Day: September 3, 2020

ကင်မရာ ၄ လုံးအထိ ပါဝင်လာတဲ့ Oppo F17 နဲ့ F17 Pro

အသစ်မိတ်ဆက်လိုက်တဲ့ Oppo F17 နဲ့ F17 Pro ဖုန်းတွေက ပါးလွှာပြီး မြန်ဆန်ပါတယ်။ F17 ဖုန်း အထူးက ၇.၅ မီလီမီတာရှိပြီး အလေးချိန် ၁၆၀ ဂရမ် ရှိပါတယ်။ ဖုန်းတွေမှာ ဘက်ထရီ 4,000mAh ပါဝင်ပြီး အဆင့်မြှင့်တင်ထားတဲ့ VOOC 4.0 အပြင် သုညကနေ ၁၀၀ ရာခိုင်နှုန်း အထိ အားသွင်းမြန်ဆန်တဲ့ 30W ထောက်ပံ့ထားပါတယ်။ AI Night Charging ကလည်း ကောင်းစွာ အနားယူအိပ်စက်နိုင်အောင် ပြုလုပ်ပေးပါတယ်။ အိပ်ရာမထခင်မှာ မိနစ် ၉၀ အထိ ၈၀-၁၀၀ ရာခိုင်နှုန်း အားသွင်းပေးပါတယ်။ F17 Pro ဖုန်းမှာတော့ ၅ မိနစ် အားသွင်းရင် YouTube ဗီဒီယို […]

Read More

CB Bank Viber BOT ကို မိတ်ဆက်

CB Bank မှ ထုတ်ဝေထားသော prepaid,debit နဲ့ credit ကတ်ကိုင်ဆောင်ထားသူများ ကိုယ်တိုင် မိမိကတ်နဲ့ သက်ဆိုင်တဲ့ သတင်းအချက်အလက်တွေကို အချိန်နဲ့ တစ်ပြေးညီ သိရှိနိုင်စေဖို့ စာတိုပေးပို့ မေးမြန်းနိုင်သော Viber Application ဆိုင်ရာ အဆင့်မြင့်ဝန်ဆောင်မှု CB Bank Viber BOT ကို မိတ်ဆက်လိုက်ပါတယ်။ အဆိုပါ CB Bank Viber BOT ကို ကတ်လျှောက်ထားစဉ်က ဘဏ်ကို ပေးအပ်ထားသော ဖုန်းနံပါတ်နဲ့ ယခု အသုံးပြုလျက်ရှိသော ဖုန်းနံပါတ် တူညီပါက စတင် အသုံးပြုနိုင်မှာဖြစ်ပြီး အသုံးပြုရန်အတွက် QR Scan ဖတ်ရမှာ ဖြစ်ပါတယ်။ QR Code ဖတ်ရန်အတွက် CB bank official facebook […]

Read More

၂၀၂၀ နှစ်ဝက်အတွင်း တင်ပို့ရောင်းချမှုအများဆုံးဖုန်း ဖြစ်လာတဲ့ iPhone 11

iPhone 12 ကိုမိတ်ဆက်မှုက မကြာခင် ထွက်ပေါ်လာနိုင်ပါတယ်။ Omdia ရဲ့သုတေသနတစ်ခုအရ ၂၀၂၀ နှစ်ဝက်အတွင်း တင်ပို့ရောင်းချမှု အများဆုံးစမတ်ဖုန်းက iPhone 11 ဖြစ်တယ်လို့ သိရပါတယ်။ အခြား iPhone မော်ဒယ်တွေလည်း ထိပ်တန်း ၁၀ စာရင်း ပါဝင်ခဲ့ပါတယ်။ ၂၀၂၀ အတွင်း ရေပန်းစားတဲ့ ဖုန်းကတော့ iPhone 11 ဖြစ်လာနိုင်ပါတယ်။ iPhone 11 ဟာ မနှစ်ကလိုမျိုး iPhone XR လိုအောင်မြင်မှု ရရှိခဲ့ပါတယ်။ Omdia သုတေသနအရ Apple ဟာ ဒီနှစ်အတွင်း iPhone 11 ၃၇.၇ သန်း ထုတ်လုပ်ထားပါတယ်။ မနှစ်ကတော့ အောင်မြင်ခဲ့တဲ့ iPhone XR ထက် ၁၀.၈ သန်းကျော် များပြားပါတယ်။ […]

