Day: September 7, 2020

အကောင်းဆုံးလို့ဆိုနို်ငတဲ့ iPhone Charger များ

Apple ဟာ iPhone အသစ်တိုင်းမှာ adapter နဲ့ USB အားသွင်းကြိုးအပြင် EarPod နားကြပ်တို့ ထည့်သွင်းပေးပါတယ်။ အခုသတင်းတွေ ထွက်ပေါ်နေတဲ့ iPhone 12 ထွက်လာရင်တော့ power adapter ဒါမှမဟုတ် နားကြပ် တစ်ခုခု မပါတော့ဘူးလို့ သတင်းထွက်နေပါတယ်။ Apple က အီလက်ထရောနစ် စွန့်ပစ်ပစ္စည်းကို လျှော့ချဖို့ သဘာဝပတ်ဝန်းကျင်နဲ့လည်း ကိုက်ညီတဲ့ ထုတ်ကုန်ကို ဖန်တီးချင်နေပါတယ်။ iPhone အသစ်အတွက် 5G နည်းပညာ ထည့်သွင်းဖို့ စရိတ်ကာမိအောင် တစ်ခုခုကို ဖယ်ရှားနိုင်ပါတယ်။ ဒါကြောင့် သုံးစွဲသူတွေက iPhone 12 မထွက်ရှိခင် ကြိုတင်ပြင်ထားနိုင်အောင် iPhone Charger တွေကို ဖော်ပြပေးလိုက်ပါတယ်။ Aukey 18W PD Charger Aukey […]

Read More

အခုတစ်ပတ် iPhone 12 ပွဲကျင်းပမယ့်ရက်ကို ကြေညာမယ့် Apple

Apple ဟာ အခုတစ်ပတ်အတွင်း iPhone 12 မိတ်ဆက်ပွဲ ပြုလုပ်မယ့် ရက်ကို ကြေညာမယ်လို့ Bloomberg ရဲ့ မာ့ခ်ကာမန်က ပြောခဲ့ပါတယ်။ ပွဲအတွင်း iPhone အသစ်အပြင် Apple Watch ထုတ်ကုန်တွေနဲ့ iOS 14 နဲ့ watchOS 7 ဖြန့်ချိမယ့်ရက်ကိုလည်း ကြေညာဖွယ်ရှိပါတယ်။ Apple အနေနဲ့ အင်္ဂါနေ့ စက်တင်ဘာ ၈ ရက်မှာ သတင်းထုတ်ပြန်ချက် ထုတ်မယ်လို့ Jon Prosser က သတင်းပေးခဲ့ပါတယ်။ Apple ဟာ ပွဲတစ်ခု မပြုလုပ်ခင် ၂ ပတ်အလိုမှာ ဖိတ်စာတွေ ဝေငှလေ့ရှိပါတယ်။ တကယ်လို့ Apple က iPhone 12 မိတ်ဆက်မယ့်ရက်ကို စက်တင်ဘာ ၈ ရက်မှာ […]

Read More

လာမယ့်နှစ် HarmonyOS ဖုန်းဖြန့်ချိမယ့် Huawei

ပြီးခဲ့တဲ့နှစ်မှာတော့ အမေရိကန်ကုန်သွယ်ရေးဌာနက အမေရိကန်ကုမ္ပဏီတွေက လိုအပ်တဲ့ အစိတ်အပိုင်းတွေကို Huawei ဆီမထောက်ပံ့နိုင်အောင် ပိတ်ပင်ခဲ့ပါတယ်။ ဒါကြောင့် Huawei ဟာ စမတ်ဖုန်း ထုတ်ဖို့ လိုအပ်တဲ့ အစိတ်အပိုင်းတွေကို ရင်းမြစ်အသစ်ကနေ ရှာဖွေခဲ့ရပါတယ်။ အမေရိကန်ရဲ့ ပိတ်ပင်မှုကြောင့် Huawei ဟာ Android ရဲ့ Google Mobile Services တွေကိုလည်း သုံးလို့မရတော့ပါဘူး။ Android မှာ Google ရဲ့ Android app တွေ အသုံးပြုလို့မရတော့တာကြောင့် Huawei နိုင်ငံတကာဈေးကွက် ထိခိုက်ခဲ့ပါတယ်။ ၂၀၁၉ ဩဂုတ်လမှာ Huawei ဟာ Harmony အမည်ရ operating system အသစ်ကို ဖန်တီးနေတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ Huawei က Android နေရာအစားထိုးမယ့် OS […]

