Facebook ဟာ Sony Music, Universal Music Group နဲ့ Warner Music Group အပါအဝင် ဂီတကုမ္ပဏီကြီးတွေနဲ့ ပူးပေါင်းပြီး အမေရိကန်အတွင်း ဝန်ဆောင်မှုအတွက် တရားဝင် ဂီတဗီဒီယိုတွေ ထည့်သွင်းလိုက်ပါတယ်။ အဲဒီ ဗီဒီယိုတွေကို Facebook Watch နဲ့ အဆိုတော်စာမျက်နှာ ကတစ်ဆင့် ကြည့်နိုင်ပါတယ်။ Facebook ပေါ်က အခြားဗီဒီယိုတွေလိုပဲ ဝေမျှတာ၊ react နဲ့ မှတ်ချက်ပြုနိုင်ပါတယ်။ Facebook အတွက်ကြီးမားတဲ့ အရွေ့တစ်ခု ဖြစ်ပါတယ်။ အရင်တုန်းက အမေရိကန်ဂီတကုမ္ပဏီတွေက အဆိုတော်တွေရဲ့ ဂီတဗီဒီယို အတိုလေး ဒါမှမဟုတ် အသံကိုပဲဝေမျှနိုင်ပါတယ်။ အခုလို အခြေအနေကြောင့် Facebook ဟာ YouTube လွှမ်းမိုးထားတဲ့ ဈေးကွက်ကိုဝင်ရောက်လာပါတယ်။ ဂီတဗီဒီယိုတွေဟာ Youtube ပေါ်က […]
Read MoreNetflix နဲ့ Ubisoft ရဲ့ပထမဆုံးစီမံကိန်းကတော့ Splinter Cell ဂိမ်းစီးရီးကို အန်နီမေးရှင်းစီးရီးအဖြစ် ဖန်တီးဖို့ ဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ Netflix က အပိုင်း ၁၆ ပိုင်းပါတဲ့ season ၂ခုပြသဖို့ သဘောတူညီထားတယ်လို့ Variety ကဖော်ပြခဲ့ပါတယ်။ John Wick ဇာတ်ညွှန်းရေးသားတဲ့ ဒဲရတ်ကိုစတ်က စီမံကိန်းကို ကြီးကြပ်ပါမယ်။ စီးရီးအသေးစိတ်ကိုတော့ မသိရသေးပါဘူး။ တွမ်ကလန်စီ စာအုပ်စီးရီးတွေအပေါ် အခြေပြုထားတဲ့ Splinter Cell ဂိမ်းက ရေတပ် SEAL အဖွဲ့ဝင်ဟောင်း ဆမ်ဖစ်ရှားဆိုသူက NSA အတွက် မတူညီတဲ့ mission များစွာ လုပ်ကိုင်ရတဲ့အကြောင်း ဖြစ်ပါတယ်။ -စိုးထက် Ref: TheVerge
Read MoreGoogle ဟာ Pixel ဖုန်း ၃ မျိုးစလုံးကို တရားဝင်မိတ်ဆက်သွားပါတယ်။ ပထမဆုံး မိတ်ဆက်လိုက်တဲ့ ဖုန်းကတော့ Pixel 4A ဖြစ်ပြီး ဒေါ်လာ ၃၄၉ ကျသင့်ကာ ဩဂုတ် ၂၀ မှာ စတင်ရောင်းပါမယ်။ နောက်ဖုန်းတစ်လုံးကတော့ Pixel 5 ဖြစ်ပြီး 5G ပါဝင်လာသလို ဒီနှစ်နှောင်းပိုင်း ထွက်လာပါမယ်။ Pixel 4A 5G ကတော့ ၄၉၉ ဒေါ်လာ ကျသင့်ပါမယ်။ ဒီနှစ်နှောင်းပိုင်းလည်း ထွက်လာမယ်လို့ သိရပါတယ်။ Pixel 5 နဲ့ Pixel 4A 5G ဒီနှစ်နှောင်းပိုင်းမှာ Pixel 5 ကိုဖြန့်ချိပြီး 5G ထောက်ပံ့မှုပါဝင်မယ်လို့ Google ကပြောထားပါတယ်။ Pixel 5 ဖုန်းကို […]
Read MoreSnapchat သုံးစွဲသူတွေဟာ ဗီဒီယိုတွေမှာ သီချင်းတွေကို ထည့်သွင်းနိုင်တော့ပါမယ်။ မိခင်ကုမ္ပဏီ Snap ဟာ အဲဒီလုပ်ဆောင်ချက်ထည့်သွင်းဖို့ Warner Music Group, Universal Music Publishing Group နဲ့ Merlin အပါအဝင် ဂီတကုမ္ပဏီကြီးတွေနဲ့ မူပိုင်ခွင့် သဘောတူညီချက်ယူထားပါတယ်။ Snap က feature အသစ်ကို တနင်္လာနေ့က စတင်ပြီး နယူးဇီလန်နဲ့ ဩစတြေးလျမှာ စမ်းသပ်မယ်လို့ Bloomberg ကဖော်ပြခဲ့ပါတယ်။ သူငယ်ချင်းတွေက အခုလုပ်ဆောင်ချက်ကြောင့် သီချင်းနဲ့အတူ Snap တွေကို ပို့နိုင်ပါမယ်။ သုံးစွဲသူက အယ်လ်ဘမ်ကာဗာကို မြင်နိုင်သလို သီချင်းခေါင်းစဉ်နဲ့ အဆိုတော်ကို မြင်နိုင်ပါမယ်။ ဒါ့အပြင် သီချင်းကို ဖွင့်ဖို့ Linkfire ဝက်ဘ်ဆိုက်လင့်ကို မြင်ရပါမယ်။ ဒါကြောင့် သုံးစွဲသူက Spotify, Apple […]
