရက်မှာ ထွက်ရှိမယ်လို့ သိရပါတယ်။ အတွင်းသတင်းအရ LG ဟာ ၂ ပတ်အတွင်း စက်တင်ဘာ ၂၅ ရက်မှာ ဖုန်းကို မိတ်ဆက်နိုင်ပါတယ်။ တချို့သတင်းတွေကတော့ LG ဟာ စက်တင်ဘာ ၁၄ ရက်မှာ ဖုန်းကို မိတ်ဆက်နိုင်တယ်လို့ ဖော်ပြကြပါတယ်။ သတင်းအချက်အလက်ဖော်ထုတ်တဲ့ Evan Blass ကလည်း LG Wing တရားဝင်ဓာတ်ပုံကို ဖြန့်ချိထားပါတယ်။ LG Wing ဖုန်းမှာ မျက်နှာပြင် ၆.၈ လက်မ display ပါဝင်ပြီး ဒုတိယမြောက်မျက်နှာပြင်ကတော့ စတုရန်းပုံသဏ္ဍာန်နဲ့ ၄ လက်မအရွယ် ရှိပါမယ်။ LG Wing မှာ Snapdragon 765G […]

Read More

Avatar 2 ရိုက်ကူးရေး ဓာတ်ပုံ ထွက်ပေါ်

နာမည်ကျော် ဒါရိုက်တာ ဂျိမ်းစက်ကင်မရာက နယူးဇီလန်မှာ ရိုက်ကူးနေတဲ့ Avatar နောက်ဆက်တွဲရုပ်ရှင် ဓာတ်ပုံတွေကို အမြည်းဖော်ပြခဲ့ပါတယ်။ ဓာတ်ပုံအများစုက ရေထဲမှာ ရိုက်ကူးထားတာ ဖြစ်ပြီး Avatar 2 မှာ ပါဝင်မယ့် ကိတ်ဝင်းစလက်ပုံလည်း ပါဝင်လာပါတယ်။ ဒါ့အပြင် နာမည်ကျော် sci-fi ဘုရင်မ ဆစ်နောနီဝီဗာက ရေအောက်မှာ စတန့် ပြုလုပ်နေတဲ့ ဓာတ်ပုံလည်း ထွက်လာပါတယ်။ Avatar ရဲ့ တရားဝင် Twitter account ကနေ ဓာတ်ပုံ ၂ ပုံ တင်ခဲ့တာ ဖြစ်ပါတယ်။ ဝီဗာရဲ့ ဇာတ်ကောင် ဒေါက်တာဂရေ့စ်ဟာ Avatar ဇာတ်ကားသစ်မှာ ဘယ်လိုပါဝင်လာမလဲ ဆိုတာ မသိရသေးပါဘူး။ Avatar 2 ဇာတ်ကားကတော့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၆ […]

Read More

Apple ဝန်ဆောင်မှုအားလုံးကို အသုံးပြုနိုင်မယ့် Apple One

Apple ဟာ ကိုယ်ပိုင်ဝန်ဆောင်မှုတွေ ပါဝင်တဲ့ bundle ဝန်ဆောင်မှုကို ဖြန့်ချိဖို့ရှိပါတယ်။ Android ပေါ်က Apple Music app မှာ ထုတ်ကုန်သစ်အမည်ကို code ထဲမှာ ထည့်သွင်းထားပါတယ်။ Apple ရဲ့ Budle ထုတ်ကုန်သစ် အမည်ကတော့ Apple One ဖြစ်ပါတယ်။ Apple One လစဉ်ကြေးပေးသွင်းဝန်ဆောင်မှုမှာ Apple Music လည်းပါဝင်ပါမယ်။ Apple ဟာ ဒီနှစ်နှောင်းပိုင်းအတွင်း Apple One လစဉ်ကြေးပေးသွင်းဝန်ဆောင်မှုကို bundle ကို ဖြန့်မယ်လို့ Bloomberg ကဖော်ပြထားပါတယ်။ Apple ရဲ့ bundle က ပရိသတ်တွေအနေနဲ့ ဝန်ဆောင်မှု အမျိုးမျိုးကို ဈေးသက်သာစွာ ရရှိစေဖို့ ရည်ရွယ်ဖြန့်ချိတာ ဖြစ်ပါတယ်။ Apple One […]

