Day: September 9, 2020

Apple ရဲ့ စက်တင်ဘာပွဲမှာ ဘယ်လိုထုတ်ကုန်တွေ ပြသနိုင်လဲ

Apple ဟာ ဒီနှစ်အတွက် စက်တင်ဘာ အထူးပွဲကို ၁၅ ရက်မှာ ပြုလုပ်သွားမယ်လို့ တရားဝင် ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီပွဲမှာ Apple ဟာ Apple Watch နဲ့ iPad ထုတ်ကုန်တွေကို မိတ်ဆက်ဖွယ်ရှိပါတယ်။ Bloomberg ရဲ့ ဖော်ပြချက်အရ အောက်တိုဘာမှပဲ iPhone 12 ကိုမိတ်ဆက်ဖွယ်ရှိပါတယ်။ Apple အနေနဲ့ COVID-19 ကပ်ရောဂါကြောင့် ပွဲကို virtual နဲ့ပဲ ပြုလုပ်မှာ ဖြစ်ပါတယ်။ Apple စက်တင်ဘာ အထူးပွဲ တိုက်ရိုထုတ်လွှင့်ပြသမှုကို ၁၅ ရက်နေ့ကျရင် https://www.apple.com/apple-events/ဒီလင့်ခ်မှာ ကြည့်နိုင်ပါတယ်။ ပွဲအတွင်း ဘယ်လိုထုတ်ကုန်တွေ မိတ်ဆက်နိုင်လဲ ဆိုတာ အောက်မှာ ဖော်ပြပေးပါမယ်။ iPad Air 4 Apple ဟာ iPad […]

Read More

Google Android 11 မှာ ဘယ်လို လုပ်ဆောင်ချက်တွေ ပါဝင်လာလဲ

Google ဟာ နောက်ဆုံးပေါ် Android 11 OS ကိုဖြန့်ချိလိုက်ပါတယ်။ Android 11 ဟာ အခြားဗားရှင်းတွေနဲ့ မတူတာက Pixel ဖုန်းတွေဆီ မကဘဲ OnePlus, Xiaomi, OPPO နဲ့ Realme ဖုန်းအပြင် လာမယ့်လအတွင်း ပူးပေါင်းထားသူများနဲ့ ထုတ်ကုန်သစ်တွေဆီ ဖြန့်ချိမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ တချို့ ဖုန်းထုတ်လုပ်သူတွေက ကိုယ်ပိုင် Android 11 beta ဖြန့်ချိမှုကြောင့် ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒီ beta အားလုံးက ကိုယ်ပိုင် သီးသန့် UI နဲ့ဖြစ်ပြီး Android 11 နောက်ဆုံး build ကိုပဲ အခြေပြုထားတာလို့ Google ပြောရေးဆိုခွင့်ရှိသူက အတည်ပြုခဲ့ပါတယ်။ အခု Android 11 ဖြန့်ချိမှုက […]

Read More

လုပ်ငန်းသုံးအတွက် အသုံးဝင်စေမယ့် Google Verified Calls

Google ဟာ Android ဖုန်းတွေအတွက် လုပ်ဆောင်ချက် အသစ်တစ်ခုကို မိတ်ဆက်ခဲ့ပါတယ်။ အဲဒီ feature က လုပ်ငန်းတွေက ဈေးဝယ်သူဆီ ဆက်သွယ်တဲ့အခါမှာ အမှတ်တံဆိပ်နာမည်နဲ့ ဖုန်းခေါ်ဆိုတဲ့ အကြောင်းပြချက်ကိုလည်း ပြသပေးပါမယ်။ အဲဒီ feature အမည်ကတော့ Verified Calls ဖြစ်ပြီး ဖုန်းခေါ်ဆိုသူ အမည်၊ လိုဂိုနဲ့ အကြောင်းပြချက် အတည်ပြုထားတဲ့ သင်္ကေတကို Google ကပြသပေးပါမယ်။ ၂၀၁၉ ခုနှစ်အတွင်း အမေရိကန်က စားသုံးသူ ၆၁.၄ ဘီလျံဟာ ဖုန်းခေါ်ဆိုမှု spam တွေနဲ့ ကြုံတွေ့ခဲ့ရတယ်လို့ RoboKiller ကဖော်ပြခဲ့ပြီးနောက် အခု feature ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ အဲဒီ ကိန်းဂဏန်းဟာ လွန်ခဲ့တဲ့နှစ်ကထက် ၂၈ ရာခိုင်နှုန်း ပိုမို တိုးတက်လာတာ ဖြစ်ပါတယ်။ […]

