Day: September 8, 2020

Mulan ဇာတ်ကားအပေါ် သပိတ်မှောက်မယ့် လှုံ့ဆော်မှုတွေ ထွက်ပေါ်လာ

Disney ရဲ့ live-action ဇာတ်ကား Mulan ဟာ Disney Plus မှာထွက်ရှိပြီးနောက် ရုပ်ရှင်အပေါ် သပိတ်မှောက် တောင်းဆိုသံတွေ ထွက်လာပါတယ်။ စက်တင်ဘာ ၄ ရက် Mulan ဇာတ်ကား ထွက်ရှိအပြီး Twitter ပေါ်မှာ #BoycottMulan ဆိုတဲ့ hashtag ကတော့ ရေပန်းစားလာပါတယ်။ Mulan ဇာတ်ကားအပေါ် ဆန္ဒပြသမှုက ၂၀၁၉ နွေရာသီမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်နဲ့ ဆက်စပ်နေတယ်လို့ Vulture ကဖော်ပြခဲ့ပါတယ်။ Mulan သရုပ်ဆောင် လူယီဖေးဟာ အဲဒီအချိန်က ဖြစ်ပွားခဲ့တဲ့ ဟောင်ကောင် ဆန္ဒပြသမှုအတွင်း ရဲအရာရှိတွေအပေါ် ထောက်ခံတဲ့ မှတ်ချက်ပြုလုပ်ခဲ့ပါတယ်။ ဟောင်ကောင်မှာ နေထိုင်သူတွေက ပြစ်မှုကျူးလွန်ထားတဲ့ နိုင်ငံသားတွေကို တရုတ်ပြည်မကြီးဆီ ပြန်ပို့တဲ့ ပေါ်လစီအပေါ် မကျေနပ်လို့ ဆန္ဒပြသခဲ့ပါတယ်။ […]

Read More

PlayStation VR မှာထွက်ရှိမယ့် Minecraft

PlayStation VR ပိုင်ဆိုင်သူတွေအနေနဲ့ ဂိမ်းစက်ပေါ်မှာ Minecraft ဂိမ်းကို ကစားနိုင်ပါတော့မယ်။ ဒီလအတွင်းSony ဟာ Microsoft ရဲ့နာမည်ကျော် တည်ဆောက်ရေးဂိမ်း Minecraft ကို အခမဲ့ အဆင့်မြှင့်တင် ထောက်ပံ့သွားမယ်လို့ ပြောခဲ့ပါတယ်။ “PlayStation 4 မှာ Minecraft ရှိသူတိုင်း patch အလိုအလျောက် ရရှိပါမယ်” လို့ Sony ကပြောခဲ့ပါတယ်။ သုံးစွဲသူက အဲဒီ patch ကို download လုပ်လိုက်တာနဲ့ Minecraft VR လုပ်ဆောင်ချက်ကို အသုံးပြုနိုင်ပါမယ်။ Minecraft ကို VR မှာ နည်းလမ်း ၂ မျိုး နဲ့ ကစားနိုင်ပါမယ်။ အဲဒါကတော့ immersive နဲ့ Living Room ပဲဖြစ်ပါတယ်။ Minecraft […]

Read More

သေကြောင်းကြံစည်တဲ့ ဗီဒီယိုတွေကို သတိထားဖို့ TikTok သတိပေး

TikTok သုံးစွဲသူတွေ အနေနဲ့ platform ပေါ် ပျံ့နှံ့နေတဲ့ သေကြောင်းကြံစည်တဲ့ ဗီဒီယိုတွေကို သတိထားသင့်တယ်လို့ သတိပေးလိုက်ပါတယ်။ TikTok ပေါ်မှာ သေကြောင်းကြံစည်တဲ့ ဗီဒီယိုဟာ တနင်္ဂနွေနေ့ နောက်ပိုင်းကတည်းက ပျံ့နှံ့နေတယ်လို့ ကုမ္ပဏီပြောရေးဆိုခွင့်ရှိသူ ဟီလာရီမက်ကွေ့ကပြောခဲ့ပါတယ်။ “ကျွန်မတို့ စနစ်တွေက ပေါ်လစီနဲ့ ဆန့်ကျင်တဲ့ သရုပ်ပြသမှု၊ ချီးမြှောက်မှု၊ ဂုဏ်တင်မှုနဲ့ သေကြောင်းကြံစည်မှုကို အားပေးတဲ့ ဗီဒီယိုတွေကို အလိုအလျောက် ခြေရာခံပြီး ခွဲခြားထားပါတယ်။ ကျွန်မတို့က clip တွေကို ထပ်တင်ဖို့ ကြိုးစားတဲ့ account တွေကို ဖယ်ရှားပါတယ်” လို့ ပြောထားပါတယ်။ ပြီးခဲ့တဲ့ အပတ်က မစ္စစပီက လူတစ်ယောက်က ကိုယ်တိုင်သေကြောင်းကြံစည်မှု Facebook Live ဗီဒီယို ထုတ်လာပါတယ်။ လူတွေ ဗီဒီယိုကို ကြည့်အောင် အခြား […]

