Day: August 29, 2020

ပြည်ထောင်စုအဆင့် လွှတ်တော်သုံးရပ်သို့ SMS Managing Software လှူဒါန်း

ပြည်ထောင်စုအဆင့် လွှတ်တော်(၃) ရပ်ကို Digital Integrated Marketing နည်းပညာကုမ္ပဏီမှ စာတိုပေးပို့မှုကို စီမံခန့်ခွဲနိုင်တဲ့ SMS Managing Software ပေးအပ်လှူဒါန်းခဲ့တယ်လို့ ပြည်ထောင်စုလွှတ်တော်ရုံးကနေပြီး သတင်းထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါ SMS Managing Software ကို Digital Integrated Marketing နည်းပညာကုမ္ပဏီကနေပြီး ဩဂုတ်လ ၂၈ ရက်က ပေးအပ်လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။SMS Managing Software တန်ဖိုးမှာ တစ်ခုလျှင် အမေရိကန်ဒေါ်လာ ၁,၂၀၀ ဖြစ်ပြီး လွှတ်တော်သုံးရပ်ဖြစ်တဲ့ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် တို့ကို လွှတ်တော်တစ်ရပ်အတွက် တစ်ခုစီ လှူဒါန်းခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါ၀င်ပါတယ်။ ၎င်းဆော့ဖ်ဝဲမှာ လွှတ်တော်များအတွင်း e-Parliament ဆိုင်ရာကိစ္စရပ်များ ပေးပို့ဆောင်ရွက်ခြင်း၊ သတင်းအချက်အလက်များ မျှဝေခြင်း၊ အစည်းအဝေးများပြုလုပ်ရန် ဖိတ်ကြားခြင်းနဲ့ […]

Read More

JCUS ၏ ၁၀၀ ရာခိုင်နှုန်း ပညာသင်ဆုကို အမှတ်စာရင်းပေါ်မူတည်ကာ ပေးအပ်မည်

James Cook University Singapore ရဲ့ ၁၀၀ ရာခိုင်နှုန်း ပညာသင်ဆုတွေကို ယခင်ကဲ့သို့ ပညာသင်ဆုစာမေးပွဲတွေနဲ့ စစ်ဆေးခြင်း မပြုလုပ်တော့ဘဲ မြန်မာဆယ်တန်း/iGCSE ကျောင်းသား၊ ကျောင်းသူတွေရဲ့ အမှတ်စာရင်းကို ကြည့်ကာ ပေးအပ်သွားမယ်လို့သိရပါတယ်။ ပညာသင်ဆုကို နိုဝင်ဘာလ ကျောင်းဖွင့်ချိန် တစ်နှစ်စာ (ဘာသာရပ် ၈ ခုစာ)အတွက် ၁၀၀ ရာခိုင်နှုန်း၊ ၅၀ ရာခိုင်နှုန်း၊ ၂၅ ရာခိုင်နှုန်း ပညာသင်ဆုတွေကို ပေးအပ်မှာ ဖြစ်ပါတယ်။ ပညာသင်ဆု လျှောက်ထားလိုသူတွေ အနေနဲ့ ပညာရေးဆိုင်ရာ စာရွက်စာတမ်းများ (အမှတ်စာရင်း၊ အောင်လက်မှတ်) တွေ ယူဆောင်လာရမှာ ဖြစ်ပါတယ်။ JCUS Application Formကို ကိုယ်တိုင်လာရောက် ဖြည့်သွင်းပြီးApplication Fee ဖြစ်တဲ့ စင်ကာပူဒေါ်လာ ၂၅၀ ပေးသွင်းရမှာ ဖြစ်ကာ […]

Read More

Zhiyun-Tech WEEBILL-S Handheld Gimbal Stabilizer

DSLR ကင်မရာ၊ Mirrorless ကင်မရာတွေနဲ့ ဗီဒီယိုရိုက်ကူးရာမှာ တပ်ဆင် အသုံးပြုနိုင်မယ့် Zhiyun-Tech WEEBILL-S Handheld Gimbal Stabilizer ဖြစ်ပါတယ်။ ယခင်မော်ဒယ်လ်ဖြစ်တဲ့ WEEBILL LAB ရဲ့ အပေါ်အောက်တို့မှ လိုသလို ကိုင်တွယ်နိုင်တဲ့ ဒီဇိုင်းကို ထည့်သွင်းထားပြီး ပိုမိုကျစ်လျစ်သိပ်သည်းတဲ့ ဒီဇိုင်းနဲ့ တည်ဆောက်ထားသလို အခြားစွမ်းဆောင်ချက် အသစ်တွေလည်း ပါရှိပါတယ်။အနောက်ဘက်ရှိ လက်ကိုင်ပါဝင်တဲ့အတွက် မိမိအဆင်ပြေတဲ့ အနေအထားကို အလွယ်တကူ ပြောင်းပြီး ကိုင်တွယ်နိုင်ပါတယ်။အဆင့်မြှင့်ပေးထားတဲ့ မော်တာတွေနဲ့ ပိုမိုတည်ငြိမ်မှုရရှိမှာဖြစ်ပြီး Canon 5D Mark IV + 24-70mm lens ကိုတင်ပြီး ကောင်းမွန်စွာထိန်းညှိပေးနိုင်မှာဖြစ်ပါတယ်။ ဝင်ရိုး ၃ ခုစလုံးမှာ ၃၆၀ ဒီကရီလှုပ်ရှားနိုင်တဲ့ Full-Range POV Mode နဲ့ Vortex […]

