Day: August 21, 2020

Lenovo Tab 4 10 Plus

တန်ဖိုး – ကန်ဒေါ်လာ ၃၁၅ (Amazon Price) အားသာချက် ဘက်ထရီသက်တမ်းကောင်း မွန်မှုက ဒီ tablet ရဲ့အားသာချက် တစ်ခုပါ။ ဒါ့အပြင် tablet ရဲ့ စွမ်းဆောင်ရည်ပိုင်းနဲ့ display ကလည်း ပေးရတဲ့ဈေးနဲ့ တန် အောင် ကောင်းမွန်တာတွေက ဒီ tablet ရဲ့ အားသာချက်တွေပါ။ အားနည်းချက် Graphic ပိုင်းကလည်းအထူး ကောင်းမွန်တာမျိုးကိုတွေ့မြင် ရမှာမဟုတ်ပါဘူး။ ဒါ့အပြင် Old version Android ကို အသုံး ပြုထားတာက ဒီ tablet ရဲ့ အား နည်းချက်ပါ။ အသေးစိတ်ဖော်ပြချက် အသုံးပြုထားတဲ့ processor ကတော့ Qualcomm Sna-pdragon 625 ဖြစ် ပါတယ်။ RAM 4GB […]

Read More

စမတ်ဖုန်းဖြင့် ဓာတ်ပုံ၊ ဗီဒီယို ရိုက်ကူးခြင်း

အရင်ခေတ်ကတော့ ဓာတ်ပုံ၊ ဗီဒီယိုရိုက်တော့မယ်ဆိုရင် သက်ဆိုင်ရာ ကင်မရာတွေ သယ်ဆောင်သွားရတဲ့ အနေအထားပါ။ နောက်ပိုင်းကျတော့ ဒီလိုမဟုတ်တော့ပါဘူး။ ကိုယ့်မှာဆက်သွယ်ရေးမ ပြတ်တောက်ဖို့ သယ်ဆောင်အသုံးပြတဲ့ စမတ်ဖုန်းနဲ့တင် ဓာတ်ပုံ၊ ဗီဒီယိုတွေ ရိုက်ကူးလာနိုင်ပါပြီ။ အရင်တစ်ခေတ်တစ်ခါက စမတ်ဖုန်းနဲ့ ဓာတ်ပုံ၊ ဗီဒီယိုရိုက်တယ်ဆိုတာကလည်း မိမိအတွက် မှတ်တမ်းလောက်ပဲ ရိုက်နိုင်တဲ့အရည်အသွေးပဲ ရှိနေသေးသလို စမတ်ဖုန်းရဲ့ ပုံထွက်၊ ရုပ်ထွက် အရည်အသွေးကလည်း ကန့်သတ်ချက်တွေ ရှိနေပြန်ပါသေးတယ်။ အခုကာလမှာတော့ စမတ်ဖုန်းရဲ့ ရုပ်ထွက်/ပုံထွက် အရည်အသွေးက အချို့သော ကန့်သတ်ချက်တွေကို မရိုက်ချိုးနိုင်ပေမယ့်လည်း အသင့်အတင့်ပါဆိုတဲ့ အဆင့်ထက် ကျော်လွန်နေပြီဖြစ်ပါတယ်။ ကဲ… ဒါဆိုရင် မိမိကိုင်ဆောင်တဲ့ စမတ်ဖုန်းတွေနဲ့ ဓာတ်ပုံ၊ ဗီဒီယိုရိုက်တော့မယ်ဆိုရင် ပုံထွက်/ ရုပ်ထွက် အရည်အသွေးတွေပိုမြင့် လာအောင်ဆောင်ရွက်ပံ့ပိုးပေးမယ့် ဆက်စပ်ပစည်းတွေက ဘာတွေလဲ။ ဗီဒီယို၊ ဓာတ်ပုံတို့ဟာ အနုပညာမြောက်စွာ၊ […]

