Day: August 9, 2020

၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အကျဥ်းထောင်မှ အောင်မြင်သူ ၁၀၈ ဦး ရှိ

၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲများကို ၂၀၂၀ ခုနှစ် သြဂုတ်လ ၉ ရက် တွင် အောင်စာရင်း ထုတ်ပြန်ခဲ့ရာ လေးဘာသာဂုဏ်ထူးရှင် ၁ ဦး၊ သုံးဘာသာဂုဏ်ထူးရှင် ၁၁ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၂၈ ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် ၃၈ ဦး၊ ရိုးရိုးအောင်မြင်သူ ၃၈ ဦး၊ စုစုပေါင်း အောင်မြင်သူ ကျား ၁၀၀ ဦး၊ မ ၈ ဦး၊ စုစုပေါင်း ပေါင်း ၁၀၈ ဦးရှိခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန၊ အကျဉ်းဦးစီးဌာန မှသိရပါတယ်။ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင်အကျဉ်းထောင် ၁၁ ခုမှ အကျဉ်းသား ၁၆၂ ဦး၊ အကျဉ်းသူ ၁၃ ဦး၊ အချုပ်သား ၂ ဦး၊ […]

Read More

၂၀၂၀ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ တွင် အောင်ချက် ရာခိုင်နှုန်း ၃၂.၀၆ ရာခိုင်နှုန်းရှိ

၂၀၂၀ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ တစ်နိုင်ငံလုံးအောင်ချက် ရာခိုင်နှုန်း ၃၂.၀၆ ရာခိုင်နှုန်းရှိတယ်လို့ ပညာရေးဝန်ကြီးဌာနမှ သိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အနေနဲ့ ၃၂.၇၉ ရာခိုင်နှုန်းနဲ့ မန္တလေးတိုင်းဒေသကြီး အနေနဲ့ ၃၇.၅၁ ရာခိုင်နှုန်းရှိပြီး ပြည်ပမှ ဖြေဆိုအောင်မြင်သူ ၃၀.၆၁ ရာခိုင်နှုန်း ရှိခဲ့တယ်လို့သိရပါတယ်။ ဒါ့အပြင် ဂုဏ်ထူးရဦးရေ အနေနဲ့ 1D ၃၇၁၅၂ ယောက် ၊ 2D ၁၂၉၅၇ ယောက် ၊ 3D ၅၆၆၂ ယောက် ၊ 4D ၂၉၇၆ ယောက် ၊ 5D ၁၈၃၁ ယောက် နဲ့ 6D ၇၉၇ ယောက် စုစုပေါင်း ၆၁၃၇၅ ဦးရေ ရှိပါတယ်။ ၂၀၂၀ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ […]

Read More