Day: September 2, 2020

ရေပန်းစားတဲ့ Trend အတွက် နောက်ခံအခြေအနေ ထည့်သွင်းမယ့် Twitter

Twitter အနေနဲ့ ဝန်ဆောင်မှုပေါ်က ရေပန်းစား ခေါင်းစဉ်တွေမှာ နောက်ခံ ဆက်စပ်သတင်းတွေ ထည့်သွင်းမယ်လို့ ကြေညာခဲ့ပါတယ်။ Twitter အနေနဲ့ platform မှာ မုန်းတီးမှုနဲ့ သတင်းအမှားတွေ မဖြစ်ပေါ်စေဖို့ ကြိုးပမ်းလာတာ ဖြစ်ပါတယ်။ Twitter နဲ့ အခြား လူမှုရေးမီဒီယာတွေဟာ အမေရိကန်သမ္မတရွေးကောက်ပွဲ တစ်လျှောက် သတင်းမှားတွေ တိုက်ဖျက်ဖို့ ရုန်းကန်နေရပြီး အပြောင်းအလဲလုပ်လာတာ ဖြစ်ပါတယ်။ Twitter ဝန်ထမ်းနဲ့ တက်ကြွလှုပ်ရှားသူတွေကတော့ Trending Topics ကိုပယ်ဖျက်ဆိုတဲ့ တောင်းဆိုမှုအပေါ် ဖြေရှင်းချက်တစ်ခု ထုတ်လိုက်တာ ဖြစ်ပါတယ်။ သုံးစွဲသူက Twitter မှာ ဘယ်လို ခေါင်းစဉ်က ရေပန်းစားနေတာကြည့်ဖို့ trend ဆိုတာ ထည့်သွင်းထားပါတယ်။ အဲဒီ trend ဆိုတာ Twitter ပေါ်က သတင်းအချက်အလက်တွေ ရှာဖွေလေ့လာဖို့ […]

Read More

Deepfake တိုက်ဖျက်မယ့် Microsoft software အသစ်

Microsoft ဟာ deepfake နည်းပညာကို တိုက်ဖျက်မယ့် ကွန်ပျူတာပရိုဂရမ် ၂ ခုကို ပြသခဲ့ပါတယ်။ Deepfake ဆိုတာ ဗီဒီယိုထဲမှာ အခြားလူတစ်ယောက်ရဲ့ မျက်နှာကို ထည့်သွင်းတဲ့ နည်းပညာဖြစ်ပါတယ်။ အဲဒီနည်းပညာက ခြေရာခံဖို့ ခက်ခဲပြီး ဗီဒီယို အစစ်လား အတုလား ဆိုတာ ခွဲခြားရခက်ပါတယ်။ နည်းပညာသစ် လုပ်ငန်းသုံး Azure ဆာဗာနည်းပညာမှာ ထည့်သွင်း တည်ဆောက်ထားပါတယ်။ Content ဖန်တီးသူတွေက Microsot ဆီ ဗီဒီယိုတွေရဲ့ hash fingerprint ကိုပေးပို့တဲ့အခါ မီဒီယာအတွင်း deepfake သုံး၊ မသုံး ဖော်ပြပေးနိုင်ပါတယ်။ “သတင်းအချက်အလက် အမှားတွေက ပုံသဏ္ဍာန်မျိုးစုံနဲ့ လာပါတယ်။ နည်းပညာတစ်ခုတည်းကပဲ မှန်၊ မမှန် ဆုံးဖြတ်တယ်ဆိုတာ စိန်ခေါ်မှုတစ်ခုဖြစ်တယ်” လို့ ကော်ပိုရိတ်ဒုဥက္ကဋ္ဌ တွမ်ဘာ့ကပြောခဲ့ပါတယ်။ […]

Read More

အင်ဒီဂိမ်း စတူဒီယို Vlambeer ပိတ်သိမ်း

Super Crate Box, Nuclear Throne နဲ့ Ridiculous Fishing လိုမျိုး လူအများနှစ်သက်ကြတဲ့ ဂိမ်းတွေ ထုတ်လုပ်တဲ့ အင်ဒီဂိမ်းစတူဒီယို Vlambeer ကုမ္ပဏီဟာ ပိတ်သိမ်းသွားပါပြီ။ ဆယ်နှစ်သက်တမ်း ပြည့်မြောက်တဲ့နေ့မှာပဲ Vlambeer ဟာ Twitter မှာ ကုမ္ပဏီပိတ်သိမ်းတဲ့ သတင်းကို ကြေညာခဲ့ပါတယ်။ ၂၀၁၀ မှာ ဂျန်ဝီလန်နီမန်နဲ့ ရာမီအစ္စမေးတို့က ဒတ်ချ်စတူဒီယို Vlambeer ကိုတည်ထောင်ခဲ့ပါတယ်။ တည်ထောင်သူတွေကလည် အင်ဒီဂိမ်းလောကအတွက် အားထားရသူတွေပါ။ Vlambeer ဟာ ဂိမ်းတွေ ပုံတူပွားခံရတဲ့ ကိစ္စကို အဓိကထား ဝေဖန်ခဲ့ပါတယ်။ အစ္စမေးကလည်း အမျိုးအစား မျိုးစုံနဲ့ လွတ်လပ်တဲ့ ဂိမ်းဖန်တီးမှုအပေါ် ထောက်ခံပြောဆိုခဲ့ပါတယ်။ Vlambeer ဟာ Ultrabugs ဆိုတဲ့ arcade ဂိမ်းသစ်ကို ထွက်ရှိဖို့ […]