Read More

Motorola ဘတ်ဂျက်ဖုန်း အချက်အလက်တွေ ပေါက်ကြားထွက်ပေါ်

Lenovo ပိုင်ဆိုင်တဲ့ Motorola ဟာ Moto G9 နဲ့ Moto G9 Play တို့ကို မိတ်ဆက်ခဲ့ပြီးနောက် Moto G9 Plus ဘတ်ဂျက်ဖုန်းကို ထပ်မံ မိတ်ဆက်ဖို့ရှိပါတယ်။ Moto G9 Plus အချက်အလက်တွေက Orange Slovakia ရဲ့ဝက်ဘ်ဆိုက်မှာ စာရင်းသွင်းထားတာ တွေ့ရပါတယ်။ ဝက်ဘ်ဆိုက်စာရင်းအရ Moto G9 Plus ကတော့ ဒေါ်လာ ၃၀၀ ကျသင့်ပြီး ကင်မရာ ၄ လုံးအပြင် အဓိက ကင်မရာ 64-megapixel နဲ့ ဘက်ထရီ 5,000mAh ပါဝင်လာပါတယ်။ ဝက်ဘ်ဆိုက်အချက်အလက်အရ Moto G9 Plus မှာ မျက်နှာပြင် ၆.၈၁ လက်မ 1080p display […]

Read More

Facebook နဲ့ Instagram ချိတ်ဆက်ပေးမယ့် feature အသစ်

Instagram နဲ့ Facebook အကြား ချိတ်ဆက်မှု နက်ရှိုင်းစေမယ့် လုပ်ဆောင်ချက်အသစ်ကို စမ်းသပ်နေပါတယ်။ Facebook ကနေ Instagram story တွေကို တိုက်ရိုက်ကြည့်နိုင်မယ့် လုပ်ဆောင် ချက်ကို စမ်းသပ်နေတာဖြစ်ပါတယ်။ Facebook ဟာ Instagram story တွေကို Facebook မှာပါ cross-post ပုံစံမျိုးတင်ဖို့ Instagram သုံးစွဲသူကို အားပေးနေပါတယ်။ အခု feature ကတော့ သုံးစွဲသူ အနည်းငယ်မှာပဲ စမ်းသပ်နေပါတယ်။ အခု feature ကတော့ Facebook ကနေ Instagram story ကိုမြင်နိုင်ဖို့ follow လုပ်ထားသူတွေကို ရွေးချယ်နိုင်မယ်လို့ Facebook က ရှင်းပြထားပါတယ်။ စမ်းသပ်နေတဲ့ လုပ်ဆောင်ချက်မှာတော့ Instagram မှာ follow လုပ်ထားသူတွေက […]

Read More

စမတ်ဖုန်းသစ် အမည်ကို LG အတည်ပြု

LG အနေနဲ့ အသစ်ထွက်ရှိမယ့် ဖုန်းအမည်က Wing ဖြစ်ပြီး စက်တင်ဘာ ၁၄ ရက်မှာ မိတ်ဆက်မယ်လို့ အတည်ပြုလိုက်ပါတယ်။ Wing ထုတ်ကုန်မှာ မျက်နှာပြင် ၂ ခု ပါဝင်ပြီး ဆုံလည် လှည့်နိုင်ပါတယ်။ ဖုန်းမျက်နှာပြင် ၂ ခုကို T ပုံသဏ္ဍာန် လှည့်နိုင်တယ်လို့ ဗီဒီယိုတစ်ခုမှာ ထုတ်ဖော်မိတ်ဆက်ထားပါတယ်။ Wing မှာ 5G ထောက်ပံ့မှု ကျောဘက်ကင်မရာ ၃ လုံး 64-megapixel ၊ Snapdragon 7 စီးရီး ပရိုဆက်ဆာပါဝင်လာနိုင်ဖွယ်ရှိပါတယ်။ LG ရဲ့ Explorer Project ဆိုတဲ့ စီမံကိန်းအောက်က ပထမဆုံးထွက်ရှိမယ့်ဖုန်း ဖြစ်လာပါမယ်။ LG ဟာ Explorer Project ဆိုတဲ့ စီမံကိန်းနဲ့ အထိုင်ချထားတဲ့ […]