Read Moreအမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အနေနဲ့ Microsoft က TikTok ကိုဝယ်ယူမယ့် ကိစ္စအပေါ် ထောက်ခံချက်ပေးလိုက်ပါတယ်။ ဒေါ်နယ်ထရမ့်က အမေရိကန်မှာTikTok ကိုပိတ်ပင်မယ်လို့ ခြိမ်းခြောက်ခဲ့တာ သိပ်မကြာသေးပါဘူး။ Microsoft ဒါမှမဟုတ် အခြားကုမ္ပဏီတစ်ခုက TikTok ကိုမဝယ်ယူရင် စက်တင်ဘာ ၁၅ရက်မှာ ပိတ်မယ်လို့ တနင်္လာနေ့က အိမ်ဖြူတော်မှာ ထရမ့်ကပြောလိုက်ပါတယ်။ Microsoft အကြီးအကဲအနေနဲ့ TikTok ဝယ်ယူမှုကို ဆက်လက်ပြုလုပ်သင့်တယ်လို့ ထရမ့်က အကြံပြုခဲ့တယ်။ “လုံခြုံရေးအကြောင်းကိစ္စတွေကြောင့် တရုတ်က ထိန်းချုပ်လို့ မရပါဘူး” လို့ TikTok နဲ့ပတ်သက်ပြီး ထရမ့်ကပြောခဲ့ပါတယ်။ ထရမ့်က Microsoft ဒါမှမဟုတ် အခြားကုမ္ပဏီက ထိန်းချုပ်တာ ဒါမှမဟုတ် အမေရိကန်ကုမ္ပဏီက ဝယ်ယူလိုက်ရင်တော့ စိတ်အနှောင့်အယှက်မဖြစ်ဘူးဆိုတဲ့ သဘောပါ။ Microsoft ဟာ TikTok ကိုဝယ်ယူဖို့ မိခင်ကုမ္ပဏီ ByteDance […]
Read Moreမိမိရဲ့ စမတ်ဖုန်းနဲ့ Vlog ရိုက်တာပဲဖြစ်ဖြစ် Live လွှင့်တာပဲဖြစ်စေ(သို့) mobile ဖုန်းကိုအသုံးပြုပြီးရိုက်ကူးရေးပြုလုပ်သူများအရမ်းကိုအဆင်ပြေမယ့် All in One package ဖြစ်ပါတယ်။ Mobile သတင်းသမားတွေ အွန်လိုင်း သတင်းသမားတွေ Youtuber, vlogger, videographer တွေအတွက် အဆင်ပြေဆုံး ဖြစ်ပါတယ်။ ပေါ့ပါးပြီးကျစ်လျစ်သိပ်သည်းသောဒီဇိုင်းဖြစ်လို့မည်သည့်နေရာမဆိုသယ်ဆောင်ယူသွားဖို့လည်းအဆင်ပြေပါတယ်။ အသံ အရည်အသွေး ကောင်းမွန်စွာ ရရှိဖို့ BY-MM1 Shotgun Microphone အပါအ၀င် Clamp with Cold Shoe Mount, Smartphone Clamp, Rycote Lyre Shock Mount, Ball Head, Mini Tripod, Furry Windscreen, Extension Tube စတဲ့ ပစ္စည်း ရှစ်မျိုး ပါ၀င်မှာဖြစ်ပါတယ်။စမတ်ဖုန်းနဲ့ […]
Read MoreStrategy First Education Group မှ စီစဉ်သည့် Waso Learn Mobile Application ကို အခြေခံပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံတဝှမ်းလုံးရှိ ဆရာ၊ ဆရာမများ သင်ထောက်ကူအဖြစ်အခမဲ့သုံးစွဲနိုင်ရန်ပံ့ပိုးကူညီသွားမယ်လို့သိရပါတယ်။ အခြေခံပညာသင်ရိုးညွန်းတမ်း Grade (1) မှ Grade (11) အထိ သင်ခန်းစာများကို ဝါရင့်အတွေ့အကြုံရှိ ဆရာကြီး၊ ဆရာမကြီးများမှ သင်ကြားပို့ချထားပြီး Video သင်ခန်းစာများကို mobile application မှ အလွယ်တကူ လေ့လာနိုင်ရန်အတွက် Strategy First Education Group မှ စီစဉ်ထုတ်လုပ်တာဖြစ်ပါတယ် Waso Learn Mobile Application မှာပါဝင်တဲ့ သင်ခန်းစာများကို အခြေခံပညာသင်ရိုးညွန်းတမ်းများအတိုင်း သင်ကြားပို့ချထားတယ်လို့ သိရပါတယ်။ ကျောင်းသူ၊ ကျောင်းသားများ သင်ခန်းစာတွေကို အလွယ်တကူ […]
Read More