Day: September 5, 2020

သြစတြေးလျနိုင်ငံ La Trobe University ၏ ၂၀၂၁ ကျောင်းဖွင့်ချိန်များအတွက် လျှောက်ထားနိုင်

သြစတြေးလျနိုင်ငံ La Trobe University ရဲ့ ၂၀၂၀ အောက်တိုဘာလ ကျောင်းဖွင့်ချိန် နဲ့ ၂၀၂၁ မတ်လ ကျောင်းဖွင့်ချိန်များအတွက် လျှောက်ထားနိုင်မယ်လို့ သိရပါတယ်။ သြစတြေးလျနိုင်ငံ ထိပ်တန်းစာရင်းဝင် တက္ကသိုလ်တစ်ခု ဖြစ်တဲ့ La Trobe University မှာ မြန်မာအစိုးရပညာရေး ဆယ်တန်းအောင် ကျောင်းသား/သူတွေ၊ GCE ‘O’ Level ၊ IGCSE အောင်မြင်ထားသူတွေ အနေနဲ့ Foundation levelက စပြီး တက်ရောက်သင်ကြားနိုင်သလို ဆယ့်နှစ်တန်းပညာရေးပြီးထားသူတွေ အနေနဲ့Diploma ပရိုဂရမ်တွေကနေ တက်ရောက်နိုင်မှာဖြစ်ပါတယ်။ ကျောင်းဖွင့်ချိန်တွေမှာ Foundation (သို့) Diploma program တွေတက်ရောက်ဖို့ စီစဉ်ထားတဲ့ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ မြန်မာငွေကျပ် သိန်း (၂၀) ကနေ (၄၈) သိန်း […]

Read More

MPT မှ Postpaid သုံးစွဲသူများအတွက် ငွေပေးချေမှုဆိုင်ရာ ဝန်ဆောင်မှုအသစ်ကို မိတ်ဆက်

Postpaid Service နဲ့ FTTH သုံးစွဲသူများ အားလုံး ပိုမိုအဆင်ပြေ လွယ်ကူစွာနဲ့ ငွေပေးချေမှုများကို အချိန်မီ ပေးသွင်းနိုင်ဖို့အတွက် ငွေပေးချေမှုဆိုင်ရာ ဝန်ဆောင်မှု အသစ်တစ်ခုကို MPT က မိတ်ဆက်ခဲ့ပါတယ်။ Postpaid ဝန်ဆောင်မှုများ (PSTN, GSM, CDMA, ADSL, IP Star) နဲ့ FTTH သုံးစွဲသူတွေအားလုံးဟာ MPT GSM Prepaid Mobile ဖုန်းကို အသုံးပြုပြီး လွယ်ကူအဆင်ပြေစွာ ငွေပေးချေနိုင်မှာဖြစ်ပါတယ်။ အထက်ဖော်ပြပါ ဝန်ဆောင်မှုများ သုံးစွဲသူတွေအနေနဲ့ USSD Code (မိမိကိုယ်တိုင်ငွေပေးချေနိုင်သည့်နည်းလမ်း) နဲ့ ငွေတောင်းခံလွှာများကို အဆင်ပြေချောမွေ့စွာ ပေးဆောင်နိုင်တဲ့ အကျိုးကျေးဇူးတွေကိုရယူနိုင်ပြီး လစဉ်ကျသင့်ငွေတောင်းခံလွှာတွေကို ဖုန်းငွေဖြည့်ကတ်အသုံးပြု၍သော်လည်းကောင်း ဖုန်းလက်ကျန်ငွေမှတစ်ဆင့် ပေးချေခြင်းဖြင့်လည်းကောင်း ပေးချေနိုင်မှာ ဖြစ်ပါတယ်။ USSD ဝန်ဆောင်မှုသည် […]

Read More

5th MEITI Report ပါ အချက်အလက်များအတွက် Web Application တည်ဆောက်ခြင်းဆိုင်ရာ အစည်းအဝေးကျင်းပ

မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ် ရေးဆွဲ အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီဥက္ကဌ နဲ့ OneMap Myanmar နည်းပညာဆိုင်ရာ အဖွဲ့တို့ရဲ့ 5th MEITI Report ပါ အချက်အလက်များ အတွက် Web Application တည်ဆောက်ခြင်းဆိုင်ရာ အစည်းအဝေးကို စက်တင်ဘာ ၄ ရက်က နေပြည်တော်ရှိ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံး အစည်းအဝေးခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ OneMap Myanmar စီမံကိန်းသည် အစိုးရဌာနအဖွဲ့အစည်း နှင့် ပြည်သူလူထုမှ မြေအပါအဝင် အခြား သဘာဝသယံဇာတဆိုင်ရာ သတင်းအချက်အလက်များကို အလွယ်တကူ ဝင်ရောက်ကြည့်ရှုနိုင်ရန် အသုံးပြုနိုင်ရန်နှင့် မှန်ကန်သော မြေယာစီမံအုပ်ချုပ်မျုများ အထောက်အကူပြုနိုင်ရန် ရည်ရွယ်ဆောက်ရွက်လျက်ရှိကြောင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် ထုတ်ပြန်သည့်သတ္တုကဏ္ဍဆိုင်ရာ 5th MEITI Report ပါ အချက်အလက်ဇယားများမှ လုပ်ကွက်များ၏ တည်နေရာများ အခြေခံ၍ […]

Read More

JVC HA-F250 Bluetooth Earphone

အားကစားသမားတွေနဲ့ ဂီတကိုကြိုက်နှစ်သတ်တဲ့သူတွေအတွက် အထူးသင့်လျော်တဲ့ JVC HA-F250 Bluetooth Earphone ဖြစ်ပါတယ်။ ဂျပန်နိုင်ငံထုတ်ဖြစ်ပြီး Wireless inner ear headphones ဖြစ်ပြီး Nozzle Fit’ Design နဲ့ပြုလုပ်ထားတာကြောင့် အသုံးပြုတဲ့အချိန်မှာ နားကို သက်သောင့်သက်သာ ရှိစေပါတယ် ။ နားနဲ့ အံဝင်ခွင်ကျ ဖြစ်စေဖို့ ပုံဖော်ထားတာကြောင့် အားကစားသမားတွေအတွက် အဆင်ပြေသလို အပြေးအားကစားသမားတွေ အပြေးလေ့ကျင့်နေစဉ် အချိန် တွေမှာတောင် နားကနေ ပြုတ်မကျနိုင်ပါဘူး။ Bluetooth Earphone ဖြစ်တာကြောင့် သီချင်းနားထောင်နေစဉ်၊ အားကစားလုပ်နေစဉ် အချိန်တွေမှာ ကြိုးတွေ ရှုပ်နေတာမျိုးတွေ မဖြစ်နိုင်လို့ ဂီတနှင့်အားကစား အပေါ်မှာ ပိုပြီး အာရုံစိုက်နိုင်မှာပဲ ဖြစ်ပါတယ်။ အသုံးမပြုလိုတဲ့ အချိန် လည်ပင်းမှာ ချိတ်ဆက်ထားလို့ရတာက အဆင်ပြေစေမှာ ဖြစ်ပါတယ်။ […]

Read More