Read More

အိအုချိ ပညာသင်ဆုအကြောင်း အွန်လိုင်းမှ အတွေ့အကြုံမျှဝေပေးမည်

အိအုချိ ပညာသင်ဆုအကြောင်းကို ပညာသင်ဆုရ ကျောင်းသားမှ အတွေ့အကြုံမျှဝေပေးမယ့် Sharing Online Seminar ကို စက်တင်ဘာ ၁၂ ရက်၊ နံနက် ၁၀ နာရီခွဲမှ ၁၁ နာရီခွဲအထိ Zoom Application မှ တစ်ဆင့် ပြုလုပ်သွားမယ်လို့ သိရပါတယ်။ Iuchi Full Scholarship ကျောင်းသားအဖြစ် ၂၀၁၇ ခုနှစ် 4th Batch မှာရွေးချယ်ခံခဲ့ရပြီး ဂျပန်ရဲ့ နာမည်ကြီးတက္ကသိုလ်ထဲက တစ်ခုဖြစ်တဲ့ Ritsumeikan University မှာ တက်ရောက် ပညာသင်ကြားလျက်ရှိသော မောင်သျှင်းခန့် မှ အတွေ့အကြုံတွေကို Sharing လုပ်ပေးသွားမှာဖြစ်ပါတယ်။ ဆွေးနွေးပွဲမှာ မြဂျပန်စာသင်ကျောင်းရဲ့ Founder ဖြစ်သူ Dr. Nang Mya Kay Khaing မှ […]

Read More

လက်ကျန် မိနစ်များ သယ်ဆောင်အသုံးပြုနိုင်သည့် “ကြိုက်ရာခေါ်” အစီအစဉ်ကို MPT မိတ်ဆက်

Joint Operations (JO) ရဲ့ (၇) နှစ်မြောက်သို့ ရောက်ရှိခြင်း အဖြစ် ရင်ခုန်စိတ်လှုပ်ရှားစရာ အထူးပရိုမိုးရှင်းအစီအစဉ်များကို ပေးအပ်လျက်ရှိရာ ကြိုက်နှစ်သက်ရာ ပြည်တွင်းမှ မည်သည့် ဖုန်းလိုင်းကိုမဆို ဖုန်းခေါ်ဆိုမှု အကြိမ်အရေအတွက် ကန့်သတ်ချက် မရှိဘဲ စိတ်ကြိုက်ခေါ်ဆို နိုင်ပြီး အသုံးမပြုဘဲ ကျန်ရှိတဲ့ voice မိနစ်တွေကို သယ်ဆောင် အသုံးပြုနိုင်မယ့် ကြိုက်ရာခေါ် ဝန်ဆောင်မှုကို မိတ်ဆက်လိုက်ပါတယ်။ ကြိုက်ရာခေါ် ပက်ကေ့ချ်တွင် မည်သည့် ပြည်တွင်းဖုန်းလိုင်းကိုမဆို ဖုန်းခေါ်ဆိုမှုများ ပြုလုပ်ရန်အတွက် မိနစ် ၉၂ နှင့် မိနစ် ၁၉၀ (၂) မျိုးပါရှိပြီး ပက်ကေ့ချ်သက်တမ်းမှာ ၁၅ ရက် သို့မဟုတ် ရက် ၃၀ ဖြစ်ပါတယ်။ စျေးနှုန်းကတော့ ၉၉၇ ကျပ်နဲ့ ၁,၉၉၇ ကျပ် […]

Read More

Gusto University မှ တက္ကသိုလ်ဝင်တန်း အောင်မြင်ထားသူများ အတွက် ပညာသင်ဆုချီးမြှင့်မည်

တက္ကသိုလ်ဝင်တန်း အောင်မြင်ထားသူများအတွက် စီးပွားရေးပညာ ( Business Management ) ဘာသာရပ်ကို တက်ရောက်လိုပါက ဂုဏ်ထူးပေါ်မူတည်ကာ ပညာသင်ဆုချီးမြှင့်မယ်လို့ Gusto University မှသိရပါတယ်။ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး စီးပွားရေးဘာသာရပ်ကို လေ့လာမယ့် လူငယ်များအတွက် Management ပိုင်းတွေအပြင် Business Concept တွေ Decisión Making ပိုင်းဆိုင်ရာတွေကိုပါ တစ်ပါတည်း သင်ယူနိုင်ပြီး အောင်မြင်တဲ့စီးပွားစီမံ ပညာရှင်/ လုပ်ငန်းရှင်တစ်ယောက် အဖြစ် လုပ်ငန်းတွေမှာ စီမံခန့်ခွဲနိုင်မယ့် Business Programme ဖြစ်ပါတယ်။ Foundation မှ ဘွဲ့ ရရှိသည်အထိ မြန်မာနိုင်ငံတွင်ပင် တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ တက်ရောက်လိုသူတွေအနေနဲ့ ဖုန်း – ၀၉၇၈၉၈၈၈၂၂၂ ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။ -သန္တာ »»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ […]