Read More

Nvidia က RTX 3080 GPU ကိုမိတ်ဆက်

Nvidai ဟာ GeForce RTX 3000 စီးရီး graphic card တွေကို မိတ်ဆက်လိုက်ပါတယ်။ Nvidia က ကတ်အသစ်တွေကို အမြည်းမိတ်ဆက်နေတာ ရက်သတ္တပတ် အနည်းငယ်ရှိပါပြီ။ RTX 3080 တရားဝင် မိတ်မဆက်ခင်က အချက်အလက်တွေ ပေါက်ကြားထွက်ပေါ်ခဲ့ပါတယ်။ Nvidia ရဲ့ Ampere တည်ဆောက်မှု တည်ဆောက်ထားတဲ့ RTX 3080 ဟာ စွမ်းဆောင်ရည်နဲ့ ray-tracing ထောက်ပံ့မှု တိုးတက်လာပါတယ်။ RTX 3080 ဟာ RTX 2080 ထက် နှစ်ဆမြန်ဆန်ပါတယ်။ ကတ်မှာ 10GB GDDR6X memory နဲ့ ဈေးနှုန်းက ၆၉၉ ဒေါ်လာ ကျသင့်ပြီး စက်တင်ဘာ ၁၇ ရက်မှာ ရောင်းချပါမယ်။ Nvidia […]

Read More

Tablet အဖြစ်လည်း အသုံးပြုနိုင်မယ့် Lenovo Yoga 9i

Lenovo ဟာ Yoga 9 စီးရီး laptop တွေကို မိတ်ဆက်ခဲ့ပါတယ်။ အဲဒီထဲမှာ tablet အဖြစ်လည်း အသွင်ပြောင်းနိုင်မယ့် Yoga 9i ၁၄ လက်မနဲ့ ၁၅ လက်မ ထုတ်ကုန်ကို မိတ်ဆက်ခဲ့ပါတယ်။ Yoga Slim 9i မျက်နှာပြင်ကို ၁၄ လက်မအရွယ် convertible မဟုတ်တဲ့ မော်ဒယ်လည်း ထုတ်လုပ်ထားပါတယ်။ Yoga 9i ဟာ မနှစ်က ထွက်ရှိခဲ့တဲ့ Yoga C940 နေရာဝင်လာပါမယ်။ Slim မော်ဒယ်ကတော့ Lenovo ရဲ့အပါးလွှာ၊ အပေါ့ပါးဆုံး laptop တွေဖြစ်ပါတယ်။ အထူက ၀.၅၄ လက်မ ရှိပြီး အလေးချိန်ကတော့ ၂.၇၇ ပေါင်ပဲရှိပါတယ်။ ၁၄ လက်မ Yoga […]

Read More

မူပိုင်ခွင့်ရှိ ဓာတ်ပုံအဖြစ် အလွယ်တကူ ပြောင်းလဲနိုင်အောင် Google ထောက်ပံ့

Google ဟာ Google Images မှာ မူပိုင်ခွင့်နဲ့ ကာကွယ်ထားတဲ့ ဓာတ်ပုံ ဒါမှမဟုတ် ရုပ်ပုံကို လိုင်စင်ရအောင် အလွယ်တကူ လုပ်နိုင်မယ့် update ကိုဖြန့်ချိလိုက်ပါတယ်။ အခု အပြောင်းအလဲက ထုတ်ဝေသူတွေ၊ ဓာတ်ပုံဆရာတွေနဲ့ အနုပညာရှင်ကို အကူအညီပေးနိုင်သလို သုံးစွဲသူတွေက အသုံးပြုနိုင်တဲ့ ပုံတွေကို အလွယ်တကူ ရှာဖွေလာနိုင်ပါမယ်။ လိုင်စင်အချက်အလက်ပါတဲ့ ဓာတ်ပုံတွေဆိုရင် Google ရှာဖွေမှုရလဒ်မှာ “Licensable” တံဆိပ်နဲ့ မြင်ရပါမယ်။ ဓာတ်ပုံကို နှိပ်လိုက်ရင် လိုင်စင်လိုအပ်ချက်နဲ့ မူပိုင်ခွင့် ဝယ်နိုင်မယ့် လင့်ခ်ကို ပြသပေးပါမယ်။ လိုင်စင်ယူလိုသူတွေက ဓာတ်ပုံပေါ်တဲ့ စာမျက်နှာက ဝယ်ယူမှု လင့်ခ်ကို အသေးစိတ်မြင်ရပါမယ်။ စိုးထက် Ref: TheVerge »»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ […]

