ဂျပန်အဝတ်အထည်ကုမ္ပဏီ Uniqlo ဟာ ၂၀၂၀အအတွက် ဆောင်းရာသီအတွင်း ထုတ်လုပ်မယ့် အဝတ်အထည်တွေကို မိတ်ဆက်လိုက်ပါတယ်။ ဒီနှစ်ဖြန့်ချိမယ့် ဆောင်းရာသီဖက်ရှင်တွေမှာတော့ ဖက်ရှင်ပိုင်းကတစ်ဆင့် နည်းပညာကို အပိုအလိုမရှိ ပေါင်းစပ်ထားတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ “Uniqlo ဟာ ဖက်ရှင်ကုမ္ပဏီမဟုတ်ဘဲ နည်းပညာကုမ္ပဏီဖြစ်တယ်” လို့ Uniqlo တည်ထောင်သူ တာဒါရှိရာနိုင်ပြောခဲ့ပါတယ်။ ဒီနှစ်အတွင်း ထုတ်လုပ်မယ့် အဝတ်အထည် collection တွေမှာ တီရှပ်၊ ဝတ်စုံ၊ ဂျာကင်နဲ့ အားကစားဝတ်စုံတွေအထိ ပါဝင်ပါတယ်။ ဒါ့အပြငင် Heattech နဲ့ Airism လိုမျိုး နည်းပညာအပေါ် အာရုံစိုက်ထားတဲ့ အဝတ်အထည်တွေလည်း ပါဝင်လာပါတယ်။ စိုးထက် Ref: GadgetMatch
Read MoreSony ရဲ့ Xperia 5 II ဖုန်းကို စက်တင်ဘာ ၁၇ ရက်မှာ မိတ်ဆက်မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်က ဖုန်းဓာတ်ပုံတွေ ထွက်ပေါ်လာခဲ့ပါတယ်။ အခုဆိုရင်တော့ ဖုန်းရဲ့ Geekbench စမ်းသပ်ချက်တွေ ထွက်လာပြီး Snapdragon 865 နဲ့အတူ RAM 8GB နဲ့ Android 10 ကိုအသုံးပြုထားပါတယ်။ မော်ဒယ်နံပါတ်က Sony SO-52A ဖြစ်ပါတယ်။ ဒါ့အပြင် သတင်းအချက်အလက် ဖော်ထုတ်သူ Evan Blass ကလည်း ဖုန်းပုံများစွာကို ထုတ်ပြန်ခဲ့ပါတယ်။ သရုပ်ဖော်ပုံတွေမှာ မျက်နှာပြင် ၆.၁ လက်မ FHD+ OLED display နဲ့အတူ 21:9 aspect ratio ပါဝင်လာပါတယ်။ ဒါ့အပြင် 120Hz refresh […]
Read Moreဩစတြေးလျဈေးကွက် ပြိုင်ဆိုင်မှုနဲ့ စားသုံးသူကော်မရှင် (ACCC) ဟာ ဩစတြေးလျ သတင်းထုတ်ဝေရေးတွေက ဂျာနယ်လစ်တွေအတွက် သင့်တော်တဲ့ ငွေပေးချေမှု ညှိနှိုင်းနိုင်တဲ့ ဥပဒေကြမ်းတစ်ရပ်ကို တင်သွင်းဖို့ရှိပါတယ်။ အဲဒီ ဥပဒေကြမ်းကြောင့် Facebook နဲ့ ဩစတြေးလျ စည်းမျဉ်းထိန်းသိမ်းသူ အကြား သဘောထားကွဲလွဲမှု ရှိလာပါတယ်။ Facebook ရဲ့ ဩစတြေးလျ စီမံခန့်ခွဲရေးဒါရိုက်တာ ဝဲအီစတန်ကတော့ စည်းမျဉ်းတွေက အင်တာနက်အင်အားကို နားလည်မှု လွဲမှားနိုင်ကာ အစိုးရက ကာကွယ်ပေးဖို့ ကြိုးစားတဲ့ သတင်းအဖွဲ့အစည်းအပေါ် နစ်နာနိုင်တယ်လို့ ပြောထားပါတယ်။ Facebook အနေနဲ့ ဩစတြေးလျ သတင်းကုမ္ပဏီတွေအပေါ် ဒေါ်လာသန်းပေါင်းများစွာ ရင်းနှီးမြှုပ်နှံထားပါတယ်။ “ACCC က Facebook ဟာ ထုတ်ဝေသူနဲ့ ဆက်ဆံရေးကြောင့် အကျိုးအမြတ်များစွာ ရနေတယ်လို့ ထင်ထားပါတယ်။ တကယ်တော့ ပြောင်းပြန်ပါပဲ။ သတင်းတွေက […]
Read Moreမြန်မာနိုင်ငံဆိုင်ရာ ဂျာမန်စက်မှုနှင့် စီးပွားရေးကိုယ်စားလှယ်အဖွဲ့ (AHK Myanmar) က Industry 4.0 in Myanmar ခေါင်းစဉ်နဲ့ အွန်လိုင်းဆွေးနွေးပွဲကို သြဂုတ် ၃၁ ရက်က နေပြည်တော်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံ အနေဖြင့် မိုဘိုင်းဆက်သွယ်ရေး၊ ငွေကြေးဆက်သွယ်ရေး၊ အီလက်ထရောနစ်စီးပွားရေးနှင့် စမတ်စီးတီးနယ်ပယ်များတွင် ဒီဂျစ်တယ်နည်းပညာကို အသုံးပြုလုပ်ကိုင်လျက် တိုးတက်မှုများကို မြင်တွေ့နေရကြောင်း၊ ယခုကဲ့သို့ COVID-19 ကပ်ရောဂါဘေးကာလတွင် သင်ယူမှုအခွင့်အလမ်း မဆုံးရှုံးရေး အတွက် အွန်လိုင်းသင်ယူမှုနှင့် ပေါင်းစပ်သင်ယူမှုတို့သည် အရေးပါသည်မှာ မှန်သော်လည်း ၂၁ ရာစု အရည်အသွေးများအတွက် အရည်အသွေးပြည့်ဝသောဆရာများနှင့် စာသင်ခန်းတွင်း သင်ယူရေး၊ ကျောင်းသားများ၏ Soft Skills များကို မြှင့်တင်ပေးရေးတို့မှာလည်း အရေးပါသော ကဏ္ဍတစ်ရပ်အဖြစ် ရပ်တည်နေဆဲဖြစ်ကြောင်း၊ Industry 4.0 ခေတ်ကာလတွင် အလုပ်အကိုင် […]