Read More

Under-display selfie ကင်မရာပါဝင်လာတဲ့ ကမ္ဘာ့ပထမဆုံးဖုန်း

ZTE ဟာ display ထဲမှာ selfie ကင်မရာထည့်သွင်းထားတဲ့ ကမ္ဘာ့ပထမဆုံး စီးပွားဖြစ်ဖုန်းကို မိတ်ဆက်မယ်လို့ ကတိပေးထားတာ ကြာပါပြီ။ ZTE ရဲ့ Axon 20 5G ဖုန်းမှာ display ထဲ selfie ကင်မရာကို ထည့်သွင်းပြီး အလယ်အလတ်တန်းစားဖုန်း ဖြစ်ပါတယ်။ ZTE ရဲ့ display ထဲက selfie ကင်မရာကတော့ 32-megapixel ဖြစ်ပြီး ဖောက်ထွင်းမြင်နိုင်တဲ့ အရာဝတ္ထု အသုံးပြုထားကာ ဇီဝနဲ့ ဇီဝမဟုတ်တဲ့ အရာတွေ အသုံးပြုထားပါတယ်။ ဒါ့အပြင် ရုပ်ထွက်အရည်အသွေးပိုင်းအတွက် algorithm ကိုအသုံးပြုထားပါတယ်။ ဖုန်းမှာတော့ 765 ပရိုဆက်ဆာကို အသုံးပြုထားပြီး အထူက ၇.၉၈ မီလီမီတာ ရှိကာ 5G ချိတ်ဆက်မှု ပါဝင်လာပါတယ်။ ဘက်ထရီကတော့ […]

Read More

OS app စီးပွားရေးက ကပ်ရောဂါကာလအတွင်း အလုပ်အကိုင် သုံးသိန်းဖန်တီးပေး

ကိုရိုနာဗိုင်းရပ်စ် အကျပ်အတည်းက စီးပွားရေးကို ထိခိုက်လာတာ အားလုံးခံစားမိလာတယ်။ ဒါပေမဲ့ Apple ကတော့ ၂၀၁၉ ဧပြီလနောက်ပိုင်ငး အမေရိကန်မှာ အလုပ်အကိုင် ၃၀၀,၀၀၀ အထိ ဖန်တီးပေးနိုင်ခဲ့ပြီး iOS app စီးပွားရေးတိုးတက်လာပါတယ်။ iOS app စီးပွားရေးဟာ ကပ်ရောဂါအတွင်း သိသိသာသာ တိုးတက်လာပါတယ်။ အခုဆိုရင် iOS app တွေက အမေရိကန်က အလုပ်အကိုင် ၂.၁ သန်းကို ထောက်ပံ့ထားပေးနေပါတယ်။ အမေရိကန် အရှေ့ဘက်နဲ့ အနောက်ဘက်ကမ်းရိုးတန်းတို့ ပါဝင်ပြီး အဓိက ပြည်နယ်အတွင်းမှလည်း အလုပ်အကိုင်များစွာ ဖန်တီးပေးခဲ့ပါတယ်။ ဒါ့အပြင် iOS app စီးပွားရေး အလုပ်အကိုင် ပြည်နယ်အလိုက် ဖော်ပြတဲ့ မြေပုံကို ထုတ်ပြန်ခဲ့ပါတယ်။ တက္ကဆက်၊ မေရိလန်းနဲ့ မီချီဂန်ပြည်နယ်တွေမှာလည်း အလုပ်အကိုင်များစွာ တိုးတက်လာပါတယ်။ […]

Read More

IMI Switzerland မှ ဟိုတယ်စီမံခန့်ခွဲမှု ဘာသာရပ်များကိုလျှောက်ထားနိုင်

ကမ္ဘာ့ထိပ်သီး ဟိုတယ်နှင့် စီမံခန့်ခွဲမှုကျောင်းတစ်ခုဖြစ်တဲ့ IMI Switzerland မှာ ၅ လ စာသင်၊ ၅ လ လုပ်ခလစာရ (အလုပ်သင်ကာလ) ပါဝင်တဲ့ ဟိုတယ်စီမံခန့်ခွဲမှုဘာသာရပ်တွေ လျှောက်ထား တက်ရောက်နိုင်မယ်လို့ သိရပါတယ်။ တက္ကသိုလ်ဝင်တန်း နဲ့ IGCSE ‘O’Level/ ‘A’ Level ပြီးဆုံး အောင်မြင်ထားသူတွေဟာ ၆ လကြာမြင့်တဲ့ IMI Foundation တန်းကို ဦးစွာတက်ရောက်ပြီး ၂ နှစ်ခွဲ မှ ၄ နှစ် အထိ ကြာမြင့်တဲ့ ဘွဲ့ဒီဂရီတန်းများကို ဆက်လက် တက်ရောက်နိုင်ပါတယ် ။ Hospitality ကျောင်းတိုင်းမှာ Internship (အလုပ်အသင်ကာလ) က မဖြစ်မနေ ပါဝင်ပါတယ် ။ နှစ်စဉ် စာသင်ချိန် ၂၂ ပတ် […]