Read More

၂၉၉ ဒေါ်လာနဲ့ ရောင်းချမယ့် Xbox Series S

Microsoft ဟာ Xbox Series S ထွက်ရှိမယ်လို့ အတည်ပြုခဲ့ပါတယ်။ Xbox Series S ဂိမ်း အသေးစိတ်အချက်အလက်တွေက အွန်လိုင်းမှာ ပေါက်ကြားခဲ့ပါတယ်။ Xbox Series S ဂိမ်းစက်ကို ၂၉၉ ဒေါ်လာနဲ့ ရောင်းချမယ်လို့လည်း အတည်ပြုခဲ့ပါတယ်။ Xbox Series S ဂိမ်းစက်ဟာ Series X ဂိမ်းစက်သစ်နဲ့ အတွင်းပိုင်း တူပေမယ့် disc drive မပါဝင်သလို CPU နဲ့ GPU လည်း နည်းပါးမယ်လို့ သတင်းအချက်အလက် ဖော်ထုတ်သူတွေက ခန့်မှန်းထားကြပါတယ်။ ဒါကြောင့် Xbox Series S ဂိမ်းစက်မှာ 4K ထောက်ပံ့မှု ပါဝင်ဖွယ် မရှိပါဘူး။ သတင်းတွေရဲ့ ဖော်ပြချက်အရ Series S […]

Read More

ဒေါ်လာ ၅၀၀ အောက် Surface Laptop ကို Microsoft ဖန်တီးနေ

Microsoft ဟာ Chromebook နဲ့ iPad တွေကို ယှဉ်ပြိုင်နိုင်ဖို့ ဈေးသက်သာတဲ့ Surface laptop ကို ဖန်တီးနေပါတယ်။ ကျောင်းသား အများစုဟာ အဝေးကနေ ပညာသင်ကြားဖို့ laptop တွေလိုအပ်နေပါတယ်။ ဒါကြောင့် ဒေါ်လာ ၅၀၀ အောက် laptop တွေဆို ပိုမိုသင့်တော်ပါတယ်။ Surface ထုတ်ကုန်တွေက ဈေးနှုန်းမြင့်မားပြီး အရည်အသွေး ကောင်းမွန်ပါတယ်။ ဒါပေမဲ့ Microsoft က Surface Go tablet လိုမျိုး ဘတ်ဂျက်ထုတ်ကုန်နဲ့ အောင်မြင်မှုရမယ့် အစီအစဉ်ကို ရှာဖွေနေပါတယ်။ Microsoft က ဘတ်ဂျက် Surface Laptop နဲ့ အလားတူ ရေစီးကြောင်း ဆက်လက်ဖော်ဆောင်ဖို့ ရှိပါတယ်။ Windows Central ဖော်ပြချက်အရ ဈေးသက်သာတဲ့ […]

Read More

Monash University မှပညာသင်ဆု လျှောက်ထားနိုင်

တက္ကသိုလ်ဝင်တန်းနဲ့ IGCSE အောင်မြင်ထားသူတွေ အနေနဲ့ သြစတြေးလျနိုင်ငံ Melbourne မြို့ရှိ Monash University မှ ပညာသင်ဆု AUD$ ၁၀,၀၀၀ ကို EduLink မှ တစ်ဆင့် လျှောက်ထားနိုင်မယ်လို့ သိရပါတယ်။ ပညာသင်ဆုကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ကျောင်းဖွင့်ချိန်အတွက် လျှောက်ထားနိုင်ပြီး Monash College မှ Foundation Studies နဲ့ Year 1 undergraduate ဝင်ခွင့်ရနိုင်ရန် academic ပိုင်းမှာ အခက်အခဲ မရှိစေရန် ရည်ရွယ်ပြီး EduLink မှ University Scholars Program ကို လာမယ့် ၂၀၂၀ ခုနှစ် အောက်တိုဘာလမှာ ဖွင့်လှစ်သင်ကြားတော့မှာဖြစ်တယ်လိို့ သိရပါတယ်။ အသေးစိတ်ကို ဖုန်း – […]

