Day: August 26, 2020

LG Wing ဖုန်း ဗီဒီယို ထွက်ပေါ်

ဒီနှစ်အစောပိုင်းမှာ LG ဟာ ဆုံလည်ဒီဇိုင်း လျှို့ဝှက်အမည်ရ Wing မျက်နှာပြင် ၂ ခုပါတဲ့ ဖုန်းကို လုပ်ကိုင်နေတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ အခုဆိုရင် ဖုန်းရဲ့ သီးသန့် ဗီဒီယိုတစ်ခု ပေါက်ကြားထွက်ပေါ်လာတာကို Android Authority က ဖော်ပြခဲ့ပါတယ်။ အရင်ကထွက်လာတဲ့ Wing ရှေ့ပြေးပုံစံဖုန်းမှာ အလျားလိုက်မျက်နှာပြင်အောက်မှာ မျက်နှာအသေးတစ်ခု ပါဝင်တာကို တွေ့ရပါတယ်။ ပေါက်ကြားထွက်ပေါ်တဲ့ ဗီဒီယိုမှာလည်း အဓိက မျက်နှာပြင်ကို ဒေါင်လိုက်ထောင်ပြီး ဘေးဘက်မှာ ဒုတိယမျက်နှာပြင်ကို တွေ့ရပါတယ်။ ဗီဒီယိုမှာ ယာဉ်မောင်းတစ်ဦးက မျက်နှာပြင်အကြီးမှာ GPS လမ်းညွှန်စနစ်ကို အသုံးပြုပြီး ဒုတိယမျက်နှာပြင်မှာတော့ music control တွေကိုအသုံးပြုနေပါတယ်။ ဖုန်းခေါ်ဆိုမှုဝင်လာတဲ့အခါ ပိုသေးငယ်တဲ့ display က တာဝန်လွှဲပြောင်းယူသွားပါတယ်။ -စိုးထက် Ref: TheVerge »»» […]

Read More

အခန်းအလှဆင်ဖို့ အထောက်အကူပေးမယ့် Amazon ရဲ့ AR လုပ်ဆောင်ချက်

Amazon ဟာ အခန်းတွင်း ဘယ်လို ပရိဘောဂတွေ ထည့်သွင်းမလဲဆိုတာ သိရှိနိုင်ဖို့ augmented reality ဈေးဝယ် tool တွေကို ဖြန့်ချိထားပါတယ်။ Amazon ဟာ ၂၀၁၇ လောက်ကတည်းက AR View နဲ့အတူ AR ဈေးဝယ်လုပ်ဆောင်ချက်ကို ထည့်သွင်းထားပါတယ်။ ဈေးဝယ်သူတွေက ဖုန်းကင်မရာကို အသုံးပြုပြီး အိမ်တွင်းမှာ ပရိဘောဂ 3D ပုံရိပ်တွေကို မြင်နိုင်ပါတယ်။ တစ်ကြိမ်မှာ ဝယ်ယူမယ့် ကုန်ပစ္စည်းတစ်ခုကိုပဲ ကြည့်နိုင်ပါတယ်။ အခုဆိုရင် Amazon က AR လုပ်ဆောင်ချက်ကို အခန်းအလှဆင် tool တွေနဲ့ တိုးချဲ့နိုင်ပါတယ်။ ဈေးဝယ်သူတွေက အခန်းတစ်ခုထဲမှာပဲ ပရိဘောဂများစွာကို အိမ်နဲ့ လိုက်ဖက်မှုရှိ၊ မရှိ ကြည့်နိုင်ပါတယ်။ ဒါ့အပြင် မိုဘိုင်း ဒါမှမဟုတ် desktop […]

Read More

Instagram လိုမျိုး Shop tab ကို Facebook ထည့်သွင်းမယ်

Facebook ဟာ e-commerce လုပ်ငန်းအပေါ် ရင်းနှီးထားပြီး အဓိက app အတွင်း ဈေးဝယ်နိုင်မယ့် Shop tab ကိုထည့်သွင်းပါမယ်။ Facebook ရဲ့လုပ်ဆောင်ချက်က Instagram အတွင်းက လုပ်ဆောင်ချက်နဲ့ တူပါတယ်။ အမေရိကန်မှာ စမ်းသပ်မှုအဖြစ် Facebook Shop ကိုဖြန့်ချိလိုက်ပါတယ်။ အဓိက Facebook app အတွင်း လူတွေက ထုတ်ကုန်တွေကို ဝယ်ယူနိုင်ပါမယ်။ တစ်ချိန်တည်းမှာပဲ Facebook ဟာ Shops ထုတ်ကုန်ကို တိုးချဲ့နေပြီး ဒီနှစ်အစောပိုင်းမှာ ဖြန့်ချိခဲ့ပါတယ်။ Facebook နဲ့ Instagram မှာ ထုတ်ကုန်တွေ ရောင်းချနိုင်မယ့် လုပ်ဆောင်ချက်ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းက လုပ်ငန်းတွေအားလုံး အသုံးပြုနိုင်သလို လုပ်ဆောင်ချက်မှာ customization ရွေးချယ်ခွင့်၊ message နဲ့ ရလဒ်ကိုတိုင်းတာမယ့် insight […]

