Day: August 19, 2020

အရောင် ၆ မျိုးနဲ့ ထွက်ရှိမယ့် ဈေးသက်သာတဲ့ Samsung Galaxy S20 Fan Edition

ဒီလအစောပိုင်းမှာတော့ Samsung Galaxy S20 Fan Edition ပုံတွေ ထွက်လာပါတယ်။ လွန်ခဲ့တဲ့ရက်အနည်းငယ်ကလည်း Samsung Galaxy S20 ရဲ့CAD သရုပ်ဖော်ပုံများစွာ ထွက်ခဲ့ပါသေးတယ်။ အဲဒီပုံတွေကိုတော့ နာမည်ကျော် Evan Blass ကဖြန့်ချိခဲ့ပြီး Galaxy S20 Fan Edition ကို အရောင် ၆ မျိုးနဲ့ ဖော်ပြထားပါတယ်။ S20 Fan Edition မှာတော့ punch hole display ပါဝင်ပြီး ရုပ်ထွက်အရည်အသွေး FullHD+ နဲ့ 120Hz refresh rate အပြင် မျက်နှာပြင်အရွယ်က ၆.၄ လက်မနဲ့ ၆.၅ လက်မတို့ ဖြစ်နိုင်ပါတယ်။ ကျောဘက်မှာ ကင်မရာကို ဒေါင်လိုက် ထည့်သွင်းထားပါတယ်။ ကင်မရာတွေက […]

Read More

Animal Crossing: New Horizons ဂိမ်းကြောင့် အမြတ်ငွေ ၅ ဆအထိ ရရှိခဲ့တဲ့ Nintendo

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ကုမ္ပဏီအများစုဟာ ဝင်ငွေထိခိုက်ခဲ့ကြပေမယ့် ဒီဂျစ်တယ် ဒါမှမဟုတ် အင်တာနက်အခြေစိုက် ကုမ္ပဏီတွေကတော့ အမြတ်ငွေများစွာ ရရှိခဲ့ပါတယ်။ နာမည်ကျော်ဂိမ်းထုတ်လုပ်သူ Nintendo ကလည်း သုံးလပတ် အမြတ်ငွေက နှစ်တိုးနှုန်းနဲ့ ၄၂၈ ရာခိုင်နှုန်း အထိ တိုးတက်လာပါတယ်။ Nintendo ဟာ ဧပြီ-ဇွန် သုံးလပတ်အတွင်း အမေရိကန်ဒေါ်လာ ၁.၄ ဘီလျံ အထိ အမြတ်ငွေ ရရှိခဲ့ကာ ခန့်မှန်းမှုတွေကို ကျော်ဖြတ်ပြပါတယ်။ Animal Crossing: New Horizons ဂိမ်းအသစ်ကြောင့် အခုလို အမြတ်ငွေရရှိခဲ့တာပါ။ Nintendo Switch ဂိမ်းစက်ရောင်းချမှု မြင့်တက်လာတာကြောင့် ဂိမ်းကိုလည်း တိုက်ရိုက်ဖြန့်ချိနိုင်တာပါ။ ဂျပန်ကုမ္ပဏီကြီးတွေဖြစ်တဲ့ Sony ကလည်း PlayStation ဂိမ်းစက်တွေကြောင့် အပြုသဘောဆောင်တဲ့ ရလဒ်တွေ ရရှိခဲ့ပါသေးတယ်။ -စိုးထက် Ref: GadgetMatch

