Day: August 8, 2020

Career Opportunities for YOUTH ခေါင်းစဉ်ဖြင့်ဟောပြောပွဲကျင်းပမည်

Career Opportunities for YOUTH ခေါင်းစဉ်နဲ့ Face to Face ဟောပြောပွဲကို သြဂုတ် ၉ ရက် နေ့လယ် ၂ နာရီခွဲ မှ ၄ နာရီအထိ 𝐘𝐈U – 𝐘𝐨𝐮𝐭𝐡 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 မှာကျင်းပသွားမယ်လို့ သိရပါတယ်။ 𝐘IU- 𝐘𝐨𝐮𝐭𝐡 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 မှ Founder ဆရာ ဦးဇော်လင်းကိုယ်တိုင် ဆွေးနွေးပြောကြားသွားမှာဖြစ်ပြီး ကျောင်းသူ/သားတွေအနေနဲ့ တက္ကသိုလ်တွေပိတ်ထားရပေမယ့်အောင်စာရင်းထွက်ပြီးတဲ့အခါ ဘာဆက်တက်မလဲ၊ ဘယ်လိုင်းသွားမလဲဆိုတာ ကိုယ်တိုင်လည်းစဉ်းစားရခက်နေချိန်၊ မိဘတွေအနေနဲ့လည်း ဆုံးဖြတ်ဖို့တွေဝေနေတဲ့အချိန်လေးတွေမှာ ဆုံးဖြတ်ချက်မှန်ကန်စေဖို့၊ နည်းမှန်လမ်းမှန်နဲ့ လမ်းကြောင်းပေါ်ရောက်ဖို့အတွက် ဆရာဦးဇော်လင်းကိုယ်တိုင် ဆွေးနွေးပြောကြားပေးသွားမယ့် Career Opportunities for YOUTH ဟောပြောပွဲ နဲ့ Open House ကိုစီစဉ်ကျင်းပပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။ […]

Read More

လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် စာစစ်ဌာနများမှ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို မြန်မာ့အသံမှ ထုတ်လွှင့်ကြေညာပေးမည်

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အောင်စာရင်းများကြေညာရာတွင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသောတိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ စာစစ်ဌာနများမှ အောင်မြင်ကြသူတွေ အတွက် ယခင်နှစ်များအတိုင်း သြဂုတ် ၉ ရက် နံနက် ၆ နာရီတွင် မြန်မာ့အသံ (ရေဒီယို) တိုင်းရင်းသားအစီအစဥ်များမှ စတင်ထုတ်လွှင့်ကြေညာပေးသွားမှာ ဖြစ်တယ်လို့သိရပါတယ်။ ထုတ်လွှင့်ပေးမယ့်စာစစ်ဌာနတွေကတော့ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တနင်္သာရီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးတို့ မှ စာစစ်ဌာနတွေနဲ့ ရန်ကုန်တိုင်းဒေသကြီးမှ ကိုကိုးကျွန်းစာစစ်ဌာန တွေပဲဖြစ်ပါတယ်။ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကြေညာချက်များကို မြန်မာနိုင်ငံအထက်ပိုင်းဒေသရှိ လမ်းပန်းဆက်သွယ်ရေးခက်ခဲသော တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ စာစစ်ဌာနများအတွက် လှိုင်းတို ၃၀ ဒသမ ၈၅ မီတာ (၉၇၃၀ ကီလိုဟက်ဇ်) တို့မှ လည်းကောင်း၊ […]

Read More

Xiaomi Yesoul M1 Smart spinning Bike

အပြင်ထွက် လေ့ကျင့်ခန်းလုပ်စရာမလိုသလို Gym သွားပြီး လည်းလေ့ကျင့်ခန်း လုပ်စရာမလိုတဲ့ Xiaomi Yesoul M1 Smart spinning Bike ဖြစ်ပါတယ်။ ခြေထောက်တွေကို စက်ဘီးနင်း အားကစားကဲ့သိ့် လုပ်ဆောင်နိုင်ရုံသာမက လက်မောင်းနဲ့ ပခုံးများ လေ့ကျင့်ရာမှာလည်း အသုံးချနိုင်မှာ ဖြစ်ပါတယ်။iOS နဲ့ Android OS သုံး Tablet ၊ စမတ်ဖုန်းတွေနဲ့ ချိတ်ဆက်ပြီး app ကနေတစ်ဆင့် လေ့ကျင့်ခန်းညွှန်ကြားချက်တွေကိုလည်း ကြည့်နိုင်တဲ့အတွက် Personal trainer တစ်ယောက်ခေါ်ထားသလို မှန်ကန်တဲ့ လေ့ကျင့်နည်းတွေကိုလည်းသိနိုင်မှာဖြစ်ပါတယ်။ App ကနေ ကိုယ့်ရဲ့ သွေးခုန်နှုန်း၊ အကွာအဝေး၊ ခံနိုင်ရည်၊ speed နဲ့ ကယ်လိုရီလောင်ကျွမ်းမှု ပမာဏတွေကို သိနိုင်ပါတယ်။ အရွယ်အစားက 1000x 510x 1250 mm […]

Read More