Read Moreပညာရေးဝန်ကြီးဌာနနဲ့ အိန္ဒိယသံရုံးတို့အကြား စာကြည့်တိုက်ပစ္စည်းတွေနဲ့ ဆော့ဖ်ဝဲများထောက်ပံ့ရေးဆိုင်ရာ သဘောတူညီချက်လက်မှတ်ရေးထိုးပွဲကို သြဂုတ် ၃၁ ရက်က ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဂျပန်နိုင်ငံအစိုးရ အကူအညီနဲ့ ရခိုင်ပြည်နယ် စစ်တွေ၊ မာန်အောင်၊ပေါက်တော၊ မောင်တောနဲ့ မြေပုံမြို့နယ်များမှာ တည်ဆောက်ခဲ့တဲ့ ကျောင်း ၁၅ ကျောင်းမှာ အိန္ဒိယနိုင်ငံအစိုးရရဲ့အထောက်အပံ့နဲ့ ပညာရေးဝန်ကြီးဌာနနဲ့ အိန္ဒိယသံရုံးတို့အကြား စာကြည့်တိုက်ပစ္စည်းတွေနဲ့ ဆော့ဖ်ဝဲများထောက်ပံ့ရန် သဘောတူညီခဲ့ခြင်းဖြစ်ပါတယ်။ အဆိုပါ သဘောတူညီချက်ကို မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံအမတ်ကြီးH.E. Mr. Saurabh Kumar နဲ့ ပညာရေးဝန်ကြီးဌာန၊အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးကိုလေးဝင်းတို့လက်မှတ်ရေးထိုးခဲ့ကြပြီး အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ဒုတိယအမြဲတမ်းအတွင်းဝန်နဲ့ မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါတယ်။ -သန္တာ »»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် […]
Read Moreအခုဆိုရင် Netflix ရဲ့ content တွေကို account မလိုဘဲ ကြည့်နိုင်ပါတော့မယ်။ အရင်တုန်းကဆိုရင် Netflix မှာ ရုပ်ရှင်တွေ ကြည့်ဖို့ အခမဲ့ အသုံးပြုခွင့် တစ်လရရှိဖို့ sign up လုပ်ရပါတယ်။ Netflix ရဲ့ account မလိုဘဲ ကြည့်နိုင်တဲ့ အစီအစဉ်အသစ်ကြောင့် Stranger Things နဲ့ Bird box တို့ကို ကြည့်နိုင်ပါတယ်။ Account မလိုဘဲ ကြည့်နိုင်တဲ့ ရုပ်ရှင်နဲ့ တီဗီအစီအစဉ်တွေကို အောက်မှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ တီဗီအစီအစဉ်ဆိုရင် ပထမပိုင်းတစ်ပိုင်းတည်း ကြည့်နိုင်ပါတယ်။ Android ဖုန်းမှာ browser ဒါမှမဟုတ် desktop မှာ browser အသုံးပြုပြီး https://www.netflix.com/mm/watch-free ဒီစာမျက်နှာကို ဝင်ရောက်လည်ပတ်ကာ ရုပ်ရှင်နဲ့ တီဗီအစီအစဉ်တွေ တိုက်ရိုက်ကြည့်နိုင်ပါတယ်။ […]
Read MoreOPPO Watch မှာ Dual-Curved Display ကို အသုံးပြုထားပြီး Display မှာ AMOLED flexible capacitive touchscreen ဖြစ်ပါတယ်။ စကရင်အရွယ်အစားက ၁.၉၁ လက်မ ရှိပြီး Schott Glass နဲ့ ခိုင်မာတဲ့ Corning Gorilla Glass ကို အသုံးပြုထားတဲ့အတွက် ထိခိုက်မှုတွေကို ခံနိုင်ရည်ရှိစေမှာ ဖြစ်ပါတယ်။ Vivid Display ကိုသုံးထားပြီး မိမိကြိုက်တဲ့ background ကို ထားနိုင်ပါတယ်။ နာရီရဲ့အချိန်ကို မှန်ကန်စေဖို့အတွက် Google ရဲ့ Wear OS ကို အသုံးပြုထားပါတယ်။ မိမိနိုင်ငံရဲ့ အချိန်ကိုသာ Track လုပ်နိုင်ရုံမက နိုင်ငံတကာရဲ့ အချိန်တွေကိုပါ ပြောင်းလဲကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ Watch တိုင်းမှာပါနေတဲ့ […]
Read MoreCopyright © 2021 | Internet Journal