Read More

Bing Photo of the day ကို ဘယ်လိုပိတ်မလဲ

Windows 10 မှာ default ပါဝင်လာတဲ့ Microsoft EDGE browser chromium မှာ Bing search engine က နေ့စဉ်ဖော်ပြပေးနေတဲ့ Photo of the day ဆိုတာကို ပိတ်ထားချင်သူတွေ အတွက်ဖြစ်ပါတယ်။ Bing ရဲ့ design ဟာ ၂၀၁၉ ခုနှစ်ကစပြီး သိသိသာသာ ပြောင်းလဲလာခဲ့ပါတယ်။ ရှာဖွေရေးအင်ဂျင်မှာ နောက်ခံပုံတွေကို ရွေးချယ်ပြီး သုံးစွဲသူတွေကို အမြဲ ပြသပေးနေပါတယ်။ ဒီ ဓာတ်ပုံတွေကိုကြည့်ပြီး အမြင်အာရုံ အနှောင့်အယှက်ဖြစ်နေတယ် ဒါမှမဟုတ် ငြီးငွေ့လာတယ်ဆိုရင် ဖော်ပြထားတဲ့ နည်းလမ်းနဲ့ ပိတ်ထားနိုင်ပါတယ်။ ပထမဆုံး EDGE browser ရဲ့ ညာဘက်ထောင့်အပေါ်နား လေးမှာရှိတဲ့ စက်သွားပုံစံနဲ့ settings button ကို […]

Read More

Kdenlive 20.08 ကို Ubuntu OS တွင်ထည့်သွင်းခြင်း

ဒီဇိုင်သွင်ပြင် အသစ်နဲ့ ဖြန့်ချိလိုက်တဲ့ Kdenlive 20.08 ကို Ubuntu OS မှာထည့်သွင်းနိုင်မယ့် နည်းလမ်းဖြစ်ပါတယ်။ Kdenlive ဆိုတာကတော့ Ubuntu OS မှာ ဗီဒီယိုတွေကိုတည်းဖြတ်နိုင်မယ့် Video editing software တစ်ခု ပဲဖြစ်ပါတယ်။ Ubuntu OS မှာ Kdenlive 20.08 ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထား သင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကိုအသုံးပြုပြီးဖွင့်ရပါမယ်။ […]

Read More

Pling Store (Linux)

Linux အသုံးပြုတဲ့ ကွန်ပျူတာ တွေမှာဆော့ဖ်ဝဲတွေကို ထည့်သွင်းဖို့အတွက် store တစ်ခုဖြစ်ပါတယ်။ ဆော့ဖ်ဝဲတွေအပြင် tool တွေနဲ့ wallpaper တွေကိုပါ အလွယ်တကူနဲ့ ထည့်သွင်း သုံးစွဲနိုင်ရန် စီစဉ်ပေးထားတဲ့ store တစ်ခုလည်းဖြစ်ပါတယ်။ Download ပြုလုပ်လိုသူများ ဒီနေရာကို နှိပ်ပါ။ -သီဟ စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားလိုက်နော်

Read More

Battery Monitor (Mac)

Battery Monitor ဆိုတဲ့ ဆောဖ့်ဝဲကတော့ Mac OS အ သုံးပြုထားတဲ့ ကွန်ပျူတာတွေ ဘက်ထရီအခြေအနေတွေကို စောင့်ကြည့်စစ်ဆေးပေးမယ့် ဆောဖ့်ဝဲတစ်ခုဖြစ်ပါတယ်။ ဘက်ထရီနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ဖော်ပြပေးနိုင်အောင် စီစဉ်ထားပါတယ်။ Download ပြုလုပ်လိုသူများ ဒီနေရာကို နှိပ်ပါ။ -သီဟ အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ်တဲ့ ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ်

Read More

Saka Key (Win)

