Day: August 31, 2020

vivo ရဲ့ Tik Tok ပြိုင်ပွဲအစီအစဉ်မှာ အနိုင်ရသူများထွက်ပေါ်လာ

vivo မှ Tik Tok ပြိုင်ပွဲအစီအစဉ် တစ်ခုကို ဩဂုတ် ၁၅ ရက် မှ ၂၉ ရက်အထိ vivo Myanmar Facebook page မှာပြုလုပ်ခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာ ပထမဆုကို @PhyoEiSan ကရရှိခဲ့ပြီး vivo S1Prime Limited Edition ဖုန်း ကို ပေးအပ်ချီးမြှင့်ခဲ့သလို အခြားဆုရရှိသူတွေကိုလည်း vivo S1Prime Limited Edition Gift Set တွေ အသီးသီးပေးအပ်ခဲ့ပါတယ်။ ဆုရရှိသူတွေကို သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ကိုက်ညီပြီး အလှဆုံးကပြနိုင်ခဲ့သူတွေကို ရွေးချယ်ခဲ့တာပဲဖြစ်တယ်လို့ သိရပါတယ်။ vivo S1 Prime မှာ ထူးခြားဆန်းပြားပြီး ရုပ်ရှင်ကြည့်ရှုခြင်းအတွက် အကောင်းဆုံးအတွေ့အကြုံ ကို ပေးစွမ်းနိုင်စေဖို့ ၆.၃၈ လက်မအရွယ်ရှိ Full […]

Read More

Full MBA Scholarship အတွက် လျှောက်လွှာလက်ခံရက် တိုးမြှင့်

𝗧𝗲𝗹𝗲𝗻𝗼𝗿 𝗠𝘆𝗮𝗻𝗺𝗮𝗿 နဲ့ 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗠𝗲𝘁𝗿𝗼𝗽𝗼𝗹𝗶𝘁𝗮𝗻 𝗖𝗼𝗹𝗹𝗲𝗴𝗲 (𝗠𝗠𝗖) တို့ပူးပေါင်းစီစဉ်တဲ့ 𝗙𝘂𝗹𝗹 𝗠𝗕𝗔 𝗦𝗰𝗵𝗼𝗹𝗮𝗿𝘀𝗵𝗶𝗽 အတွက် လျှောက်လွှာလက်ခံမယ့် ရက်ကို စက်တင်ဘာ ၁၄ ရက်အထိ တိုးမြှင့်သတ်မှတ်လိုက်တယ်လို့ သိရပါတယ်။ ယခင်က သြဂုတ် ၃၁ ရက်သတ်မှတ်ထားပြီး စက်တင်ဘာ ၁၄ ရက် အထိ တိုးမြှင့်လိုက်တာ ဖြစ်ပါတယ်။ အဆိုပါ ပညာသင်ဆုမှာ Telenor Myanmar နဲ့ Myanmar Metropolitan College (MMC) မှ မြန်မာနိုင်ငံမှာ လူ့စွမ်းအား အရင်းအမြစ်တွေကို ကောင်းမွန်တဲ့ သင်ကြားမှုနဲ့ အတွေ့အကြုံများမှ တစ်ဆင့် တိုးတက်လာအောင် စီစဉ်တင်ဆက်ခြင်း ဖြစ်ပြီး Full MBA Scholarship ဆွတ်ခူးရရှိသူဟာ Switzerland နိုင်ငံရှိ […]

Read More

ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၏ ဂျပန်ဘာသာစကားဆိုင်ရာ ဗီဒီယိုများကို YouTube တွင်ကြည့်ရှုနိုင်မည်

ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ရဲ့ ဂျပန်ဘာသာစကားဆိုင်ရာ ဗီဒီယိုတွေကို YouTube မှာကြည့်ရှုနိုင်မယ်လို့ သိရပါတယ်။ The Japan Foundation, Yangon အမည်ဖြင့် YouTube channel မှာ ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ရဲ့ ပြုလုပ်နေတဲ့ အစီအစဥ်တွေ၊ ပရိုဂရမ်တွေနဲ့ ပတ်သက်ပြီး သိရှိနိုင်ဖို့နဲ့ ဂျပန်ဘာသာစကား၊ ဂျပန်ယဥ်ကျေးမှုအကြောင်း ဗီဒီယိုတွေကိုလေ့လာနိုင်မှာဖြစ်ပါတယ်။ ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ရဲ့ ဂျပန်ဘာသာစကား၊ ဂျပန်ရေးရာနဲ့ ဂျပန်ယဉ်ကျေးမှုနဲ့ဆိုင်တဲ့ အကြောင်းအရာ၊ အချက်အလက်များကို ဖေ့စ်ဘွတ်ခ်နဲ့ ဝက်ဘ်ဆိုက်တွေမှာ ကြည့်ရှုနိုင်မှာ ဖြစ်ပြီး ယခုလက်ရှိ YouTube Channel မှာ ဗီဒီယိုပေါင်း ၂၀ ကျော်ခန့်ကို ကြည့်ရှုနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ -သန္တာ »»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription […]

Read More

COVID-19 သတင်းအမှားနှင့် ပတ်သက်ပြီး Tea Talks ကို ယနေ့ပြုလုပ်မည်

COVID-19 သတင်းအမှားနဲ့ ပတ်သက်ပြီး Cyber BayKin မှ လက်ဖက်ရည် စကားဝိုင်း – Tea Talks ကို ယနေ့ ညနေ (၆) နာရီမှာ ထုတ်လွှင့်သွားမှာ ဖြစ်တဲ့အတွက် Cyber BayKin ရဲ့ FB စာမျက်နှာမှာ စောင့်ကြည့်နိုင်မယ်လို့ သိရပါတယ်။ ဒီအစီအစဉ်ကို Cyber BayKin မှ လက်ဖက်ရည် စကားဝိုင်း – Tea Talks နဲ့ ပူးပေါင်းတင်ဆက်တာဖြစ်ပြီး Webinar အပိုင်း (၂) ကို ထုတ်လွှင့်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ထုတ်လွှင့်မယ့် အပိုင်း (၂) မှာ ဦးရဲသူရသက်က သတင်းမှားတွေ ဘယ်လို လျင်မြန်စွာ ပျံ့နှံ့နေလဲဆိုတာကို လူနာ- ၃၁၁ ပြဿနာနဲ့ ဥပမာ‌ပေး […]

Read More

Panasonic PT-VMZ60 Projector

6000 Lumen Brightness လင်းအားရှိတဲ့ Projector Lamp အသုံးပြုထားပြီး သာမန်အလင်းရောင်ရှိတဲ့ နေရာတွေမှာ မီးပိတ်စရာမလိုဘဲ အသုံးပြုနိုင်မယ့် Panasonic PT-VMZ60 Projector ဖြစ်ပါတယ်။ ခန်းမ ၊စာသင်ခန်း၊ ပြတိုက်နဲ့ အစည်းအဝေးခန်းမ စတာတွေရဲ့ လိုအပ်ချက်မျိုးစုံနဲ့ ကိုက်ညီမှုရှိတယ်လို့ သိရပါတယ်။Light source- Laser diodes, Display method- Transparent LCD panel (x 3, R/G/B) အခြေခံထားပြီး Max Brightness ကတော့ 6000 Lumens အထိ ရရှိမှာဖြစ်ပါတယ်။ Maximum Resolution – 2,304,000 (1920 x 1200) x 3, total of 6,912,000 pixels […]

Read More