Read More

Queens College ပညာသင်ဆုအကြောင်း ဆွေးနွေးပွဲ ပြုလုပ်မည်

City University of New York အဖွဲ့ဝင် Queens College မှပေးအပ်မယ့် ပညာသင်ဆုနဲ့ ပတ်သက်ပြီး ဆွေးနွေးပွဲပြုလုပ်သွားမယ်လို့ Crown Education မှသိရပါတယ်။ ဆွေးနွေးပွဲကို စက်တင်ဘာ ၁၉ ရက် နံနက် ၁၀ နာရီမှ ၁၂ နာရီအထိ Zoom Application မှတစ်ဆင့် ပြုလုပ်သွားမှာဖြစ်ပါတယ်။ ယူအက်စ်ရဲ့အထင်ကရ New York မြို့မှာ ကျောင်းတက်ချင်တယ်၊ စာသင်စရိတ်သက်သာခွင့်ရချင်တယ်ဆိုတဲ့ မြန်မာကျောင်းသား/သူတွေအတွက် City University of New York – Queens College မှာ သင်ကြားနိုင်မယ့် ဘာသာရပ်တွေ၊ ကျောင်းဝင်ခွင့်အလိုက် လျှောက်ထားနိုင်မယ့် ပညာသင်ဆုအကြောင်းတွေကို ကျောင်းဘက်က တာဝန်ရှိသူနဲ့ အွန်လိုင်းမှာ တိုက်ရိုက်မေးမြန်းနိုင်ဖို့ Crown Education […]

Read More

၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ချီးဗနင်း ပညာသင်ဆု ၁၅၀၀ ကျော် ချီးမြှင့်မည်

ယူကေနိုင်ငံတွင် ချီးဗနင်းပညာသင်ဆု အစီအစဥ်နဲ့ မဟာဘွဲ့တက်ရောက်နိုင်ဖို့ လျှောက်လွှာတွေ စတင်လက်ခံနေပြီ ဖြစ်ပြီး တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ပညာသင်ဆု ၁၅၀၀ ကျော် ချီးမြှင့်ပေးသွားမယ်လို့သိရပါတယ်။ ပညာသင်ဆုကို နို၀င်ဘာ ၃ ရက် အထိ www.chevening.org/apply မှတစ်ဆင့် လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် မြန်မာနိုင်ငံမှ ချီးဗနင်းပညာတော်သင် ၁၀ ဦးအား ရွေးချယ်ခဲ့ပြီး လာမယ့် စာသင်နှစ်အတွက် အွန်လိုင်းလျှောက်လွှာအသစ်တွေ ခေါ်ယူနေတာဖြစ်ပါတယ်။ ပညာသင်ဆုအကြောင်း ပိုမိုသိရှိလိုပါက www.chevening.org/scholarships သို့၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။ -သန္တာ »»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««

Read More

ဩစတြေးလျနိုင်ငံ တက္ကသိုလ် ကောလိပ် ၃၂ ကျောင်းပါဝင်မည့် ပညာရေးဆွေးနွေးပွဲ ပြုလုပ်မည်

ဩစတြေးလျနိုင်ငံ Group of Eight University ၈ ကျောင်းအပါအဝင်၊ တက္ကသိုလ် ကောလိပ် ၃၂ ကျောင်းပါဝင်မယ့် သြစတြေးလျပညာရေးဆွေးနွေးပွဲကို စက်တင်ဘာ ၁၂ ရက်၊ ၁၃ ရက် နဲ့ ၁၉ ရက် တွေမှာ အွန်လိုင်းမှတစ်ဆင့် ကျင်းပ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ပညာရေးဆွေးနွေးပွဲမှာ ကျောင်းသူ ကျောင်းသားတွေအနေနဲ့ ကျောင်းကိုယ်စားလှယ်တွေနဲ့ တစ်ယောက်ချင်းစီ ဆွေးနွေး မေးမြန်းနိုင်မှာဖြစ်ပါတယ်။ ဆွေးနွေးပွဲကို ပါဝင်လိုသူတွေနေနဲ့ https://bit.ly/2DjgOj8 မှာ မိမိ စိတ်ဝင်စား ဆွေးနွေးလိုတဲ့ ကျောင်းကို ရွေးချယ် စာရင်းပေးသွင်းနိုင်ပါတယ်။ ပညာရေးဆွေးနွေးပွဲမှာ သြစတြေးလျနိုင်ငံရှိ အဆင့်မြင့်တက္ကသိုလ်တွေမှာ ကျောင်းလျှောက်ထားခြင်း၊ ဝင်ခွင့်သတ်မှတ်ချက်များ၊ လျှောက်ထားနိုင်မယ့် ပညာသင်ဆုတွေနဲ့ ကျောင်းသားတွေရဲ့အကျိုးခံစားခွင့်ဆိုင်ရာ အကြောင်းအရာတွေကို အသေးစိတ်ဆွေးနွေးမေးမြန်းနိုင်မှာဖြစ်ပါတယ်။ ပညာရေးဆွေးနွေးပွဲမှာ ပါဝင်ပြီး ကျောင်းလျောက်ထားလိုသူတွေအနေနဲ့စက်တင်ဘာ […]

Read More