Read More

 Lenovo Tab 11 Pro နဲ့ Google Kids Space ထောက်ပံ့ထားတဲ့ Tab M10 HD

Lenovo ဟာ အဆင့်မြင့် နဲ့ ကလေးတွေအတွက် tablet တစ်လုံးစီ မိတ်ဆက်ခဲ့သလို အထိုင် စမတ်နာရီတစ်လုံးကို ပြသခဲ့ပါတယ်။ Lenovo Tab P11 Pro Lenovo Tab P11 Pro မှာတော့ မျက်နှာပြင်အရွယ်အစား ၁၁.၅ လက်မ OLED display ပါဝင်ပြီး ရုပ်ထွက်အရည်အသွေးကတော့ 2,560x 1,600px ဖြစ်ပါတယ်။ Tablet ရဲ့ အသံနဲ့ ရုပ်ပိုင်းဆိုင်ရာက အလွန်ကောင်းမွန်ပြီး HDR10 နဲ့ Dolby Vision ထောက်ပံ့ထားပါတယ်။ ရှေ့ဘက်မှာ JBL စပီကာ ၄ လုံးပါဝင်ပြီး 2.5cc chamber တွေနဲ့ ရုပ်ရှင်အသံ Dolby Atmos ချိန်ညှိမှု ပါဝင်လာပါတယ်။ Tablet မှာ […]

Read More

တက္ကသိုလ် ၁၆ ခုကို အာဆီယံဒေသတွင်းနိုင်ငံများရှိ တက္ကသိုလ်များကဲ့သို့ ပြင်ဆင်ဖွဲ့စည်း

မြန်မာနိုင်ငံရှိ တက္ကသိုလ် ၁၆ ခုကို မဟာ ဌာန ဖွဲ့စည်းပုံတွေပါဝင်သော တက္ကသိုလ်များ အဆင့်သို့ တိုးချဲ့ပြင်ဆင်ဖွဲ့စည်းလိုက်တယ်လို့ ပညာရေးဝန်ကြီးဌာန မှ ထုတ်ပြန်လိုက်ပါတယ်။ ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၊ ရန်ကုန်နည်းပညာတက္ကသိုလ်၊ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်၊ ရန်ကုန်အဝေးသင်တက္ကသိုလ်၊ သတင်းအချက်အလက်နည်းပညာတက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ စစ်ကိုင်းပညာရေးတက္ကသိုလ်၊ မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်၊ မန္တလေးနည်းပညာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ် မန္တလေး၊ မန္တလေးကွန်ပျူတာတက္ကသိုလ်၊ မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ် မန္တလေး၊ မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ် တွေကို အရာထမ်း ရာထူး ( ၅၆၈၂ ) နေရာ ၊ အမှုထမ်း ရာထူး ( ၃၉၀၁ ) နေရာ ထပ်မံတိုးချဲ့ပြီး အရာထမ်း ရာထူး ( ၆၂၁၇၁ ) နေရာ ၊ အမှုထမ်း ရာထူး […]

Read More

ဘက်ထရီ 7,000mAh ပါဝင်တဲ့ Samsung Galaxy M51

ပြီးခဲ့တဲ့လက Samsung Galaxy M51 အချက်အလက်တွေ ပေါက်ကြားထွက်ပေါ်ခဲ့ပါတယ်။ အခုဆိုရင် Samsung က ဂျာမန်ဝက်ဘ်ဆိုက်ကနေ တရားဝင် မိတ်ဆက်လိုက်ပါတယ်။ Samsung Galaxy M51 မှာ အထူးခြားဆုံး feature ကတော့ ဘက်ထရီ 7,000mAh ဖြစ်ပြီး 25W အားသွင်းမြန်ဆန်ထောက်ပံ့ထားကာ အားတစ်ခါသွင်းရင် ၂ ရက် အသုံးပြုနိုင်ပါတယ်။ M51 မှာ Snapdragon 730 အသုံးပြုထားပြီး octa-core ပရိုဆက်ဆာကို RAM 6GB , storage 128GB တို့နဲ့ ချိတ်ဆက်ထားပါတယ်။ ဒါ့အပြင် microSD ကတ်လည်း တိုးချဲ့နိုင်ပါတယ်။ မျက်နှာပြင်အရွယ်အစားကတော့ ၆.၇ လက်မဖြစ်ပြီး Super AMOLED နဲ့အတူ FHD+ ရုပ်ထွက်အရည်အသွေးနဲ့ ဘေးဘက်မှာ […]

Read More