Day: August 13, 2020

Doom ကစားနိုင်တဲ့ Playdate လက်ကိုင်ဂိမ်းစက်

အင်ဒီဂိမ်းတွေ ထုတ်လုပ်တဲ့ Panic ဟာ Playdate လို့ခေါ်တဲ့ အဝါရောင် လက်ကိုင်ဂိမ်းစက်ကို ဖန်တီးနေတာ အချိန်ကြာပါပြီ။ ဒါပေမဲ့ Panic ကတော့ Playdate ဂိမ်းစက်အတွက် အင်ဒီဂိမ်းတွေကို ဖန်တီးနေပါတယ်။ အဲဒီဂိမ်းတွေထဲက တစ်ခုကတော့ Keen Games က Nic Magnier ဖန်တီးထားတဲ့ မူလ Doom ဂိမ်း ဖြစ်ပါတယ်။ Twitter ရဲ့ tweet တွေထဲမှာ ကမ္ဘာတစ်ဝန်းက developer ၂၅၀ တွင် Playdate ထုတ်ကုန်ပိုင်ဆိုင်ထားပြီး platform အတွက် ဂိမ်းနဲ့ software တွေကို ဖန်တီးနေကြတယ်လို့ Panic က ကြေညာခဲ့ပါတယ်။ Developer တစ်ဦးဖြစ်တဲ့ Ryosuke Mihara ကလည်း ဂိမ်းစက်က လက်ကိုင်ကို […]

Read More

ဂျပန်မှာ နိုဝင်ဘာလအတွင်း Xbox X series X ကိုရောင်းချမယ်

Microsoft ဟာ နိုဝင်ဘာလအတွင်း Xbox Series X ကို အဓိက ဈေးကွက်တွေနဲ့ အပြိုင် ဂျပန်မှာလည်း ရောင်းချမယ်လို့ Microsoft က အတည်ပြုခဲ့ပါတယ်။ Microsoft က ဂျပန်ဝက်ဘ်ဆိုက် Game Watch က မေးမြန်းမှုကို ပြန်ဖြေကြားခဲ့ပါတယ်။ Microsoft က Xbox One ကို ၂၀၁၃ ခုနှစ် နိုဝင်ဘာလမှာ ဖြန့်ချိတုန်းက နိုင်ငံ ၁၃ နိုင်ငံအတွက် စတင်ရောင်းချခဲ့ပါတယ်။ ဂျပန်နဲ့ အခြားဒေသအတွက် ၂၀၁၄ စက်တင်ဘာလမှပဲ ဂိမ်းစက်ကို ရောင်းချပေးခဲ့ပါတယ်။ Xbox One ဂိမ်းစက်ဟာ ဂျပန်မှာ မအောင်မြင်ခဲ့ပါဘူး။ Media Create ဖော်ပြချက်အရ One S နဲ့ One X […]

Read More

ဖောက်ထွင်းမြင်နိုင်တဲ့ Xiaomi TV

Xiaomi ရဲ့အသစ်မိတ်ဆက်လိုက်တဲ့ OLED TV ကတော့ ထုတ်ချင်းပေါက် ဖောက်ထွင်းမြင်နိုင်တဲ့ ဒီဇိုင်းနဲ့ ဖန်တီးထားပါတယ်။ Xiaomi ရဲ့ Mi TV LUX OLED Transparent Edition ဟာ ကုမ္ပဏီ ဆယ်နှစ်ပြည့် အခမ်းအနားအဖြစ် မိတ်ဆက်လိုက်တဲ့ ထုတ်ကုန်ဖြစ်ပါတယ်။ Xiaomi TV မှာတော့ ဖောက်ထွင်းမြင် OLED နည်းပညာ (TOLED) ဆိုတာ အသုံးပြုထားပါတယ်။ TOLED မျက်နှာပြင်တွေက ဖောက်ထွင်းမြင်နိုင်တဲ့ အစိတ်အပိုင်းတွေ အသုံးပြုထားတဲ့အတွက် backlight မလိုဘဲ ရုပ်ပုံတွေက လေမှာ လွင့်မျောနေသလိုပါပဲ။ OLED မျက်နှာပြင် အများစုက အလင်းပြန် cathode အလွှာကို အသုံးပြုကြတာကြောင့် ဖောက်ထွင်းမမြင်နိုင်ပါဘူး။ Xiaomi ရဲ့ Mi TV LUX […]

