Month: September 2020

သိထားသင့်တဲ့ Android 11 လုံခြုံရေးလုပ်ဆောင်ချက်များ

နောက်ဆုံးထွက်ရှိထားတဲ့ Android 11 ပေါ်မှာ မဖြစ်မနေ သိထားသင့်တဲ့ လုံခြုံရေးနဲ့ တစ်ကိုယ်ရေအချက်အလက်လုံခြုံရေး လုပ်ဆောင်ချက်တွေ ပါဝင်လာပါတယ်။ အဲဒီ feature ကိုအသုံးပြုပြီး စမတ်ဖုန်းပေါ်က ကိုယ်ပိုင်အချက်အလက်တွေကို အချိန်မီ ကာကွယ်ထားလို့ရပါတယ်။ One-Time Permissions ဖုန်းမှာ app တွေအသုံးပြုတဲ့အခါ မိုက်ကရိုဖုန်းနဲ့ ကင်မရာ အသုံးပြုခွင့်ပြုပေးမယ့် app permission လုပ်ငန်းစဉ်ရှိပါတယ်။ Android 11 မှာ app တွေ အသုံးပြုတဲ့အခါမှာ ကင်မရာ (ဒါမှမဟုတ် မိုက်ကရိုဖုန်း ဒါမှမဟုတ် တည်နေရာ) အသုံးပြုခွင့်အတွက် one-time permission ပေးလို့ရပါတယ်။ ဒါကြောင့် နောက်တစ်ကြိမ်သုံးလိုရင် app ကထပ်တောင်းဆိုသွားပါမယ်။ Scoped Storage Scoped Storage ဆိုတာကတာ့ ဖုန်းပေါ်က app တွေက […]

Read More

ရသအိမ် စာစုများ – Ya Tha Eain

ဖုန်းဘေလ်နဲ့ အခမပေး ပရီမီယံဝတ္ထုတွေကို အလွယ်တကူ ဖတ်ရှုနိုင်မယ့် App ဖြစ်ပါတယ်။ နာမည်ကြီးစာရေးဆရာတွေဖြစ်တဲ့ မြသန်းတင့်၊ မင်းခိုက်စိုးစံ၊ ဆရာမောင်ထွန်းသူ အစရှိတဲ့ စာရေးဆရာပေါင်းများစွာရဲ့ ဝတ္ထုတိုပေါင်း ၃၀၀ ကျော်ကို ဖတ်ရှုနိုင်မှာဖြစ်သလို အခမဲ့ ဝတ္ထုတိုတွေကိုလည်း ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။ တယ်လီနော SIM ကတ်အသုံးပြုသူတွေအနေနဲ့ အခပေး ဝတ္ထုတိုဝန်ဆောင်မှုကို အပတ်စဉ် ၁၄၄ ကျပ်နဲ့ ရယူ ဖတ်ရှုနိုင်မှာဖြစ်ပြီး အွန်လိုင်းအခြေပြု App ဖြစ်ပါတယ်။ App ကို Android ver 4.1 နဲ့ အထက်မှာထည့်သွင်းအသုံးပြုနိုင်ပြီးDownload လုပ်ချင်ရင်တော့ ဒီနေရာမှာ download လုပ်နိုင်ပါတယ်။ -ရဲထွဋ်ဝင်း »»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««

Read More

Facebook ပိတ်သိမ်းမယ်လို့ ဒူတာတေး ခြိမ်းခြောက်

Facebook ဟာ ဖိလစ်ပိုင်စစ်တပ်နဲ့ ဆက်စပ်နေတဲ့ account ကွန်ရက်ကို ဖြုတ်ချခဲ့ပါတယ်။ အဲဒီ ဖြစ်ရပ်ကြောင့် ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးက Facebook ကိုဝေဖန်ပြီး နိုင်ငံတွင်းမှာ ပိတ်သိမ်းပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။ ဒူတာတေးက တနင်္လာနေ့က ပြုလုပ်ခဲ့တဲ့ ရုပ်သံမိန့်ခွန်းမှာ Facebook အပေါ် လူသိရှင်ကြား ဝေဖန်ခဲ့ပါတယ်။ အာရှရဲ့ ကာလရှည်ရှိနေတဲ့ ကွန်မြူနစ်သောင်းကျန်းသူတွေကို ရပ်ဖို့ အစိုးရက Facebook ကို အသုံးပြုတာဖြစ်ကြောင်း သမ္မတက ပြောခဲ့ပါတယ်။ Facebook က လူမှုရေးမီဒီယာ စည်းမျဉ်းချိုးဖောက်မှုကြောင့် ဖိလစ်ပိုင်စစ်တပ်နဲ့ဆက်စပ်နေတဲ့ Instagram account တွေအပြင် page နဲ့ account ၁၅၅ ခုပါဝင်တဲ့ ကွန်ရက်ကို ဖယ်ရှားအပြီး သမ္မတ ရုပ်သံမိန့်ခွန်း ပြောခဲ့ပါတယ်။ Facebook ရဲ့ဖော်ပြချက်အရ အဲဒီကွန်ရက်က […]