Read More

3D printer သုံးပြီး တည်ဆောက်ခဲ့တဲ့ နှစ်ထပ်တိုက်

ဘယ်လ်ဂျီယံကုမ္ပဏီ Kamp C ဟာ 3D printer အသုံးပြုပြီး နှစ်ထပ်တိုက်တစ်လုံးကို အပြီးအစီး တည်ဆောက်ခဲ့ပါတယ်။ အိမ်အတွက် လိုအပ်တဲ့ အစိတ်အပိုင်းတွေကို BOD2 လို့အမည်ရတဲ့ ဘိလပ်မြေ printer နဲ့ထုတ်လုပ်ခဲ့ပါတယ်။ အဲဒီ printer ကို COBOD ကုမ္ပဏီက ဖန်တီးထားပါတယ်။ အိမ်တစ်လုံးကို ၁၅ ရက်အတွင်း တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ စီမံကိန်းမှာ ပါဝင်တဲ့ ကျောင်းသားတွေက ကျောင်းအချိန်နဲ့ ကိုက်ညီအောင် လပေါင်းများစွာ ဖြန့်ကြက်လုပ်ဆောင်ခဲ့ရပါတယ်။ ၂၀၁၉ ခုနှစ် နိုဝင်ဘာလမှာ အိမ်တည်ဆောက်မှု စတင်ခဲ့ပါတယ်။ အိမ်တည်ဆောက်မယ့် နေရာဆီ 3D printer ကိုပေးပို့ခဲ့ပြီး ကရိန်းနဲ့ တပ်ဆင်ခဲ့ပါတယ်။ အလုပ်သမားတွေက printer ကိုတပ်ဆင်၊ ထိန်းသိမ်းခဲ့ကြပါတယ်။ BOD2 စက်ဟာ စတင် […]

Read More

LG Gram 17

ဈေးနှုန်း – ကန်ဒေါ်လာ ၁၄၉၉ အားသာချက် အရောင်အသွေးပိုင်းစိုပြည်သလို ကြည်လင်ပြတ်သားမှုရှိတဲ့ ၁၇ လက်မ Display ၊ သိသိသာသာပေါ့ပါးမှုရှိတဲ့ အလေးချိန်၊ အသုံးဝင်လာတဲ့ port တွေထည့်သွင်းပေးထားတာနဲ့ မြန်ဆန်တဲ့ SSD ပါဝင်တာတွေက ဒီ Laptop ရဲ့ အားသာချက်ပဲဖြစ်ပါတယ်။ အားနည်းချက် ပြိုင်ဘက်မော်ဒယ်တွေနဲ့ ယှဉ်မယ်ဆိုရင်တော့ ဘက်ထရီနဲ့ အသုံးပြုနိုင်မှုက ကြာချိန်ထက် အနည်းငယ်လျော့နည်းတာနဲ့ CPU ရဲ့ စွမ်းဆောင်ရည်ပိုင်းကလည်း အနည်းငယ်နှေးတယ်လို့ ဆိုရမှာပါ။ နောက်တစ်ခုက ဒီဇိုင်းပိုင်းက သိပ်ဆွဲဆောင်မှုမရှိဘူးလို့ ခံစားရတာက ဒီ Laptop ရဲ့ အားနည်းချက်ပါ။ သုံးသပ်ချက် Gram 17 က မယုံကြည်နိုင်လောက် ပေါ့ပါးမှုရှိတဲ့ ၁၇ လက်မ Laptop တစ်လုံးဖြစ်သလို ရုပ်ထွက်ကာလာပိုင်း မြင့်မားကောင်းမွန်မှုရှိတဲ့ […]

Read More

ဘဏ်ချေးငွေလျှောက်ထားခြင်းဆိုင်ရာပြင်ဆင်မှုသင်တန်း ဖွင့်လှစ်မည်

MSME လုပ်ငန်းရှင်တွေအတွက် ဘဏ်ချေးငွေလျှောက်ထားရာမှာ လိုအပ်တဲ့ ချေးငွေလျှောက်ထား ခြင်းဆိုင်ရာ ပြင်ဆင်မှုသင်တန်း (Loan Preparation Training) ဖွင့်လှစ်ပေးသွားမယ်လို့သိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီး MSME Agency နဲ့ချေးငွေစိစစ်ရေးကော်မတီ ဥက္ကဌ၊ ရန်ကုန်တိုင်းဒေသကြီး စီးမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးရဲမင်းဦးရဲ့ လမ်းညွှန်ချက်အရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနရဲ့ ပံ့ပိုးကူညီမှုနဲ့ နေပြည်တော်ဖွံ့ဖြိုးတိုးတက်ရေးဘဏ် နှင့် MSME Association (Yangon) အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းရှင်များအသင်း (ရန်ကုန်) တို့ ပူးပေါင်းပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ MSME လုပ်ငန်းရှင်များအတွက် ဘဏ်ချေးငွေလျှောက်ထားရာမှာ လိုအပ်တဲ့ ချေးငွေလျှောက်ထားခြင်း ဆိုင်ရာ ပြင်ဆင်မှုသင်တန်း (Loan Preparation Training) ကို ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။ သင်တန်းကို သြဂုတ် ၂၂ ရက် နံနက် ၉ နာရီခွဲ […]