Read More

Xbox Series S ဂိမ်းစက် ဈေးနှုန်းနဲ့ ဒီဇိုင်းဓာတ်ပုံ ထွက်ပေါ်

Microsoft က အသစ်ဖြန့်ချိမယ့် Xbox Series S ဂိမ်းစက် ဓာတ်ပုံကိုတော့ Thurrott ဝက်ဘ်ဆိုက်မှာ YouTuber နဲ့ သတင်းထောက်ဖြစ်သူ ဘရတ်ဆမ်က ထုတ်ဖော်ပြသလိုက်ပါတယ်။ Xbox Series S ဟာ အသစ်ထွက်ရှိမယ့် ဂိမ်းစက်သစ်ဖြစ်ပြီး ဈေးနှုန်းသက်သာကာ Xbox Series X ဂိမ်းစက်ထက် feature နည်းပါးပါတယ်။ Microsoft အနေနဲ့ Xbox Series X ဂိမ်းစက်ကို မပြသသေးပါဘူး။ သတင်းအရတော့ Xbox Series S ကတော့ ၂၉၉ ဒေါ်လာ ကျသင့်မယ်လို့ သိရပါတယ်။ -စိုးထက် Ref: CNET »»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ […]

Read More

HP Probook 440 G7

HP ရဲ့ commercial series ( သို့ ) လူကြိုက်များတဲ့ Probook series ထဲမှ HP Probook 440 G7 ဖြစ်ပါတယ်။ Warranty ကို ၁ နှစ်မှ စပြီး ၃ နှစ် ( သို့) ၅ နှစ်အထိ ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ i3 မှစပြီး i5, i7 ကို intel 10 generation ရွေးချယ်နိုင်သလို Memory အနေနဲ့လည်း Ram 4GB DDR4 မှ 8GB,16GB အပြင် 32GB အထိ update လုပ်ကာ မိမိစိတ်ကြိုက် မှာယူနိုင်မှာဖြစ်ပါတယ်။ Graphic အသုံးပြုချင်သူတွေအနေနဲ့ Intel […]

Read More

အွန်လိုင်းဂိမ်း အရှုံးကြောင့် ကလေးချင်း ရန်ဖြစ်ရာကနေ လူသတ်မှုဖြစ်ပွား

အိန္ဒိယနိုင်ငံ မတ်ရာပရာဒတ်ရှ်ပြည်နယ် အင်ဒိုရီမြို့မှာ အွန်လိုင်းဂိမ်းမှာ မကြာခဏ အနိုင်ယူခံနေရတဲ့ ၁၁ နှစ် အရွယ် ကောင်လေးက ၁၀ နှစ်အရွယ်ရှိ ကောင်မလေးကို သတ်ခဲ့တယ်လို့ ဒေသတွင်းရဲတွေက ပြောခဲ့ပါတယ်။ ကောင်လေးက ကောင်မလေးကို ကျောက်တုံးနဲ့ ထုရိုက်သတ်ခဲ့တယ်လို့ သိရပါတယ်။ ကောင်မလေးက သူ့ရဲ့ အိမ်မွေးတိရစ္ဆာန်ကိုလည်း သတ်ဖြတ်ခဲ့တယ်လို့ ပြောခဲ့ကြောင်း အထွေထွေလက်ထောက် စုံစမ်းစစ်ဆေးရေးမှူး အိတ်စီမီရှရာက ပြောခဲ့ပါတယ်။ “ကောင်မလေးဟာ မိုဘိုင်းဖုန်းဂိမ်းထဲမှာ ကောင်လေးကို မကြာခဏ အနိုင်ယူတာကြောင့် မုန်းတီးပြီး အငြိုးထားရှိတယ်” လို့ မစ္စတာမီရှရာက ပြောခဲ့ပါသေးတယ်။ အမှုကိစ္စပြီးဆုံးရင်တော့ လူသတ်မှုကျူးလွန်တဲ့ ကောင်လေးကို ကလေးပြုပြင်ရေးအိမ်ဂေဟာဆီ ပို့ဆောင်သွားမယ်လို့ မစ္စတာမီရှရာက ဖြည့်စွက် ပြောကြားခဲ့ပါတယ်။ -စိုးထက် Ref: NDTV/ khaleejtimes »»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ […]

Read More