Read More

ပညာရေးစီမံခန့်ခွဲမှု အသိအမှတ်ပြုလက်မှတ်ရ သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ပညာရေးစီမံခန့်ခွဲမှု အသိအမှတ်ပြုလက်မှတ်ရသင်တန်း (Certificate in Education Management – CEM Training) ဖွင့်ပွဲ အခမ်းအနားကို စက်တင်ဘာ ၁ ရက်က နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃) အစည်းအဝေးခန်းမမှာ Video Conferencing စနစ်နဲ့ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ပညာရေးစီမံခန့်ခွဲမှု ဒီပလိုမာဘွဲ့လွန်သင်တန်း( Diploma in Education Management -DEM) ကို ၂၀၁၉ ခုနှစ် ဩဂုတ်လ ၃၀ ရက်တွင် ပညာရေးဝန်ကြီးဌာန (နေပြည်တော်) တွင် ဖွင့်လှစ်ခဲ့ကြောင်း၊ DEM သင်တန်းသည် ရန်ကုန်ပညာရေးတက္ကသိုလ်က ဘွဲ့ ပေးအပ်မည့် နိုင်ငံတကာအဆင့်မီ ဘွဲ့လွန်ဒီပလိုမာဘွဲ့ဖြစ်ပြီး သင်တန်းကာလ တစ်နှစ်တွင် Total credit က 21 credit ဖြစ်ကြောင်း၊ ပညာရေးဝန်ကြီးဌာန […]

Read More

ဒေါ်လာ ၂၀၀ အောက် ဘတ်ဂျက်ဖုန်းများ

ဒီနှစ်ထဲမှာ တန်ဖိုးကြီးဖုန်းအများစု ထွက်လာခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ဈေးသက်သာတဲ့ ဖုန်းကောင်း အနည်းငယ်ထွက်လာပါတယ်။ ဒေါ်လာ ၂၀၀ အောက် ဘတ်ဂျက်ဖုန်းတွေကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။ Redmi 9C လူအများစုဟာ ကိုဗစ်ကပ်ရောဂါကာလ အတွင်းမှာ ရှင်သန်ရပ်တည်နိုင်ဖို့ ဖုန်းအတွက် ငွေကြေးသုံးစွဲမှုကို ချင့်ချိန်ရသလို ရုန်းကန်ရပါတယ်။ Redmi 9C ကတော့ အခုကာလအတွက် ကိုက်ညီသလို ဈေးလည်း သက်သာပါတယ်။ Realme C15 Realme C15 ကတော့ Realme C11 ကိုအားဖြည့်လိုက်တဲ့ မော်ဒယ် ဖြစ်ပါတယ်။ အသေးစိတ်အချက်အလက်တွေက စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဒါ့အပြင် လူကြီးပိုင်းတွေအတွက် သင့်တော်တဲ့ ဖုန်းတစ်မျိုး ဖြစ်ပါတယ်။ Redmi 9 အခြေခံ အချက်အလက်တွေနဲ့ အရည်အသွေးမြင့် တည်ဆောက်မှုရှိတဲ့ […]

Read More

Lenovo ThinkPad X1 Yoga (2020)

ဈေးနှုန်း – ကန်ဒေါ်လာ ၁၆၇၀ အားသာချက် တောက်ပမှုရှိသလို ကာလာရုပ်ထွက်ပိုင်း ကောင်းမွန်တဲ့ 1080p Display ၊ မြန်ဆန်တဲ့ စွမ်းဆောင်ရည်ရှိတဲ့ SSD ၊ Stylus စနစ်ထောက်ပံ့ပါဝင်တာ၊ ကမ္ဘာ့အဆင့်ကီးဘုတ်နဲ့ ဘက်ထရီနဲ့ အချိန်ကြာကြာ သုံးနိုင်တာတွေက ဒီ Laptop ရဲ့ အားသာချက်ပဲ ဖြစ်ပါတယ်။ အားနည်းချက် SD ကတ်ပေါက် မပါဝင်တာ၊ Dispal ရဲ့ ဘေးဘောင်တွေက ကြီးမားတာ၊ ဂရပ်ဖစ်စွမ်းဆောင်ရည်ပိုင်း သိပ်အားမရတာနဲ့ touchpad အရွယ်အစား သေးတာက ဒီ Laptop ရဲ့ အားနည်းချက်ပါ။ သုံးသပ်ချက် Lenovo ThinkPad X1 Yoga က လုံခြုံရေးအသားပေး Laptop ကို သုံးချင်သူတွေနဲ့ အကြမ်းခံတဲ့ Laptop […]

Read More