Read More

COVID-19 ဆောင်းပါး မဝေမျှခင်မှာ Facebook သတိပေးမယ်

Facebook ဟာ COVID-19 သတင်းမှား ဖြန့်ချိမှုကို တိုက်ဖျက်ဖို့ ဆောင်းပါး ဒါမှမဟုတ် အခြား လင့်ခ်တစ်ခုနဲ့ ပတ်သက်တဲ့ နောက်ခံအခြေအနေ ထောက်ပံ့ပေးမယ့် သတိပေးချက် မျက်နှာပြင်သစ်တစ်ခု ပါဝင်လာပါမယ်။ ဆောင်းပါးကို ပထမဆုံးအကြိမ် ဝေမျှတာနဲ့ ရင်းမြစ်တွေကိုလည်း ပြသပေးပါမယ်။ Facebook အနေနဲ့ သတင်းကို မဝေမျှခင်မှာ အကြောင်းအရာရင်းမြစ်နဲ့ ဖြစ်ပျက်နေတဲ့ ကိစ္စတွေ နားလည်အောင် ကူညီပေးဖို့ပါ။ လူတွေက ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအာဏာပိုင်က အားထားရတဲ့ COVID-19 သတင်းတွေကို စိတ်ချစွာဖတ်ဖို့ COVID-19 သတင်းအချက်အလက်စင်တာကို ကြီးကြပ်ပေးပါမယ်။ အခု လုပ်ဆောင်ချက်ကို platform ရဲ့ ရှိပြီးသားသတိပေးချက်မှာပဲ တည်ဆောက်ထားပါတယ်။ ဒါ့အပြင် ဇွန်လကလည်း လက်ရှိသတင်းတွေကို နားလည်မှုလွဲနိုင်တဲ့ သတင်းအဟောင်းပျံ့နှံ့မှုကိုလည်း လျှော့ချထားပါတယ်။ -စိုးထက် Ref: TheVerge

Read More

Asus ZenBook UX481FL-BM077T Laptop

ဓာတ်ပုံဆရာများ၊ ပရိုဂရမ်မာများ၊ သတင်းသမားများ၊ ဂိမ်းဝါသနာရှင်များ အဆင်ပြေစေမယ့် Asus ZenBook UX481FL-BM077T Laptop ဖြစ်ပါတယ်။ Dual Screen အနေနဲ့ အသုံးပြုနိုင်မှာဖြစ်ပြီး 10th Gen core i7 processor , 1.8 GHz (8M Cache, up to 4.9GHz) CPU နဲ့ RAM ပိုင်းအတွက် SDRAM , LPDDR3 စနစ်နဲ့ 16GB အထိ ထောက်ပံ့ပေးထားပါတယ်။ GeForce MX250 with 2GB DDR5 VRAM GPU နဲ့ရရှိနိင်မှာဖြစ်ပြီး အချက်အလက်တွေ သိမ်းဆည်းဖို့အတွက် PCIEG3x4 NVME 1TB M.2 SSD ထောက်ပံ့ပေးထားပါတယ် ။ […]

Read More

BC Finance မှ ဘဏ္ဍာရေးဆိုင်ရာ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းရေး အတွက် Musoni Core Banking System ကို စတင် အသုံးပြု

မြန်မာနိုင်ငံရှိ အသေးစား‌ ငွေရေးကြေးရေးအဖွဲ့အစည်းများကြား ဦးဆောင် ရပ်တည်လျက်ရှိသော BC Finance မှ ဘဏ္ဍာ‌ရေးဆိုင်ရာ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်း‌‌ရေး အတွက် Musoni ၏ core banking system ကို စတင်အသုံးပြုခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ အစီအစဥ်ကို အကောင်အထည်ဖော်ရန် ၂၀၁၇ ခုနှစ်ကတည်းက Musoni စနစ်ရဲ့ တစ်ဦးတည်း ကိုယ်စားလှယ် အဖြစ် ဝန်ဆောင်မှုများပေးနေသော ပြည်တွင်း နည်းပညာနယ်ပယ်မှာ အသိအမှတ်ပြုမှု ရရှိထားတဲ့ ThitsaWorks က ဆောင်ရွက်ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ BCF အနေနဲ့ မြန်မာနိုင်ငံရဲ့ ပြည်နယ်နှင့်တိုင်း ၈ ခုမှာ ၂၅,၀၀၀ သော ချေးငွေယူသူတွေ ပိုင်ဆိုင်ထားပြီး စုငွေနဲ့ချေးငွေဆိုင်ရာ ဝန်ဆောင်မှု အမျိုးမျိူး ပေးလျက်ရှိကြောင်း၊ Musoni ဟာ […]