Read More

‘Fortnite’ Edition Switch ဂိမ်းကို Nintendo ဖန်တီး

Nintendo ဟာ အောက်တိုဘာ ၃၀ မှာ ဥရောပအတွင်း Fortnite Edition Nintendo Switch ကို ဖြန့်ချိထားပါတယ်။ အဲဒီ ဂိမ်းစက်မှာ Fortnite ဒီဇိုင်းကို အသုံးပြုထားပြီး အဝါနဲ့ အပြာ Joy-Con ဂိမ်းခလုတ်လည်း ရရှိမှာ ဖြစ်ပါတယ်။   Fortnite လည်း ဂိမ်းထဲမှာ ပါဝင်ပြီး V-Buck ၂,၀၀၀ လည်းရရှိပါမယ်။ ဂိမ်းစက် bundle ထဲမှာ WildCat Bundle download code ပါဝင်ပြီး စတိုင်လ်အသစ်တွေ မြည်းစမ်းနိုင်ပါတယ်။ အရင်တုန်းက Nintendo Switch Fortnite bundle တွေထွက်ရှိခဲ့ဖူးပေမယ့် အခု ဗားရှင်းကတော့ ဂိမ်းစက်နဲ့ dock ကို လက်ရာကောင်းကောင်းနဲ့ ဖန်တီးထားပါတယ်။ -စိုးထက် […]

Read More

AR ဂိမ်းအဖြစ် ထွက်လာမယ့် Pac-Man Geo

Bandai Namco ဟာ AR နည်းပညာကို အသုံးချပြီး Pac-Man Geo ဂိမ်းကို ဖြန့်ချိသွားပါမယ်။ Pac-Man Geo ဂိမ်းဟာ Niantic ရဲ့ Pokemon Go ဂိမ်းပုံစံနဲ့ ဆင်ပြီး မြို့ထဲက လမ်းပေါ် သွားလာကာ ဝင်္ကပါသစ် ဖန်တီးရပါမယ်။ မူလလက်ဟောင်း Pac-Man gameplay ကိုပဲ အခြေတည်ထားပါတယ်။ Pac-Man Geo ဂိမ်းကို Play Store မှာစာရင်းသွင်းထားပြီး စာရင်းကြိုသွင်းနိုင်တဲ့ စနစ်နဲ့ စတင်ဖြန့်ချိထားပါတယ်။ Pac-Man Geo ဂိမ်းဟာ ၂၀၂၀ စက်တင်ဘာလမှာ နိုင်ငံပေါင်း ၁၇၀ အတွက် စတင် ထွက်ရှိမယ်လို့ သိရပါတယ်။ ဂိမ်းကို အခမဲ့ ဖြန့်ချိမှာ ဖြစ်ပြီး in-app purchase […]