Read More

ကာလရှည်ပျောက်ဆုံးနေတဲ့ သက်တမ်းရင့် ကွန်ပျူတာလမ်းညွှန်စာအုပ် ပြန်လည်တွေ့ရှိ

ကမ္ဘာ့ပထမဆုံး ဒီဂျစ်တယ်ကွန်ပျူတာတွေထဲက တစ်ခုရဲ့ ပျောက်ဆုံးနေတဲ့ လမ်းညွှန်စာအုပ်ကို ဇူးရစ်မြို့က စာရွက်စာတမ်းထဲမှာ ပြန်တွေ့ခဲ့ပါတယ်။ အဲဒီ သတင်းကို ကွန်ပျူတာတွက်ချက်မှုဆိုင်ရာ စက်အဖွဲ့အစည်းက အငြိမ်းစား ဇူးရစ်မြို့က ဟောပြောသူ ဟားဘတ်ဘရူဒါရာက blog post မှာရေးသားခဲ့ပါတယ်။ Zuse Z4 ဟာ ကမ္ဘာပေါ်က သက်တမ်းအရင့်ဆုံး ထိန်းသိမ်းထားတဲ့ ဒီဂျစ်တယ်ကွန်ပျူတာ ဖြစ်ပါတယ်။ ၁၉၄၅ ခုနှစ်မှာ တည်ဆောက်ခဲ့တဲ့ Z4 ကွန်ပျူတာအရွယ်အစားကတော့ အခန်းတစ်ခုစာ ရှိပြီး သံလိုက်တိပ်တွေ အသုံးပြုကာ လူတော်တော်များများနဲ့လည်ပတ်ရပါတယ်။ Z4 ကွန်ပျူတာကို မြူးနစ်မြို့ Deutsches ပြတိုက်မှာ အသုံးမပြုဘဲ ထားရှိထားပါတယ်။ သမိုင်းပညာရှင်တွေနဲ့ ပြတိုက်ပညာရှင်တွေကတော့ ကာလရှည်ပျောက်ဆုံးနေတဲ့ ကွန်ပျူတာလမ်းညွှန်စာအုပ်ကြောင့် ကွန်ပျူတာကို အသုံးပြုဖို့ အခက်အခဲ တွေ့ခဲ့ကြပါတယ်။ Z4 ဟာ နာဇီတွေ […]

Read More

ဗီဒီယိုနဲ့ ဓာတ်ပုံတွေ အလိုအလျောက် ဖျက်ပေးမယ့် WhatsApp လုပ်ဆောင်ချက်

WhatsApp ဟာ ပေးပို့ထားတဲ့ ဓာတ်ပုံ၊ ဗီဒီယို ဒါမှမဟုတ် GIF တွေကို တစ်ဖက်လူ ကြည့်ပြီးတာနဲ့ အလိုအလျောက် ဖျက်ပေးမယ့် လုပ်ဆောင်ချက်ကို ဆောင်ရွက်နေပါတယ်။ WhatsApp က အသစ်ဖြန့်ချိမယ့် လုပ်ဆောင်ချက်အသစ် “Expiring Media” ကိုတော့ WhatsApp ကျွမ်းကျင်ပညာရှင်တွေ အင်ဒီအဖွဲ့ WABetaInfo ကတွေ့ခဲ့ပါတယ်။ သုံးစွဲသူတွေက message box ဘေးက ခလုတ်ကို နှိပ်ပြီး မီဒီယာတစ်ခုခု မပို့ခင် feature ကိုဖွင့်ရမယ်လို့ WABetaInfo ကပြောခဲ့ပါတယ်။ လက်ခံရရှိသူက ဓာတ်ပုံ၊ ဗီဒီယိုနဲ့ GIF ကိုမြင်ပြီး chat ထဲက ထွက်လိုက်ရင် အဲဒီ မီဒီယာတွေ ပျောက်သွားပါမယ်။ Expiring Media လုပ်ဆောင်ချက်ကတော့ WhatsApp beta Android […]