Read More

အခြေခံပညာအထက်တန်းကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများ ယာယီပိတ်မည်

COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကြောင့် တစ်နိုင်ငံလုံးရှိ အခြေခံပညာအထက်တန်းကျောင်းတွေနဲ့ ကိုယ်ပိုင်ကျောင်းများ အားလုံးကို သြဂုတ် ၂၇ ရက်မှ စတင်ကာ ယာယီပိတ်မယ်လို့ သိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အထက်တန်းကျောင်း ၄၀၈ ကျောင်းနဲ့ ကိုယ်ပိုင်ကျောင်း ၁၈၉ ကျောင်းကို သြဂုတ် ၂၇ ရက် မှ စတင်ကာ ယာယီပိတ်မယ်လို့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားခဲ့ပါတယ်။ ယခုလက်ရှိမှာ အခြေခံပညာအထက်တန်းကျောင်းများ ပြန်လည်ဖွင့်လှစ်ရာတွင် ၂၀၂၀ ခုနှစ် ဇူလိုင်လ ၂၁ ရက်မှ သြဂုတ် ၁၆ ရက်ထိ အဆင်သင့်ဖြစ်သော A အဆင့်ရရှိတဲ့ ကျောင်းပေါင်း ၄၆၇၅ ကျောင်း ပြန်လည်ဖွင့်လှစ်ခွင့်ပြုထားခဲ့တာ ဖြစ်ပါတယ်။ -သန္တာ »»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet […]

Read More

Facebook က News tab ကို တိုးချဲ့ဖြန့်ချိမယ်

Facebook ဟာ လာမယ့်လအတွင်း ယူကေ၊ ဂျာမနီ၊ ပြင်သစ်၊ အိန္ဒိယနဲ့ ဘရာဇီးတို့အတွက် သတင်းဝန်ဆောင်မှုကို ဖြန့်ချိဖို့ စီစဉ်နေပါတယ်။ Facebook ဟာ ပြီးခဲ့တဲ့နှစ်က အမေရိကန်မှာ News ကဏ္ဍကို မိတ်ဆက်ခဲ့ပါတယ်။ Facebook ရဲ့သတင်းဝန်ဆောင်မှုမှာ အမေရိကန်သတင်းဌာနတွေပဲ ပါဝင်ပြီး မူရင်းသတင်းတင်ဆက်မှုကို သတင်းဌာန ၂၀၀ က တင်ဆက်နေပါတယ်။ ဒါ့အပြင် ဒေသတွင်း သတင်းအဖွဲ့အစည်း ထောင်ပေါင်းများစွာလည်း ပါဝင်လာပါတယ်။ လစဉ်သုံးစွဲသူ ၂.၇ ဘီလျံရှိတဲ့ Facebook မှာ သတင်းတုနဲ့ သတင်းအချက်အလက် မှားယွင်းစွာ ဖြန့်ချိတဲ့ လုပ်ဆောင်ချက်တွေကြောင့် ဝေဖန်ခံနေရပါတယ်။ ဝေဖန်မှုတွေကြောင့် Facebook စီအီးအို မာ့ခ်ဇူကာဘတ်ကတော့ feed ထဲမှာ ယုံကြည်ရတဲ့ သတင်းတွေ ဦးစားပေးသွားမယ်လို့ ပြောထားပါတယ်။ -စိုးထက် Ref: […]

Read More

အူရီဒူး မှ “Winning Wheel” Mega Promo အစီအစဉ် မိတ်ဆက်

အူရီဒူးမြန်မာက “WINNING WHEEL“ Mega Promo အစီအစဉ်ကို မိတ်ဆက်လိုက်ပါတယ်။ Star Talk, Vuclip, Gamedom, Top Doctors Online (TDO), Nazara တို့နဲ့ ပူးပေါင်းပြီး အဆိုပါ ဝန်ဆောင်မှုများထဲမှ နှစ်သက်ရာဝန်ဆောင်မှု တစ်ခုကို စာရင်းသွင်းလိုက်ရုံနဲ့ WINNING WHEEL ကို ဗလာမပါ ကံစမ်းကစားခွင့်ရမှာဖြစ်ပြီး နေ့စဉ် KAMAX Dream မော်တော်ဆိုင်ကယ် (၁) စီးအပြင် Mi Band တွေနဲ့ အခြားဆုမဲများအဖြစ် Ooredoo Music ကို (၇) ရက် အခမဲ့အသုံးပြုခွင့်၊ ဒေတာလက်ဆောင်နဲ့ ဖုန်းငွေလက်ဆောင်များစွာကို ကံထူးနိုင်မှာဖြစ်ပါတယ်။ »»» အင်တာနက်ဂျာနယ်ကနေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ […]