Read More

ကြိုတင်မှတ်ပုံတင်ထားသော ဆင်းမ်ကတ်များ ပိတ်သိမ်းခံရမည်

ကြိုတင်မှတ်ပုံတင်ထားတဲ့ ဆင်းမ်ကတ်တွေဟာ ပိတ်သိမ်းခံရမယ့် ဆင်းမ်ကတ်တွေ ဖြစ်တယ်လို့ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ကြေညာလိုက်ပါတယ်။ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ အများပြည်သူများအနေဖြင့် ဆင်းမ်ကတ်တွေကို ဝယ်ယူသုံးစွဲရာမှာ စနစ်တကျမှတ်ပုံတင်ပြီးမှသာ ဝယ်ယူသုံးစွဲကြရန် အများပြည်သူသို့ အသိပေးနှိုးဆော်ခဲ့ပြီး ဖြစ်ပြီး ယနေ့အချိန်အထိ ကြိုတင်မှတ်ပုံတင်ထားတဲ့ ဆင်းမ်ကတ်တွေကို အရောင်းကိုယ်စားလှယ်တွေနဲ့ အရောင်းဆိုင် (Point of Sale) များမှာ ဝယ်ယူရရှိနိုင်ကြောင်း တွေ့ရှိနေရတယ်လို့ သိရပါတယ်။ အရောင်းကိုယ်စားလှယ်တွေနဲ့ အရောင်းဆိုင် (Point of Sale) တချို့ဟာ သက်သေခံလက်မှတ်ပါ အချက်အလက်တွေကို ပြင်ဆင်ပြီး ဆင်းမ်ကတ်တွေကို ကြိုတင်မှတ်ပုံတင် ရောင်းချနေကြောင်း တွေ့ရှိရပြီး ထိုသို့ဆောင်ရွက်ခြင်းမှာ စာတမ်းအမှတ်အသား လိမ်လည်အတု ပြုလုပ်ခြင်းဖြစ်၍ တည်ဆဲဥပဒေများအရ ပြစ်မှုမြောက်တဲ့အတွက် စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေများနဲ့အညီ အရေးယူခြင်းခံရမှာဖြစ်တယ်လို့ သိရပါတယ်။ သုံးစွဲသူတွေအနေနဲ့လည်း ဆင်းမ်ကတ်တွေ ဝယ်ယူရာမှာ မိမိရဲ့သက်သေခံလက်မှတ် […]

Read More

ဂျပန်ဘာသာစကားဖလှယ်ပွဲ ပြုလုပ်မည်

တိုကျိုနိုင်ငံခြားဘာသာတက္ကသိုလ်နဲ့ အိုဆာကာတက္ကသိုလ်တို့မှ မြန်မာစာဌာန ပထမနှစ်၊ ဒုတိယနှစ် ဂျပန်ကျောင်းသားတွေနဲ့ ဂျပန်ဘာသာစကားဖလှယ်ပွဲ အစီအစဉ်ကို စက်တင်ဘာ ၂၄ ရက်၊ နံနက် ၁၀ နာရီခွဲ မှ ၁၁ နာရီခွဲ အထိ Zoom Application မှတစ်ဆင့် ကျင်းပသွားမယ်လို့ သိရပါတယ်။ ပွဲသို့ ဂျပန်စာအရည်အချင်း N3 Level နဲ့အထက်ရှိသူများ၊ မြန်မာနိုင်ငံမှ တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသား ၊အထက်တန်းအောင်မြင်ပြီးသူများ၊ အနာဂတ်မှာ ဂျပန်တွင် ပညာသင်သွားရောက်ရန် ရည်ရွယ်ထားသူများ ပါဝင်နိုင်မှာ ဖြစ်ပါတယ်။ ပါဝင်နိုင်တဲ့လူဦးရေ ၁၀ ယောက် သတ်မှတ်ထားပြီး ပါဝင်လိုသူတွေ အနေနဲ့ OJEIC ဖုန်း – ၀၉၂၆၁၈၄၁၀၅၄ ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။ -သန္တာ »»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် […]

Read More

Microsoft Xbox Series S ဂိမ်းစက်က အထူး feature များ

Microsoft ကတော့ Xbox Series S ဂိမ်းစက် အသေးစိတ် အချက်အလက်တွေကို ထုတ်ပြန်လိုက်ပါတယ်။ Xbox Series S ဂိမ်းကိုတော့ နိုဝင်ဘာ ၁၀ ရက်မှာ ၂၉၉ ဒေါ်လာနဲ့ ရောင်းချပြီး ရုပ်ထွက်အရည်အသွေး 1440p ပါဝင်လာပါတယ်။ Microsoft က Xbox Series S ဂိမ်းစက်ကတော့ Xbox Series X ထက်ဈေးနှုန်းသက်သာသလို CPU တစ်ခုတည်းကိုပဲ အသုံးပြုထားပါတယ်။ ဒါပေမဲ့ Xbox Series S မှာတော့ 3.6GHz ကိုအသုံးပြုထားပြီး Series X မှာတော့ Zen 2 အခြေခံ 3.8GHz CPU ပါဝင်တယ်။ ဂိမ်းစက် ၂ ခုရဲ့ ကွာခြားချက်ကတော့ […]

Read More