Read More

စာတတ်မြောက်သူဦးရေ ၃၃.၁၈ သန်း တိုးတက်

၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်း ရှေ့ပြေးရလဒ်များ စာရင်းအရ စာတတ်မြောက်သူဦးရေ ၃၃.၁၈ သန်း အထိ တိုးတက်လာသလို အခြေခံသင်္ချာ တွက်ချက်တတ်သူမှာလည်း ၃၃.၃၄ သန်းအထိ တိုးတက်လာကြောင်း ၂၀၂၀ ပြည့်နှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားမှ သိရပါတယ်။ စာတတ်မြောက်ရေးအတွက် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း အချက်အလက်များအရ အသက်၁၅နှစ် အထက် စာတတ်မြောက်သူဦးရေ ၃၀.၃၇ သန်း အထိ တိုးတက်လာကြောင်း၊ ၂၀၁၉ ခုနှစ် ကြားဖြတ် လူဦးရေသန်းခေါင်စာရင်း ရှေ့ပြေးရလဒ်များ စာရင်းအရ စာတတ်မြောက်သူဦးရေ ၃၃.၁၈ သန်း တိုးတက်လာပြီး အခြေခံသင်္ချာတွက်ချက်တတ်သူ ၃၃.၃၄ သန်းအထိ တိုးတက်လာကြောင်း၊ သို့သော် မြန်မာနိုင်ငံတွင်လည်း ယခင် ဆယ်စုနှစ်ကာလများတွင် ပညာရေးနှစ်ပေါင်းများစွာ အားနည်းခဲ့တဲ့ အတွက် ကျောင်းလုံးဝမနေဖူးသူ […]

Read More

Business Strategic Plan Online Training ဖွင့်လှစ်မည်

Covid 19 ကာလအတွင်း ထိရောက်တဲ့ Business Strategic Plan ရေးဆွဲနိုင်ဖို့နဲ့ SME လုပ်ငန်းတွေ အတွက် နိုင်ငံပေါင်း ၁၀၀ ကျော်မှာ လက်တွေ့ ကျင့်သုံးလျက်ရှိတဲ့ Business Plan ကို Strategic နည်းကျကျ ရေးဆွဲနည်းတွေကို သင်ကြားပေးသွားမယ့် Business Strategic Plan အကြောင်းကို အွန်လိုင်းမှ သင်ကြားပေးသွားမယ်လို့ သိရပါတယ်။ သင်တန်းမှာ Business Analysis (SWOT), Branding & Postponing, Segmentation & Targeting, 7P of Marketing Strategy, 7 steps of Sales Strategy, HR & Administration, Partnership, Risk Management, […]

Read More

Digital Online စနစ်ဖြင့် ငွေကြေးဝန်ဆောင်မှု လုပ်ကိုင်သူများ လိုက်နာရမည့် လုပ်ငန်းစဉ်များကိုထုတ်ပြန်

စားသုံးသူရေးရာ ဦးစီးဌာနအနေနဲ့ Digital Online စနစ်နဲ့ ငွေကြေးဝန်ဆောင်မှု ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေနဲ့ပတ်သက်ပြီး စားသုံးသူပြည်သူများ နစ်နာမှု မရှိစေရေးအတွက် Digital Online စနစ်နဲ့ ငွေကြေးဝန်ဆောင်မှု လုပ်ကိုင်သူများ လိုက်နာရမယ့် လုပ်ငန်းစဉ်တွေကို အသိပေးထုတ်ပြန်လိုက်ပါတယ်။​ ထုတ်ပြန်ချက်မှာ Digital Online စနစ်ဖြင့် ငွေကြေးဝန်ဆောင်မှုများနဲ့ ပတ်သက်ပြီး အတိုင်ကြားခံရမှုပေါင်း မှာ ၂၀၁၉ အောက်တိုဘာကနေ ၂၀၂၀ ဇူလိုင်လအထိ အမှုပေါင်း တစ်ရာ ရှိခဲ့ပြီ ဖြစ်ကြောင်း၊ နစ်နာဆုံးရှုံးမှု ဖြစ်ရမှုအပေါ်ကို သက်ဆိုင်ရာအဖွဲ့များနဲ့ ညှိနှိုင်းဆောင်ရွက် စုစည်းသုံးသပ်ရာမှာ Digital Online စနစ်ဖြင့် ငွေကြေးဝန်ဆောင်မှုနဲ့ လုပ်ကိုင်နေကြတဲ့ လုပ်ငန်းစဉ်များကို လိုက်နာဆောင်ရွက်ရန် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ Digital Online စနစ်နဲ့ ငွေကြေးဝန်ဆောင်မှုနဲ့ လုပ်ကိုင်နေကြတဲ့ လုပ်ငန်းတွေ အနေနဲ့ […]

Read More