Day: August 11, 2020

ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာလုပ်ငန်းရှင်အသင်းမှ တက္ကသိုလ်ဝင်ခွင့်အောင်မြင်ပြီးသူများအား ပညာသင်ထောက်ပံ့ကြေးပေးမည်

ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာလုပ်ငန်းရှင်အသင်းမှ ၂၀၁၉-၂၀၂၀ ခုနှစ်တက္ကသိုလ်ဝင်ခွင့်အောင်မြင်ပြီးသူ တွေကို ပညာသင်ထောက်ပံ့ကြေး ပေးအပ်သွားမယ်လို့ သိရပါတယ်။ ၂၀၁၉-၂၀၂၀ တက္ကသိုလ်ဝင်ခွင့်ကို ထူးချွန်စွာအောင်မြင်ထားပြီး သတင်းအချက်အလက်နည်းပညာတက္ကသိုလ် (𝐔𝐈𝐓) ၊ ရန်ကုန်နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာအင်ဂျင်နီယာနဲ့ သတင်းအချက်အလက်နည်းပညာမေဂျာ (𝐂𝐄𝐈𝐓) သို့ တက်ရောက်ခွင့်ရရှိနိုင်သော်လည်း ပညာသင်စရိတ် အခက်အခဲရှိနေတဲ့ကျောင်းသား/သူ တွေကို စီစစ်ပြီး ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာလုပ်ငန်းရှင်အသင်းမှ ပညာသင်ထောက်ပံ့ကြေးပေးအပ်သွားမှာပါ။ လျှောက်ထားလိုသူတွေ အနေနဲ့ အသေးစိတ်ကို ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်းရုံး၊ အဆောင်(၁၄)၊ (၅)လွှာ၊ အခန်း (၆၀၄)၊ MICT Park ၊ လှိုင်မြို့နယ်၊ ဖုန်း- ၀၁ ၂၃၀၅၀၃၄၊ ၀၉ ၄၂၅၀၂၂၉၇၆၊ အီးမေးလ် – 𝐨𝐟𝐟𝐢𝐜𝐞@𝐦𝐜𝐢𝐚-𝐲𝐚𝐧𝐠𝐨𝐧.𝐨𝐫𝐠.𝐦𝐦 သို့ဆက်သွယ်စုံစမ်းနိုင်ပါတယ်။ -သန္တာ

Read More

တောင်ကိုရီးယားမှာ Galaxy Note 20 နဲ့အတူ Nreal Light mixed reality မျက်မှန်ကို ရောင်းချ

တောင်ကိုရီးယားနိုင်ငံအတွင်း Samsung ဖုန်းသစ် Galaxy Note 20 နဲ့အတူ Nreal Light mixed reality မျက်မှန်ကိုလည်း တင်ပို့ရောင်းချခဲ့ပါတယ်။ LG Uplus ကတော့ မျက်မှန်တစ်ခုတည်းကိုပဲ ဝမ် ၆၉၉,၀၀၀ (၅၈၆ ဒေါ်လာ) နဲ့ ရောင်းချပါမယ်။ Galaxy Note 20 ဒါမှမဟုတ် LG Velvet ဖုန်းနဲ့ 5G data plan ပါဝင်တဲ့ bundle ကတော့ ဝမ် ၃၄၉,၅၀၀ (၂၉၅ ဒေါ်လာ) ပဲ ကျသင့်ပါမယ်။ ဩဂုတ် ၁၁ ရက်မှာ ကြိုတင်မှာယူနိုင်ပြီး headset တွေကိုတော့ ဩဂုတ် ၂၁ ရက်မှာ ရောင်းချပါမယ်။ U+ Real Glass […]

Read More

သားသမီးများအတွက် အသင့်တော်ဆုံးပညာရေးစနစ်နှင့် ရွေးချယ်မှုဆိုင်ရာ အွန်လိုင်းဆွေးနွေးပွဲ ပြုလုပ်မည်