Saka Key ဆိုတာကတော့ web browser တွေကို shortcut နဲ့ထိန်းချုပ်နိုင်အောင် စီစဉ်ပေးထားတဲ့ tool အမျိုးအ စားတစ်ခုဖြစ်ပါတယ်။ Click link, scroll နဲ့ zoom တို့အပြင် အခြားအရာတွေများစွာကို ထည့် သွင်းပေးထားပါတယ်။ Download ပြုလုပ်လိုသူများ ဒီနေရာကို နှိပ်ပါ။ -သီဟ အင်တာနက်ဂျာနယ်ကနေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာကနေတစ်ဆင့် Subscription လုပ်ထားလိုက်ပါ……

Read More

Android 10 မှာ default app သတ်မှတ်ပြီး ဘယ်လိုသုံးမလဲ

Android 10 မှာ default အနေနဲ့ ထည့်သွင်းပေးလိုက်တဲ့ app တွေကို လုပ်ဆောင်ချက်တူတဲ့ အခြား app နဲ့ အလွယ်တကူ အစားထိုးသတ်မှတ်ပြီး အသုံးပြုနိုင်ပါတယ်။ မိမိအနေနဲ့ ဖုန်းထဲက default အနေနဲ့ ထည့်သွင်းပေးလိုက်တဲ့ app တွေကို သုံးရတာ မရင်းနှီးဘူးဆိုရင်တော့ မိမိအသုံးပြုချင်တဲ့ App ကို default အနေနဲ့ သတ်မှတ်ပြီး အသုံးပြုနိုင်မှာဖြစ်ကာ ဖုန်းမှာ ဝယ်ကတည်းက ပါလာတဲ့ Browser app, Home app, Message app စတဲ့စနစ်တွေကို အစားထိုး အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Default app အနေနဲ့ စိတ်ကြိုက်သတ်မှတ်အသုံးပြုဖို့အတွက် Settings စနစ်ထဲကို ဝင်လိုက်ပါ။ Settings ထဲရောက်ရင်တော့ Apps & notifications […]

Read More

စက်တင်ဘာလမှာ ပျောက်ကွယ်တော့မယ့် Facebook ဝက်ဘ်ဒီဇိုင်းအဟောင်း

Facebook ရဲ့နာမည်ကျော် အပြာရောင်ဘား ပါဝင်တဲ့ ဝက်ဘ်ဆိုက် ဒီဇိုင်းအဟောင်းကတော့ စက်တင်ဘာလမှာ ပျောက်ကွယ်သွားပါမယ်။ Facebook support ဆိုတဲ့ စာမျက်နှာမှာတော့ မကြာခင် လူတိုင်းအတွက် ဒီဇိုင်းသစ်ကို ဖြန့်ချိမယ်လို့ ဖော်ပြထားပါတယ်။ ဒီဇိုင်းသစ်ရရှိသူတွေ အနေနဲ့ အခုအခါမှာတော့ ဒီဇိုင်းအဟောင်း ယာယီပြောင်းထားနိုင်ပါသေးတယ်။ Facebook ကတော့ စက်တင်ဘာကစပြီး Facebook ဝက်ဘ်ဆိုက်ဒီဇိုင်း အဟောင်း မရှိတော့ဘူးလို့ ထုတ်ပြန်ထားပါတယ်။ Facebook ဒီဇိုင်းအသစ်ကို မနှစ်က Facebook ရဲ့ developer ကွန်ဖရင့်မှာ ကြေညာခဲ့ပါတယ်။ ကနဦးမှာတော့ ဒီဇိုင်းသစ်ကို iOS နဲ့ Android အတွက် ဖြန့်ချိလိုက်ပါတယ်။ မတ်လအတွင်းမှာတော့ desktop ဒီဇိုင်းသစ်ကို ရွေးချယ်အသုံးပြုနိုင်တဲ့ ပုံစံနဲ့ ဖြန့်ချိခဲ့ပါတယ်။ Facebook ဝက်ဘ်ဆိုက် ဒီဇိုင်းသစ်က အလွန်သပ်ရပ်ပြီး […]

Read More