Read More

ဆေးဘက်အကူဝန်ထမ်းတွေ အသုံးပြုလာနိုင်တဲ့ Iron Man ရော့ကတ်ဝတ်စုံ

အနာဂတ်မှာ လေကြောင်းဆေးဘက်အကူဝန်ထမ်းတွေက ကျေးလက်လည်ပတ်သူတွေ ဒဏ်ရာရသူနဲ့ လူသူကင်းဝေးတဲ့ တောင်တန်းတွေကြားထဲ ရောက်ရှိသူတွေကို ရှာဖွေကုသဖို့ ရော့ကတ်ကို အသုံးပြုလာနိုင်ပါတယ်။ တီထွင်သူ ရစ်ချတ်ဘရောင်နင်က လန်ဒယ်ပိုက်ဒေသမှာ ရော့ကတ်ဝတ်စုံကို စမ်းသပ်ခဲ့ပါတယ်။ သူဟာ ကျေးလက်ရှုခင်းကြည့်ဖို့ လမ်းလျှောက်သူအဖွဲ့ကို ရှာဖွေဖို့ အမြင့်ပေ၂၀ ကနေ ခက်ခဲတဲ့ မြေပြင်အနေအထား အပေါ်စီးကနေ ပျံသန်းခဲ့ပါတယ်။ စမ်းသပ်မှု တစ်စိတ်တစ်ပိုင်း အဖြစ် ၈ မိနစ်အောက်နဲ့ ပေ ၃,၁၁၇ မြင့်မားတဲ့ ဟယ်ဗီလင်တောင်ထိပ်ဆီကိုလည်း တက်လှမ်းပြခဲ့ပါတယ်။ အဲဒီ အမြင့်ပေကို ခြေကျင်တက်ရောက်မယ် ဆိုရင်တော့ တစ်နာရီလောက် ကြာမြင့်နိုင်ပါတယ်။ GNAAS အဖွဲ့ကတော့ ဘရောင်နင်ရဲ့ဝတ်စုံကို အသုံးပြုဖို့ ဆွေးနွေးနေပါတယ်။ စမ်းသပ်ပျံသန်းမှုတွေကိုတော့ တစ်နှစ်ကျော်လုပ်ဆောင်ပြီး လာမယ့်နွေရာသီ အစောပိုင်းမှာ တရားဝင် အသုံးပြုနိုင်ပါမယ်။ Marvel Iron Man […]

Read More

ယနေ့ည မိတ်ဆက်မယ့် Pixel 5 နဲ့ Pixel 4a 5G မှာ ဘာတွေ ပါဝင်လာနိုင်မလဲ

Google ကတော့ ဒီနေ့မှာ ပြုလုပ်မယ့် Launch Night In ပွဲမှာ အားလပ်ရက်အတွင်း ရောင်းချမယ့် Pixel ထုတ်ကုန်တွေကို မိတ်ဆက်ပါမယ်။ Google က ပွဲအတွင်း မိတ်ဆက်မယ့် Pixel 5 နဲ့ Pixel 4a 5G တွေနဲ့ ပတ်သက်ပြီး ထွက်ပေါ်ခဲ့တဲ့ ပေါက်ကြားမှုနဲ့ ကောလာဟလတွေကို အောက်မှာ ဖော်ပြပေးပါမယ်။ Google ဟာ Launch Night In ပွဲအတွင်းမှာ ပြန်လည်ဒီဇိုင်းထုတ်ထားတဲ့ Chromecast ကိုလည်း မိတ်ဆက်နိုင်ပါတယ်။ Pixel 5 သတင်းတွေအရ ဒီနှစ် မိတ်ဆက်မယ့် Pixel 5 မှာ ထိပ်တန်း chipset မပါဝင်နိုင်ပါဘူး။ Pixel 5 ဒီဇိုင်းကလည်း Pixel […]

Read More

Facebook ဝန်ဆောင်မှုအမျိုးမျိုးမှာ post တင်နိုင်မယ့် Accounts Center

Facebook ဟာ ကိုယ်ပိုင် platform အမျိုးမျိုးမှာ post တင်နိုင်မယ့် Accounts Center အမည်ရ portal ကို မိတ်ဆက်လိုက်ပါတယ်။ Accounts Center ကတော့ စုပေါင်း interface ကတစ်ဆင့် Messenger အပါအဝင် Facebook ပိုင်ဆိုင်တဲ့ app တွေအတွက် account အသေးစိတ် စီမံနိုင်တယ်လို့ ကုမ္ပဏီက ပြောခဲ့ပါတယ်။ ဒါ့အပြင် ငွေပေးချေမှု ပြုလုပ်တာအပြင် (ဒီနှစ် နှောင်းပိုင်းမှာ Facebook Pay ပါဝင်) platform တွေမှာ post တင်နိုင်ပါတယ်။ Facebook ရဲ့ Accounts Center က password မေ့နေတဲ့ account တွေကိုလည်း အလွယ်တကူ recovery ပြန်လုပ်နိုင်ပါတယ်။ Accounts […]

Read More

ကမ္ဘာ့ပထမဆုံး ခေါက်ထားနိုင်တဲ့ laptop

Lenovo ကတော့ ကမ္ဘာ့ပထမဆုံး ခေါက်လို့ရတဲ့ ThinkPad X1 Fold laptop ကိုတော့ ကြိုတင်မှာယူနိုင်ပါပြီ။ ဈေးနှုန်းကတော့ ဒေါ်လာ ၂,၄၉၉ ကျသင့်ပါမယ်။ Lenovo ရဲ့ Think X1 Fold ကတော့ ၂၀၂၀ အစောပိုင်းမှာ သရုပ်ပြသခဲ့တဲ့ ThinkPad concept ဖြစ်ပါတယ်။ ၉ လ အကြာမှာတော့ ThinkPad X1 Fold ထွက်လာပါတယ်။ မျက်နှာပြင် ၁၃ လက်မ laptop နဲ့ tablet ပုံစံ ထုတ်ကုန်မှာ OLED touchscreen အသုံးပြုထားပြီး ရုပ်ထွက်အရည်အသွေး 2048x 1536 ဖြစ်ပါတယ်။ Windows tablet ဒါမှမဟုတ် laptop အဖြစ် အသုံးပြုနိုင်ပြီး သီးသန့် […]

Read More