သားသမီးများအတွက် အသင့်တော်ဆုံးပညာရေးစနစ်နဲ့ ရွေးချယ်မှုဆိုင်ရာ အွန်လိုင်းဆွေးနွေးပွဲကို သြဂုတ် ၁၅ ရက် နံနက် ၁၀ နာရီမှ ၁၂ နာရီအထိ ပြုလုပ်သွားမယ်လို့သိရပါတယ်။ ဟောပြောပွဲမှာ ဆယ်တန်းအောင်ထားတဲ့ လူငယ်တွေအတွက် ပညာရေးမှာ လမ်းရွေးမမှားစေဖို့ အနာဂတ်မှာသတိထားရမယ့် အချက်တွေ၊ မိဘဖြစ်စေချင်တာနဲ့ ကျောင်းသားလုပ်ချင်တာ ဘယ်လိုရွေးမလဲ၊ ပြည်တွင်းမှာ (၁) နှစ် (၂) နှစ်ပြင်ပြီးမှနိုင်ငံခြားမှာ ကျောင်းတက်ဖို့ အကောင်းဆုံးဘယ်လိုပြင်ဆင်မလဲ၊ ကနေဒါအစိုးရကပေးအပ်မယ့် OSSD (Canada Grade 12 Diploma)၊ ကမ္ဘာ့အဆင့် တက္ကသိုလ်ကောင်းကောင်းများဝင်ခွင့်၊ GCE A Level / IB အကြောင်းများ၊ IELTS/TOEFL/SAT/ACT ပြင်ဆင်ခြင်းအကြောင်းများ၊ ပညာသင်ဆု ၅၀ ရာခိုင်နှုန်း ရအောင်ပြင်ဆင်ခြင်းနည်းလမ်းတွေကို ရှင်းလင်းပြောကြားပေးသွားမှာ ဖြစ်ပါတယ်။ တက်ရောက်လိုသူတွေအနေနဲ့ Crown Education […]

Read More

ViewSonic LS 800HD Laser Projector

အိမ်တွင်းအဆင့်မြင့် ဖျော်ဖြေမှု၊ ဟိုတယ်ဝန်ဆောင်မှုနဲ့ စာသင်ခန်းတွေမှာ အရည်အသွေးမြင့်မြင့်နဲ့ ကြာရှည် အသုံးပြုနိုင်မယ့် ViewSonic LS 800HD Laser Projector ဖြစ်ပါတယ်။ HD resolution (1920×1080) အထိရရှိမှာဖြစ်ပြီး အလင်းရင်းမြစ်က Laser bank x 4 ဖြစ်ပါတယ်။ DLP LASER စနစ်ကို အခြေခံထားပြီး MAX BRIGHTNESS ကတော့ 5000 Lumens အထိ ရရှိမှာပါ။ COLOR DEPTH အနေနဲ့ 10-BIT (1.07 BILLION COLORS) အထိ ရရှိနိုင်လို့ အရောင်အသွေး စုံလင်စွာ ရရှိနိုင်မှာဖြစ်ပါတယ်။ မြင်ကွင်း အနေအထားက ASPECT RATIO 16:9 အနေနဲ့ ရရှိမှာပါ။5W စပီကာနှစ်လုံး ပါဝင်ပါတယ်။ […]

Read More

အူရီဒူးမြန်မာမှ “ပိုရ ပိုသုံး” အစီအစဉ်ကို မိတ်ဆက်

အူရီဒူးမြန်မာမှ Supernet Fiber သုံးစွဲသူတွေကို ၂၀ ရာခိုင်နှုန်း အပိုဆောင်းအမြန်နှုန်းနဲ့ လစဉ် မိုဘိုင်းအကျိုးခံစားခွင့်တွေ ရရှိမယ့် ပိုရပိုသုံး အစီအစဉ်ကို မိတ်ဆက်လိုက်ပါတယ်။ ပရိုမိုးရှင်း အထူးအစီအစဉ် အနေနဲ့ အင်တာနက် 40Mbps, 50Mbps, သို့ 100Mbps အမြန်နှုန်းသုံးစွဲတွေအနေနဲ့ ပိုမိုလျင်မြန်တဲ့ အင်တာနက်ကို အပိုဆောင်း အမြန်နှုန်း ၂၀% အနေနဲ့ 48Mbps (40 Mbpsနှင့်အပိုဆောင်း အမြန်နှုန်း ၂၀ ရာခိုင်နှုန်း) , 60 Mbps (50Mbpနှင့် အပိုဆောင်းအမြန်နှုန်း ၂၀ ရာခိုင်နှုန်း) နဲ့ 120Mbps (100Mbpsနှင့် အပိုဆောင်းအမြန်နှုန်း ၂၀ ရာခိုင်နှုန်း) စသည်ဖြင့်ရရှိမှာဖြစ်ပါတယ်။ အဆိုပါ ပရိုမိုးရှင်းအစီအစဉ်ကို ‌သြဂုတ်လကုန်အထိ ရရှိနိုင်မှာဖြစ်ပြီး ထပ်မံကြေညာချက်များ ရှိပါက အူရီဒူးမြန်မာဝက်ဘ်ဆိုက်တွင် […]

Read More