Read More

မိုဘိုင်းပိုက်ဆံအိတ် အက်ပလီကေးရှင်း Citizens ကို စတင်မိတ်ဆက်

Capital Diamond Star Group (CDSG) အဖွဲ့အစည်းရဲ့ အဖွဲ့ဝင်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Capital Connect မှ ကုန်သည်များ၊ ကိုယ်စားလှယ်ပေါင်းများစွာနဲ့ ကွန်ရက်ဆက်သွယ်ထားပြီး မြန်မာနိုင်ငံအနှံ့ ငွေပို့ငွေလွှဲခြင်း ငွေပေးချေခြင်းစတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ရန် ဒီဂျစ်တယ် မိုဘိုင်းပိုက်ဆံအိတ် အက်ပလီကေးရှင်း Citizens (MCB မှ ထောက်ပံ့ပေးထား) ကို တရားဝင်မိတ်ဆက်လိုက်ပါတယ်။ Citizens အနေနဲ့ ငွေသွင်းငွေထုတ်ပြုလုပ်ရန်အတွက် ဘဏ်သို့မသွားနိုင်သူများ၊ ဘဏ်စာရင်းမရှိသူများကို ပိုမိုသင့်တင့်တဲ့ ငွေလွှဲခနှုန်းထားနဲ့ ဝန်ဆောင်မှုပေးနိုင်ရန် လုပ်ဆောင်နေကြောင်း အချိန်မရွေး နေရာမရွေး ငွေပေးချေနိုင်တဲ့အတွက် အလုပ်များသူတွေအတွက်လည်း အချိန်ကုန်သက်သာစေကြောင်း၊ သုံးစွဲသူတွေအနေနဲ့ ဖုန်းငွေဖြည့်ခြင်းမှစ၍ လစဉ် ဘီလ်ပေးဆောင်ခြင်းများ၊ စျေးဝယ်စင်တာများတွင် QR Payment ဖြင့် ငွေရှင်းခြင်းများနဲ့ အွန်လိုင်စျေးဝယ်ခြင်းအတွက် ငွေရှင်းခြင်းမျာအးထိ Citizens app ကို […]

Read More

Adobe Premiere အွန်လိုင်းသင်တန်း ဖွင့်လှစ်မည်

ရုပ်သံ တည်းဖြတ်ခြင်းကို လေ့လာသင်ယူလိုသူများ၊ အွန်လိုင်းမားကတ်တင်း,ဆိုရှယ်မီဒီယာကို လုပ်ဆောင်နေသူများနဲ့ ဝါသနာရှင်များ တက်ရောက်နိုင်တဲ့ Adobe Premiere အွန်လိုင်း သင်တန်းကို စတင်ဖွင့်လှစ်မှာ ဖြစ်တဲ့အတွက် တက်ရောက်လိုသူတွေ အနေနဲ့ စာရင်းပေးသွင်းနိုင်ပြီ ဖြစ်တယ်လို့ သိရပါတယ်။ ကွန်ပျူတာအခြေခံ ရှိထားသူတိုင်း တက်ရောက်နိုင်မှာဖြစ်ပြီး Adobe Premiere ရဲ့ အခြေခံ Option တွေ၊ Tool တွေ အကြောင်း၊ Adjustment အသုံးပြုခြင်း၊ Photo Video ဖန်တီးခြင်း၊ Transition အသုံးပြုခြင်း၊ မှတ်တမ်းဗွီဒီယို ဖန်တီးခြင်း၊ အရောင်ချိန်ညှိခြင်း ( Color Correction)၊ Title စာသားများ ထိုးခြင်း၊ Design များကို Photoshop အသုံးပြုဖန်တီးခြင်း၊ Essential Graphic အသုံးပြုခြင်း၊ Sound Effect […]

Read More

(၂၁) ကြိမ်မြောက် ဂျပန်ဘာသာစကားပြောပြိုင်ပွဲ ၂၀၂၀ ကျင်းပမည်

(၂၁) ကြိမ်မြောက် ဂျပန်ဘာသာစကားပြောပြိုင်ပွဲ ၂၀၂၀ အတွက် လျှောက်လွှာတွေကို ဩဂုတ် ၂၀ ရက် မှ စက်တင်ဘာ ၁၁ ရက် အတွင်း လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။ ပြိုင်ပွဲအတွက် ပဏာမရွေးချယ်ခြင်းကို အောက်တိုဘာ ၄ ရက်မှာ MAJA မန္တလေးရုံးခွဲ (MABA Center အတွင်း) မှာ ကျင်းပသွားမှာ ဖြစ်ပြီး အောက်တိုဘာ ၁၀ ရက်မှာ ရန်ကုန်မြို့ရှိ MAJA ရုံးခန်းမှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။ ပါဝင်ယှဉ်ပြိုင်သူတွေဟာ အသက် ၁၆ နှစ် မှ ၃၀ နှစ် အတွင်းဖြစ်ဖို့ လိုအပ်ပြီး မြန်မာနိုင်ငံသားဖြစ်ရမှာ ဖြစ်ပါတယ်။ ဂျပန်ဘာသာသင်ကြားနေတဲ့ ဆရာ၊ ဆရာမ တွေ၊ အချိန်ပိုင်းနဲ့လုပ်အားပေးသူတွေ ယခင်ကျင်းပခဲ့ဖူးတဲ့ ဂျပန်ဘာသာစကားပြောပြိုင်ပွဲမှာ ဆုရရှိဖူးထားသူတွေ […]

Read More