Day: August 2, 2020

iPhone 12 ဖြန့်ချိမယ်လို့ Apple အတည်ပြု

Apple ဟာ ဒီနှစ်နှောင်းပိုင်းအတွင်း iPhone အသစ်တွေကို မိတ်ဆက်မယ်လို့ အတည်ပြုလိုက်ပါတယ်။ “မနှစ်ကတုန်းက iPhone အသစ်တွေကို စက်တင်ဘာနှောင်းပိုင်းမှာ ကျွန်တော်တို့ စတင်ရောင်းခဲ့တယ်။ ဒီနှစ်မှာတော့ ရက်သတ္တပတ်အနည်းငယ်အတွင်း ရောင်းချနိုင်ဖို့ ကျွန်တော်တို့ မျှော်လင့်ထားတယ်” လို့ Apple ဘဏ္ဍာရေးအကြီးအကဲအရာရှိ လူကာမေစရီက ရင်းနှီးမြှုပ်နှံသူတွေနဲ့ လုပ်ခဲ့တဲ့ ဝင်ငွေစာရင်းအစည်းအဝေးမှာ ပြောလိုက်ပါတယ်။ ဒီနှစ်မှာ ထွက်ရှိမယ့် iPhone ထုတ်လုပ်မှု နောက်ကျရတဲ့ အကြောင်းအရင်းကတော့ လူမေစရီက မပြောခဲ့ပါဘူး။ iPhone ထွက်ရှိမယ့်အချိန် နှောင့်နှေးမယ်ဆိုတဲ့ ကောလာဟလတွေ ပျံ့နှံ့နေတာ အတော်ကြာပါပြီ။ Apple ဟာ iPhone အသစ်ကို အမြောက်အမြားထုတ်လုပ်ဖို့ တစ်လလောက် နှောင့်နှေးခဲ့တယ်လို့ ဒီနှစ်အစောပိုင်းမှာ The Wall Street Journal ကဖော်ပြခဲ့တယ်။ ကမ္ဘာလုံးဆိုင်ရာ 5G […]

Read More