Read More

Mastercard အနေဖြင့် မြန်မာနိုင်ငံတွင် ပြည်တွင်းအခြေစိုက်ရုံးခွဲအား ဖွင့်လှစ်သွားမည်

Mastercard အနေနဲ့ သီးခြားရုံးခွဲ ဖွင့်လှစ်ရန် စတင်လုပ်ဆောင်လျက်ရှိပြီး မြန်မာနိုင်ငံအတွက် country business development manager တစ်ဦးကို ခန့်အပ်သွားမယ်လို့ သိရပါတယ်။ “မြန်မာနိုင်ငံသူ နိုင်ငံသားများနဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် အချိန်မရွေး ငွေပေးချေမှုများ လုပ်ဆောင်နိုင်ဖို့ အခုလို အမြော်အမြင်ကောင်းနဲ့ ပံ့ပိုးပေးနေပြီး တကယ့်ကို ကောင်းမွန်တဲ့ လုပ်ပိုင်ခွင့် အခွင့်အလမ်းတွေကို ဖန်တီးပေးနေတဲ့အတွက် မြန်မာနိုင်ငံရဲ့ စီးပွားရေးအသွင် ကူးပြောင်းမှုဟာ ပိုမိုကောင်းမွန်တဲ့ အလားအလာများစွာ ရှိနေတာကို မျက်မြင်တွေ့နေရပါတယ်။ Mastercard အနေနဲ့လည်း နှစ်ပေါင်းများစွာကတည်းက ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်းရာကျော်ရဲ့ ငွေပေးချေရေးဂေဟစနစ် ပိုမို အဆင့်မြင့် အားကောင်းလာစေရေး အတွက် လက်တွဲလုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံအတွက် ထားရှိတဲ့ ရည်မှန်းချက်ကလည်း ဒီအတိုင်းပါပဲ။ Mastercard ရဲ့ နိုင်ငံတကာမှာ လက်တွေ့လုပ်ဆောင်နေတဲ့ နည်းလမ်းတွေ နည်းပညာတွေကို […]

Read More

တရုတ်-မြန်မာ ပူးတွဲသုတေသနစီမံကိန်း ၁၀ ခုကို တရုတ်ယွမ် ၁၅ သန်း ထောက်ပံ့မည်

တရုတ်-မြန်မာ ပူးတွဲသုတေသနစီမံကိန်း ၁၀ ခုကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ တရုတ်ယွမ် ၁၅ သန်းထောက်ပံ့မယ့် အစီအစဉ် စတင်လိုက်တယ်လို့ သိရပါတယ်။ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာ ၂၃ ရက်က ကျင်းပခဲ့တဲ့ ပထမအကြိမ် သိပ္ပံနှင့်နည်းပညာပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ တရုတ်-မြန်မာ ပူးတွဲ ကော်မတီအစည်းအဝေးဆုံးဖြတ်ချက်အရ ရွေးချယ်ထားတဲ့ ပူးတွဲသုတေသနစီမံကိန်း ၁၀ ခုကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ တရုတ်ယွမ် ၁၅ သန်းထောက်ပံ့မည့် အစီအစဉ် စတင်ခြင်း အထိမ်းအမှတ် ကျင်းပခြင်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံမှ မြန်မာကျောင်းသားများအတွက် နှစ်စဉ်ပညာသင်ဆုများ ချီးမြှင့်ခြင်း အတွက် ကျေးဇူးတင်ရှိကြောင်း၊ပထမအကြိမ် တရုတ်-မြန်မာ ပူးတွဲသုတေသနစီမံကိန်းများတွင် စိုက်ပျိုးရေးကဏ္ဍ၊ သောက်သုံးရေ သန့်ရှင်းလုံခြုံရေးကဏ္ဍ၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍ၊ တိုင်းရင်းဆေးပညာကဏ္ဍ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍ၊ သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် ကာကွယ်ရေးကဏ္ဍနှင့် တိကျစွာတိုင်းတာခြင်းနည်းပညာနှင့် စံချိန်စံညွှန်းဆိုင်ရာ စွမ်းရည်မြှင့်တင်ရေးကဏ္ဍတို့မှ […]

Read More