Read More

မြန်မာ-ယူကေ ပညာရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ် ဦးဆောင်ကော်မတီအစည်းအဝေး ကျင်းပပြုလုပ်

မြန်မာ-ယူကေ ပညာရေးပူးပေါင်းဆောင်ရွက်ရေး အစီအစဉ် (Myanmar-UK Partnership for Education) ဦးဆောင်ကော်မတီအစည်းအဝေးကို သြဂုတ် ၁၈ ရက်က နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၂၁) အစည်းအဝေးခန်းမမှာ Video Conferencing နဲ့ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အစည်းအဝေးမှာ မြန်မာ-ယူကေ ပညာရေး ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်ကို ၂၀၁၉ ခုနှစ်မှစတင်ခဲ့ရာ ၂၀၂၀ ပြည့်နှစ် မေလတွင် အောင်မြင် မှုများစွာ ရရှိခဲ့ပြီးဖြစ်ကြောင်း၊ ယခု ဒုတိယနှစ်သို့ရောက်ရှိပြီး ပညာရေးဝန်ကြီးဌာနနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ကောင်းမွန်သောရလဒ်နှင့်အနာဂတ်တို့ကို မျှော်လင့်ကြောင်း၊ TREE(Towards Results in Education and English ) စီမံကိန်းသည် ပညာရေးကောလိပ်များတွင် ယခင်က စာသင်ခန်းအတွင်း သင်ကြားသင်ယူမှုမှ ယခု online course […]

Read More

Rode NT-USB Mini USB Microphone

Streamer များ YouTuber များ Podcast ပြောတဲ့သူများနဲ့ Online Video Conference /Meeting အားလုံးအတွက် အသုံးပြုနိင်မယ့် Microphone ဖြစ်ပါတယ်။USB Microphone အမျိုးအစားဖြစ်ပြီး High-quality condenser capsule ကြောင့် ကြည်လင်ပြတ်သားတဲ့အသံ အရည်အသွေးမြင့်ကို ပေးစွမ်းနိုင်သော Microphone ဖြစ်ပါတယ်။Directional cardioid ပုံစံပြုလုပ်ထားလို့ အခန်းတွင်းနဲ့ ပတ်ဝန်းကျင်ရှိ အခြားဆူညံသံတွေကို လျှော့ချပေးနိုင်ပါတယ်။ Built-in pop filter ကလည်း ဆူညံသံတွေ နဲ့ ပဲ့တင်သံကို ဖယ်ရှားလျှော့ချပေးမှာ ဖြစ်ပါတယ်။ ၃၆၀ ဒီဂရီလှည့်နိုင်သော desktop, mic stand နဲ့ Microphone ကို သံလိုက်နဲ့ ပြုလုပ်ထားတဲ့အတွက် လွယ်ကူလျင်မြန်စွာဖြုတ်တပ်နိုင်ပြီး Mic stand နဲ့ လည်း […]

Read More

Nikon Free Basic Training @Yangon ပြုလုပ်မည်

Covid-19 ကာလအတွင်းမှာ မဖွင့်လှစ်ဖြစ်ခဲ့တဲ့ Nikon Free Basic Training ကို စက်တင်ဘာ ၅ ရက်နေ့မှာ ဖွင့်လှစ်မှာဖြစ်တဲ့အတွက် တက်ရောက်လိုသူတွေနေနဲ့ ကြိုတင် Register ပြုလုပ်နိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။ သင်တန်းကို ရန်ကုန်မြို့မှ Nikon Camera ကို စိတ်ဝင်စားသူတွေနဲ့ ဓာတ်ပုံဝါသနာရှင်တွေအတွက် Nikon Myanmar မှကြီးမှူးကျင်းပတာ ဖြစ်ပြီး Silk Road Youth International Photographic Competition Organizing Committee မှ ချီးမြှင့်တဲ့ The Light Of Silk Road “Excellence Tutor Award” ရ ဓာတ်ပုံသင်တန်း နည်းပြဆရာတစ်ဦးဖြစ်သူ Nikon School Myanmar မှ Instructor ဆရာတင်အောင်ကြီး(မန်းတက္ကသိုလ်) […]

Read More