Read More

ဂျပန်နိုင်ငံ JDS ၏ MBA ပညာသင်ဆုအတွက် လျှောက်လွှာခေါ်ယူ

The Project for Human Resource Development Scholarship by Japanese Grant Aid (JDS) in Myanmar 2020 (for AY 2021-2022) အစီအစဉ်နဲ့ Master of Business Administration (MBA) ပညာသင်ဆုများ ပေးအပ်သွားမယ်လို့ သိရပါတယ်။ ပညာသင်ဆုပေးအပ်မယ့် တက္ကသိုလ်က Ritsumeikan Asia Pacific University (APU) ဖြစ်ပြီး တက်ရောက်ခွင့် ရရှိပါက ကုန်ကျစရိတ် အဝဝကို ဂျပန်နိုင်ငံအစိုးရမှ ကျခံပေးမှာ ဖြစ်ပါတယ်။ လျှောက်ထားသူတွေဟာ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်သူတွေ၊အသက် (၂၂) နှစ်ထက်မငယ်၊(၄၀) နှစ် ထက် မကြီးသူတွေ၊ လက်ရှိလုပ်ငန်းခွင်အတွင်းမှာ လုပ်သက်အတွေ့အကြုံ ၂ နှစ် (သို့) ၂ […]

Read More

ဗြိတိသျှကောင်စီ၏ အင်္ဂလိပ်စာသင်ကြားရေး ရုပ်မြင်သံကြားအစီအစဉ် မြန်မာ့ပညာရေးရုပ်သံလိုင်း တွင်ပြသမည်

ဗြိတိသျှကောင်စီနဲ့ ဘီဘီစီတို့ ပူးတွဲပြုစုပြီး ရိုက်ကူးထုတ်လုပ်ထားတဲ့ Word on the Street လို့အမည်ပေးထားတဲ့ အင်္ဂလိပ်ဘာသာစကားသင်ကြားရေးနဲ့ ပတ်သက်ပြီး စိတ်ပါဝင်စားဖွယ်ရာ ရုပ်မြင်သံကြားအစီအစဉ်တစ်ခုကို မြန်မာ့ပညာရေးရုပ်သံလိုင်း (Myanmar Education channel) မှ သြဂုတ် ၂၄ ရက် မှစတင်၍ အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူးနဲ့ သောကြာ နံနက် ၁၀ နာရီခွဲမှာ ထုတ်လွှင့်ပြသသွားမှာဖြစ်တယ်လို့ ဗြိတိသျှကောင်စီမှ သိရပါတယ်။ နေ့စဉ်သုံး အင်္ဂလိပ်ဘာသာစကား အသုံးပြုပုံကို သင်ခန်းစာတစ်ခုကို နာရီဝက်ကြာမြင့်ပြီး သင်ခန်းစာ ၁၀ ခုပါဝင်တဲ့ အဆိုပါသင်ခန်းစာ အစီအစဉ်မှာ လေ့လာနိုင်မှာဖြစ်ပြီး ဗြိတိသျှလူငယ်ယဉ်ကျေးမှုရဲ့ တက်ကြွတဲ့အပိုင်းကဏ္ဍတွေကို တင်ပြထားပါတယ်။ သင်ခန်းစာတစ်ခုစီကို ယူကေနိုင်ငံအတွင်း မတူညီတဲ့ နေရာတွေမှာ ရိုက်ကူးထားပြီး သင်ယူသူများ အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှုများ တိုးတက်ကောင်းမွန်စေရေး အထောက်အကူပြုရန် […]

Read More

အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်မှ Messenger Chatbot ကိုမိတ်ဆက်

အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ် (National Management Degree College) နဲ့ ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကို မေးမြန်းနိုင်တဲ့ NMDC Messenger Chatbot ကို စတင်လိုက်တယ်လို့ အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ်ရဲ့ တရားဝင် FB စာမျက်နှာကနေ ထုတ်ပြန်ထားပါတယ်။ အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ်ရဲ့ Messenger Chatbot ကို NMDCSU က ဦးဆောင်ဖန်တီးထားတာဖြစ်ပြီး College အကြောင်း၊ Bachelor Program များအကြောင်း၊ သင်တန်းများအကြောင်းနဲ့ အခြားသိလိုရာတွေကို တစ်စုတစ်စည်းတည်း ဖတ်နိုင်မှာ ဖြစ်သလို မေးမြန်းစုံစမ်းရေးအတွက်လည်း အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။ Messenger Chatbot လိပ်စာကတော့ https://bit.ly/3aVpqJ6 ဖြစ်ပါတယ်။ -ကျော်ဇေယျ »»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast […]

Read More